သင်္ဘောသီးစားပေးခြင်းကြောင့် ကောင်းကျိုး ဘာတွေရနိုင် သလဲ

သဘောၤသီးက ခန္ဓာကိုယ်အ တွက် တကယ့်ကို ကောင်းမွန်တဲ့ အသီးတစ်မျိုးပဲ ဖြစ်ပါတယ်။ သဘောၤသီး တစ်ပတ်ကို တစ်ကြိမ်စားပေးခြင်းက ခန္ဓာကိုယ်ရဲ့ လုပ်ဆောင် နိုင်စွမ်းတွေကို တိုးမြှင့်စေပြီး အကျိုးကျေးဇူးတွေ များစွာကို ရရှိစေပါတယ်။

ဒါကြောင့် သဘောၤသီး တစ်ပတ်တစ်ကြိမ်စားပေးခြင်းက ခန္ဓာကိုယ်မှာ ဒီလိုအချက်တွေ ပြောင်းလဲလာမှာ ဖြစ်ပါတယ်။

ကိုလက်စထရောကို လျော့ကျစေတယ်

သဘောၤသီးမှာ အမျှင်ဓာတ်မြင့်မားစွာ ပါဝင်တဲ့အတွက် ကိုလက်စထရော မြှင့်တက်နေမှုကို ပြန်လည်လျော့ကျစေပါတယ်။ နောက်ပြီး antioxidant နဲ့ ဗီတာမင်တွေ များစွာပါဝင်တဲ့အတွက် နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေကို မဖြစ်ပေါ်အောင် ကာကွယ်ပေးပါတယ်။

သံကောင်နဲ့ တုပ်ကောင်တွေ ကို ဖယ်ရှားပေးတယ်

ခန္ဓာကိုယ်ထဲမှာ ဆိုးကျိုးပေးတဲ့ သံကောင်၊ တုပ်ကောင်တွေဟာ ခန္ဓာကိုယ်ကို ထိခိုက်စေရုံမက မျက်လုံးကိုပါ ထိခိုက်စေတာဖြစ်လို့ သတိထားသင့်တဲ့ အရာပါ။

သဘောၤသီးစားပေးခြင်းက ခန္ဓာကိုယ်ထဲက သံကောင်၊ တုပ်ကောင်တွေနဲ့ သူတို့ရဲ့ ဥတွေကိုပါ ဖယ်ရှားပေးပါတယ်။ နောက်ပြီး သဘောၤသီးရဲ့ အစေ့ဟာလည်း အရမ်းကို အကျိုးရှိတဲ့ အရာတစ်ခု ဖြစ်ပါတယ်။

ရောဂါခုခံနစ်ကို တိုးမြှင့်ပေးတယ်

သဘောၤသီးမှာ vitamin A, C and E တို့ ပါဝင်တဲ့အတွက် ဒါက ရောဂါခုခံစနစ်အတွက် သဘာဝအတိုင်း အဟာရဖြစ်စေတဲ့ အရာတွေပဲ ဖြစ်ပါတယ်။

သဘောၤသီးစားပေးခြင်းကြောင့် ခန္ဓာကိုယ်ကို နေထိုင်ရ ကောင်းမွန်စေသလို ရောဂါခုခံစနစ်တိုးမြှင့်လာစေလို့ အလွယ်တကူ ရောဂါပိုးတွေ မဝင်ရောက် နိုင်ပါဘူး။

အိုမင်းရင့်ရော်မှုကို နှေးကွေးစေတယ်

သဘောၤသီး ပုံမှန်စားပေးခြင်းက အရွယ်တင်နုပျိုပြီး အိုမင်းရင့်ရော်မှုကို တားဆီးပေးပါတယ်။ သူ့မှာပါဝင်တဲ့ vitamin C, E, antioxidant တွေက အရေးအကြောင်း ဖြစ်ပေါ်တာ၊

နေလောင်တာနဲ့ အသားအရွယ်အိုမင်းမှုကြောင့် ဖြစ်ပေါ်တဲ့ အရေပြား ပြသနာတွေကို မဖြစ်ပေါ်အောင် တားဆီးပေးပါတယ်။

စိတ်ဖိစီးမှု လျော့ကျစေတယ်

သဘောၤ သီးမှာ ပါဝင်တဲ့ vitamin C ဟာ စိတ်ဖိစီးမှုကို တိုက်ဖျက်ပေးတိုက်ဖျက်ပေးပြီး Alabama တက္ကသိုလ်ရဲ့ လေ့လာချက်အရ စိတ်ဖိစီးမှု ဟော်မုန်းတွေကို တိုက်ဖျက်ပြီး ပုံမှန်အတိုင်း ဖြစ်စေပါတယ်။

Crd Khin

Be the first to comment

Leave a Reply

Your email address will not be published.


*