
မကြာခဏစားဖြစ်တယ် တန်ဆေးပဲ ဘယ်ဟာနေနေ အထိုက်အသင့်စားရမယ်ယူဆပါတယ်ေြ မအောက်ဥ တေကို
အာတာလွတ်ဥဟာ မြန်မာနိုင်ငံမှာဆိုရင် ဈေးလည်းသက်သာပြီး လူကြိုက်များတဲ့ သွားရေစာဖြစ်ပါတယ်။ ကလေးလူကြီးမရွေး စားသုံးနိုင်တဲ့ အာတာလွတ်ဥဟာဆိုရင် ကျန်းမာရေးအတွက် အံ့မခန်းအကျိုးကျေးဇူးတွေ ရှိပါတယ်။
ဒီစာလေးကို ဖတ်ပြီး မကြာခဏစားဖြစ်အောင် စားလိုက်ပါ
(၁) နှစ်ခြိုက်စွာ အိပ်ပျော်စေတယ် အာတာလွတ်ဥဟာ မဂ္ဂနီဆီယမ်ပါဝင်မှုမြင့်မားတာကြောင့် နှစ်ခြိုက်စွာအိပ်ပျော်စေနိုင်ပါတယ်။ အိပ်မပျော်တာ၊ နှစ်ခြိုက်စွာအိပ်မပျော်တာတွေအားလုံးကို ဖြေရှင်းပေးနိုင်ပါတယ်။
(၂) သွေးအားကို ထိန်းညှိပေးတယ် အာတာလွတ်ဥမှာ ပိုတက်စီယမ်နဲ့ ဆိုဒီယမ် ပါဝင်မှု များတာကြောင့် သွေးအားကို ထိန်းညှိပေးနိုင်ပါတယ်။ သွေးတိုးရောဂါရှိတဲ့သူတွေ မဖြစ်မနေ စားသုံးပေးသင့်တဲ့ အစားအစာတစ်ခုဖြစ်ပါတယ်
(၃) ကျောက်ကပ်အားကောင်းစေတယ် အာတာလွတ်ဥမှာ ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ကျောက်ကပ်ကို သန့်စင်ပေးပြီး ကျောက်ကပ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။
(၄) နှလုံးအားကောင်းစေတယ် အာတာလွတ်ဥထဲမှာ ပါဝင်တဲ့ folate လို့ ခေါ်တဲ့ ဓာတ်ဟာ နှလုံးရောဂါဖြစ်စေတဲ့ homocysteine ဓာတ်ကို လျှော့ချပေးပါတယ်။ မဂ္ဂနီဆီယမ်ပါဝင်မှု မြင့်မားပြီး သတ္တုဓာတ်ကြွယ်ဝတာကြောင့် သွေးလည်ပတ်မှု အားကောင်းစေပါတယ်။
(၅) ဗီတာမင်ဘီအုပ်စု ကြွယ်ဝတယ် အာတာလွတ်ဥမှာ ဗီတာမင်ဘီအုပ်စု ကြွယ်ဝစွာ ပါဝင်ပါတယ်။ ကောင်းမွန်တဲ့ ကိုလက်စထောတွေ ပါဝင်တာကြောင့် နှလုံးသွေးကြောနဲ့ ပတ်သက်တဲ့ ရောဂါတွေကို ကာကွယ်ပေးပါတယ်။ သွေးအားနည်းရောဂါအပြင်၊ မူးမော်တာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
(၆) သွေးနီဥတိုးစေတယ် Copper နဲ့ သံဓာတ်ဟာ သွေးနီဥအသစ်တွေဖြစ်ပေါ်စေဖို့ မရှိမဖြစ် လိုအပ်တဲ့ ဓာတ်တွေဖြစ်ပါတယ်။ အာတာလွတ်ဥထဲမှာ ဒီဓာတ်တွေကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးအားကောင်းစေပါတယ်။
(၇) ဉာဏ်ရည်ထက်မြက်စေတယ် အာတာလွတ်ဥထဲမှာ ပါဝင်တဲ့ သံဓာတ်ဟာ သွေးလည်ပတ်မှုအားကောင်းစေတဲ့လို့ ဦးနှောက်ထဲကို အောက်စီဂျင်လုံလောက်စွာ ရောက်ရှိစေတဲ့အတွက် ဉာဏ်ကောင်းစေပါတယ်။ သတိမေ့ရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။
Leave a Reply