ကိုရီးယားမလေးတွေလို တောက်ပတဲ့ အသားအရေပိုင်ဆိုင်ဖို့အတွက် အမြဲတမ်းလိုက်နာသင့်တဲ့ အလှအပရေးရာစည်းကမ်းချက်များ

ပျိုမေတိုင်းရဲ့ စိတ်ကူးအိမ်မက်ထဲက အသားအရေ ဖြစ်တဲ့ ကြည်လင်ဝင်းပတဲ့ အသားအရေပိုင်ဆိုင်နိုင်ဖို့ တစ်နည်းအားဖြင့် မိတ်ကပ်အကူမပါဘဲ သဘာဝအတိုင်းအသားအရေစိုပြည်ကောင်းမွန်နေစေဖို့ နေ့စဉ် ပုံမှန် ပြုလုပ်ပေးသင့်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

နံပါတ်(၁) ဘယ်လိုအခြေအနေမျိုးမှာမဆို အစိုဓာတ်ပြည့်ဝအောင်နေပါ

အသားအရေကောင်းမွန်စေဖို့အတွက် ရေများများသောက်ပါ ဆိုတဲ့ စကားကို ပျိုမေတို့ အမြဲတမ်း ကြားဖူးကြမှာပါ ။ ဟုတ်ပါတယ် ။ ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ဆိုရင် ခန္ဓာကိုယ် အတွင်းရော အပြင်မှာပါ အစိုဓာတ်ပြည့်ဝနေဖို့လိုအပ်ပါတယ် ။ မျက်နှာကို အစိုဓာတ်ဖြည့်ခရင်မ်တွေ လိမ်းပေးပြီး ရေများများသောက်ပေးမယ်ဆိုရင်တော့ ခန္ဓာကိုယ်အတွက်လုံလောက်တဲ့အစိုဓာတ်ကိုရရှိစေမှာပါ။ ဒါကြောင့် နေ့စဉ်ရေကို နှစ်လီတာအနည်းဆုံးပြည့်အောင်သောက်ပေးပါ။ တစ်ခါတလေမှာရေသောက်ဖို့မေ့ နေတာမျိုးတွေလည်းရှိမှာပါ။ ဒါပေမဲ့ကိုယ့်အသားအရေကျန်းမာလှပဖို့ ဆိုတာကို သတိပြုပြီးအတတ်နိုင်ဆုံးရေနှစ်လီတာ ပြည့်အောင်သောက်ပေးပါ။ တကယ်သိသာ တဲ့ရလဒ်ကိုခံစားရစေမှာပါ။

နံပါတ်(၂) မိမိအသားအရေအမျိုးအစားကိုသေချာလေ့လာပါ

ဘယ်လိုအသားအရေအမျိုးအစားမဆို ကြည်လင်တောက်ပတဲ့ အသားအရေရအောင်လုပ်နိုင်ပါတယ်။ ဆိုလိုတာက အသားဖြူသူဖြစ်စေ၊ ညိုသူဖြစ်စေအရေပြားအတွင်းပိုင်းအထိကျန်းမာပြီး စိုပြည့်တဲ့အသားအရေရရှိအောင် ထိန်းသိမ်းလို့ရပါတယ်။ ဒါကြောင့် မိမိအသားအရေက ဘယ်လိုပုံစံမျိုးလဲ နောက်ပြီး ခြောက်သွေ့လွန်းတဲ့အသားအရေလား၊ အဆီပြန်လွန်းတဲ့အသားအရေလားဆိုတာ သေချာလေ့လာသိရှိထားဖို့လိုပါတယ်။ အဓိကကတော့ ကိုယ်နဲ့လိုက်ဖက်တဲ့အသားအရေထိန်း သိမ်းနည်းကိုမှန်ကန်စွာအသုံးပြုနိုင်ဖို့အရေးကြီးပါတယ်။

နံပါတ်(၃) နေလောင်ကာခရင်မ်ကိုမဖြစ်မနေလိမ်းပါ
အသားအရေထိန်းသိမ်းတဲ့သူတွေမဖြစ်မနေလုပ်ရမယ့်အရာကတော့ နေရောင်ခြည်ဒဏ်ကို တိုက်ရိုက်ထိတွေ့မှုကနေရှောင်ကြဉ်ရမှာပဲဖြစ်ပါတယ်။ ဒါကြောင့်နေလောင်ကာခရင်မ်ကို ဘယ်လိုရာသီဥတုမျိုးမှာမဆိုမပျက်မကွက်လိမ်းပေးဖို့လိုပါတယ်။
ဥပမာ မိုးရာသီဖြစ်လို့ နေ‌လောင်ကာခရမ် လိမ်းစရာမလိုဘူးဆိုတာမျိုးမယူဆသင့်ပါဘူး။
သိပ်အားမပြင်းတဲ့နေရောင်ခြည်ထဲမှာတောင် ခရမ်းလွန်ရောင်ခြည်ပါဝင်မှုကများပြားတဲ့အတွက် နေလောင်ကာခရင်မ်ကိုမမေ့မလျော့လိမ်းသင့်ပါတယ်။ ဒီလိုလိမ်းပေးခြင်းအားဖြင့် နေရောင်ခြည်ကြောင့်ဖြစ်တဲ့ တင်းတိပ် မှဲ့ခြောက်နဲ့ အသားအရေခြောက်သွေ့ ကြမ်းတမ်းခြင်းတို့ကိုကြိုတင်ကာကွယ်နိုင်မှာပါ။ အဲဒီလိုမဟုတ်ဘဲ တင်းတိပ်နှင့် မှဲ့ခြောက်တွေ ရှိနေမယ်ဆိုရင် ကြည်လင်တောက်ပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာမဟုတ်တော့ပါဘူး။

နံပါတ်(၄) Face Maks ပုံမှန်ကပ်ပေးပါ
ကြည်လင်တောက်ပတဲ့ အသားအရေရဖို့ဆိုတာ အသားအရေကိုသေချာစနစ်တကျထိန်းသိမ်း စောင့်ရှောက်ပေးမှရမှာပါ။ ဒါကြောင့်အသားအရေစိုပြည်ဝင်းပစေတဲ့ နည်းလမ်းတွေထဲက တစ်မျိုးဖြစ်တဲ့ Face Mask ကပ်တာကိုလည်း ညစဉ်ပုံမှန်လုပ်ပေးဖို့လိုအပ်ပါတယ်။ လွယ်ကူရိုးရှင်းပြီး ချက်ချင်းလည်းအာနိသင်ကိုတွေ့ရတာကြောင့် ဖေ့စ်မက်ကိုလည်းပုံမှန်လေးကပ်ပေးဖို့မမေ့ပါနဲ့နော်။

နံပါတ်(၅) အိပ်ရေးဝဝအိပ်ပါ
နောက်ဆုံးအရေးအကြီးဆုံးအချက်ကတော့ အိပ်ရေးဝဝအိပ်ဖို့ပဲဖြစ်ပါတယ်။ အိပ်ရေးဝဝ အိပ်တာက ပျိုမေတို့ရဲ့ အသားအရေကိုအတွင်းရောအပြင်ပါ ကျန်းမာနုပျိုစေပါ တယ်။ညဘက်အိပ်ချိန်တွေမှာ အရေပြားအတွင်းပိုင်းက ဆဲလ်တွေကြီးထွားဖွံ့ဖြိုးတဲ့အတွက် ဒီအခွင့်အရေးကိုလည်းလက်လွှတ်မခံသင့်ပါဘူး။ ညဘက်အိပ်ရေးဝဝအိပ်ရုံနဲ့ အသားအရေကို ၅၀ရာခိုင်နှုန်းခန့်ထိန်းသိမ်းပြီးသားဖြစ်စေလို့ ညဘက်တွေမှာ အိပ်ချိန် ခြောက်နာရီအနည်းဆုံး ထားပြီးအိပ်ပေးသင့်ပါတယ်။ ဒါဆိုရင်တော့ အသားအရေစိုပြည်ကြည်လင်စေတဲ့ ကော်လာဂျင်လိုပြင်ပဖြည့်စွက်စာတွေကို တကူးတကအားကိုးစရာမလိုတော့ပါဘူး။

အခုပြောပြပေးခဲ့တဲ့နည်းလမ်းတွေက အချိန်တိုတွင်းသိသာတဲ့ရလဒ်ကောင်းတွေဖြစ်စေတာမို့လို့ ပျိုမေတို့လည်းအခုအချိန်ကစပြီး အသားအရေထိန်းသိမ်းကြတော့နော်…

Be the first to comment

Leave a Reply

Your email address will not be published.


*