ရွှေတွင်း ကြီး တူးလှည့်ပါ

လူတယောက်ဟာ တောထဲတောင်ထဲမှာ ရွှေလိုက်ရှာတယ်။ တနေ့မှာ အလွန်ကြီးမားတဲ့ ရွှေတွင်းကြီးကို တွေ့လိုက် တ ယ်။ သူလဲ ရသလောက် ရွှေတွေကို တူးတယ်။ ဒါပေမဲ့ သူ ဘယ်လောက်တူးတူး ရွှေတွင်းကြီးက ရွှေဟာ မကုန်နိုင်ဘူး။

ဒါကြောင့် သူဟာ သူ့ရွာကို ပြန်ပြီး ရွာသားတွေကို ရွှေတွင်းကြီးဆီကို ခေါ်သွားပြီး ကြိုက်သလောက် တူးယူကြလို့ ပြောလို က်တယ်။ ရွာသားတွေလဲ ပျော်ပျော်ပါးပါးကြီးနဲ့ ကြိုက်သလောက် တူးယူနေကြတယ်။ ဒါပေမဲ့ လူတယောက်ဟာ သူများေ တွ ရွှေတွေကို တူးယူနေကြတာကို ဘေးကပဲ ရပ်ကြည့်နေတယ်။ ဘာမှ မလုပ်ဘူး။ဒါနဲ့ ရွှေတွင်းတွေ့သူ “ဟေ့လူ ရွှေတွေ ဘာလို့မတူးတာလဲ”။ ရွာသား “ကျနော့်မှာ တူးစရာ ပေါက်ချွန်းမရှိလို့ပါ”။ ရွှေတွ င်းတွေ့သူ “ဒါဆိုလဲ ပေါက်ချွန်းတလက် သွားရှာလေကွာ”။ ရွာသား “လိုက်ရှာရမှာ ပျင်းလို့ပါ”တဲ့။

ပုံပြင်လေးဟာ ရီစရာလို့ ထင်ရပေမဲ့ လက်တွေ့လောကကြီးမှာလဲ နေ့စဉ်ဒီတိုင်း ဖြစ်နေတယ်လို့ ပြောလိုက်ရင် အံ့သြ သွားကြပါလိမ့်မယ်။

တချို့က စာအုပ်တွေ ဖတ်ကြတယ်။ စာအုပ်တွေက ရတဲ့ အသိဉာဏ်တွေကြောင့် အောင်မြင်သွားကြတယ်။ ကြီးပွားချမ်း သာသွားကြတယ်။ လူ့လောကကြီးကို ကောင်းကောင်းကြီး အကျိုးပြုသွားကြတယ်။ ဒီတော့ သူတို့ဟာ သူတို့ကို အကျိုး ရှိစေတာ စာဖတ်ခြင်းကြောင့်ဆိုတာကို သိလို့ လူငယ်တွေကိုလဲ သူတို့လို ကြီးပွားအောင်မြင်စေချင်လို့ စာဖတ်ကြပါလို့ တိုက်တွန်းတယ်။ လူငယ်တွေက မအားလို့၊ ပျင်းလို့ စာမဖတ်ချင်ဘူးတဲ့။

သူ့ဘဝတလျှောက်မှာ စိတ်အေးချမ်းသာစွာနေစေနိုင်မဲ့ ရွှေတွင်းကြီးကို မျက်စိရှေ့မှာ တွေ့နေပါလျက်နဲ့ ဖေ့ဘုတ်ပွတ်ေ နရလို့၊ ဂိမ်းကစားနေရလို့၊ လက်ဖက်ရည်ဆိုင်ထိုင်နေရလို့ မအားပါဘူးဆိုတဲ့ သူတွေ စဉ်းစားဖို့ပါ။

ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာသူဋ္ဌေးကြီး ဘီလ်ဂိတ်ဟာ တပါတ်ကို အနဲဆုံး စာအုပ်တအုပ်ကို ပြီးအောင် ဖတ်လေ့ရှိတယ် လို့ ဖတ်ဖူးပါတယ်။

Credit to ဗန်းမော်သိန်းဖေ

Be the first to comment

Leave a Reply

Your email address will not be published.


*