
ဂျင်းက အစာအိမ်အတွက် အထူးကောင်းမွန်သလို တခြားကျန်းမာရေးအတွက်လည်း ဆေးတစ်လက် အနေနဲ့ အသုံးပြုလို့ ရပါတယ်။
ဒါ့အပြင် အလှအပအတွက်လည်း အသုံးဝင်ပါသေးတယ်နော်.မျက်နှာပေါ်က အမာရွတ်တွေနဲ့ အမည်းစက်တွေအတွက် ဂျင်းကိုအသုံးပြုနည်း
(၁) ဂျင်းဟာ မျက်နှာပေါ်ကအာရွတ်တွေ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါတယ်။
အမာရွတ်ရှိတဲ့နေရာမှာ ဂျင်းကို ပါးပါးလှီးပြီး ကပ်ထားပေးပါ။ ဂျင်းခြောက်သွားတဲ့ထိ ထားပါ။
တစ်နေ့ကို တစ်ကြိမ်လောက် လုပ်ပေးပါ။
လအနည်းငယ်ဆို သိသာပါလိမ့်မယ်။
နည်းလမ်း (၂)
ဂျင်းကို တောက်တောက်စဉ်း (သို့) အမှုန့်ကြိတ်ထားတဲ့ ဂျင်းကိုယူပါ။
ပြီးရင် သံပုယိုသီး (သို့) သံပုရာသီးကို အနည်းငယ် အရည်ညှစ်ပါ။ ပျားရည်ထည့်ပါ။
သေချာမွှေပြီးရင် မျက်နှာပေါ်မှာလိမ်းပေးပါ။ မိနစ် ၃၀ လောက်ထားပြီး ရေဆေးချပါ။ တစ်ပတ်ကို ၂ ခါလောက်လုပ်ပါ။
အသားအရေ ကြည်လင်ပြီး ဝက်ခြံအမာရွတ်တွေ ကင်းစင်သွားပါလိမ့်မယ်။
နည်းလမ်း (၃)
ဂျင်းမှုန့်ရယ် နွားနို့ရယ်ရောပြီး မျက်နှာပေါ်မှာ နာရီဝက်လောက် လိမ်းထားပါ။
ပြီးရင် ရေဆေးချပါ။ တစ်ပတ်ကို ၂ ခါလောက်လုပ်ပေးပါ။ အသားအရေ ချောမွတ်ပြီး ပြစ်မျိုးမှဲ့မထင် အလှပိုင်ရှင်လေး ဖြစ်လာမှာ အသေအချာပါပဲ။
Leave a Reply