ဒီနေ့ကြုံတွေ့ရမယ့် သင့်ရဲ့အချစ်ဗေဒင် (ရာသီခွင်အလိုက်)

လူတိုင်းမှာ ကိုယ့်ရဲ့မွေးရာသီခွင်အလိုက် မတူညီတဲ့ ကံကြမ္မာတွေ၊ မတူညီတဲ့ ကံတွေရှိနေပါတယ်။ အခုဖော်ပြပေးမှာကတော့ ရာသီခွင်အလိုက် ဒီတစ်နေ့အတွက် ကြုံတွေ့ရမယ့် သင့်ရဲ့အချစ်ရေးဗေဒင်လေးပဲဖြစ်ပါတယ်။ ကြည့်လိုက်ပါဦးနော်။

(1) Aries (March 20 – April 20)
ဒီနေ့ကတော့ သင်ဟာ အချစ်ရေးမှာ ပြန်လည်ပြင်ဆင်ရမယ့် အရာလေးတွေကို ပြင်ဆင်ရမယ့်နေ့ဖြစ်ပါတယ်။ ဒီနေ့အဖို့သင့်ရဲ့အချစ်ရေးကို အကောင်းဆုံးအကြံတွေပေးနိုင်မယ့်သူတစ်ယောက်နဲ့ တွေ့ရမှာဖြစ်ပါတယ်။

(2) Taurus (April 21 – May 20)
ဒီနေ့တော့သင့်အချစ်ရေးမှာ အဆင်မပြေတာလေးတွေရှိနေပါလိမ့်မယ်။ သင့်ချစ်သူနဲ့သင့်ကြားမှာ ငြင်းခုန်စရာ၊ စိတ်သဘောထားချင်း မတိုက်ဆိုင်တာတွေဖြစ်နေပါလိမ့်မယ်။ အလျင်စလိုမဆုံးဖြတ်ပါနဲ့။ အချိန်ယူပြီး စိတ်ငြိမ်အောင်အရင်လုပ်ပါ။

(3) Gemini (May 21 – June 20)
ဒီနေ့ကတော့ သင့်ရဲ့အချစ်ရေးဟာ ကောင်းမွန်နေပါတယ်။ သင့်ရဲ့ခြေလှမ်းတွေဆက်မတိုးခင် တစ်ဖက်သားရဲ့ အခြေအနေကို အရင်အကဲခတ်တတ်ဖို့တော့လိုပါတယ်။ နောက်ပြီး ပွင့်လင်းဖို့အရေးကြီးပါတယ်။

(4) Cancer (June 21 – July 21)
ဒီနေ့ကတော့ သင့်ရဲ့အချစ်ရေးမှာ ကတောက်ကဆလေးတွေရှိနေပါမယ်။ ဒါကြောင့်သင့်ရဲ့ဆန္ဒတွေ၊ ဖြစ်စေချင်တဲ့အရာတွေကို သင့်ချစ်သူနဲ့ သေသေချာချာဆွေးနွေးဖို့လိုပါတယ်။

(5) Leo (July 22 – August 22)
ဒီနေ့ကတော့ သင်နဲ့သင့်ချစ်သူကြားက ကတောက်ကဆ ပြသနာလေးတွေအားလုံးငြိမ်းအေးသွားမယ့် နေ့လေးဖြစ်ပါတယ်။ သင့်ဖက်က သင့်ချစ်သူကို မေတ္တာပြတဲ့ အပြုအမူ၊ လက်ဆောင်လေးတွေတော့ ပေးဖို့မမေ့ပါနဲ့။

(6) Virgo (August 23 – September 22)
သင့်ချစ်သူနဲ့သင်နဲ့ကြားမှာ နားလည်မှုတွေ၊ ပျော်ရွှင်မှုတွေတိုးလာစေချင်ရင်တော့ သင့်ရဲ့ ပွစိပွစိပြောတတ်တဲ့ အကျင့်ကိုပြင်လိုက်ပါ။ သင့်ချစ်သူပြောချင်တဲ့စကားတွေကို များများနားထောင်ပေးဖို့လေ့ကျင့်ပေးပါ။ ဒါဆိုရင်တော့ သင်တို့နှစ်ယောက်ကြားက ပြသနာတွေ တော်တော်များများငြိမ်းအေးသွားတာကို တွေ့ရမှာပါ။

(7) Libra (September 23 – October 22)
ဒီနေ့ကတော့ သင့်ဘဝထဲကို လက်တွဲဖော်အသစ်ဝင်လာမယ့် နေ့လေးဖြစ်ပါတယ်။ သင့်ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး သင့်အချစ်ဆုံးသူငယ်ချင်းတွေဆီက အကြံဉာဏ်ယူပါနော်။

(8) Scorpio (October 23 – November 21)
သင့်သူငယ်ချင်းတွေထဲက သင့်ချစ်သူနဲ့သင်နဲ့ကိုသွေးခွဲချင်တဲ့သူတွေရှိလို့ သတိထားရပါမယ်။ သင့်ချစ်သူနဲ့သင်နဲ့ကြားမှာ သူငယ်ချင်းတွေ၊ကြားလူတွေအဝင်မခံပါနဲ့။

(9) Sagittarius (November 22 – December 20)
ဒီနေ့ကတော့ အချစ်ရေးနဲ့ပတ်သက်လို့ နောင်တရစရာတွေ တွေ့ကြုံရမှာပါ။ သင်လူရွေးမှားနေတာကို ဒီနေ့မှာ သေချာသိသွားမှာဖြစ်ပြီး လက်တွဲဖော်ရွေးချယ်တဲ့အခါ ရုပ်ရည်တစ်ခုတည်းမဟုတ်ပဲ နှလုံးသား၊ စာရိတ္တကိုလည်း ကြည့်ရမယ်ဆိုတာ သိထားပါ။
(10) Capricorn (December 21 – January 19)
ဒီနေ့ကတော့တစ်စုံတစ်ယောက်က သင့်ကို လုံးဝ ဦးညွတ်ပြီးဆက်ဆံမယ့်နေ့ဖြစ်ပါတယ်။ ဒါပေမယ့် သင့်ကိုရိုကျိုးပြီး အောက်ကျို့ချစ်တဲ့သူရဲ့ အချစ်မျိုးဟာ ရေရှည်ခံပါ့မလား၊ တကယ်ကောင်းတဲ့ လုပ်ရပ်လားဆိုတာ စဉ်းစားကြည့်လိုက်ပေါ့။

(11) Aquarius (January 20 – February 18)
ဒီနေ့ကတော့ သင်ဟာ အချစ်ရေးမှာ ကြည်နူးရမယ့်နေ့လေးပါ။ သင့်နှလုံးသားရဲ့ ဆန္ဒကိုလိုက်လျောပါ၊ သင်ချစ်တဲ့သူနဲ့ နီးစပ်နိုင်စေမယ့် အရာမှန်သမျှကိုလုပ်လိုက်ပါ။ သင့်အတွက် အရာအားလုံးကောင်းနေတဲ့နေ့လေးဖြစ်နေလို့ပါ။

(12) Pisces (February 19 – March 19)
ဒီနေ့သင်ဟာ အနည်းငယ်စိတ်ရှည်ဖို့လိုပါတယ်။ သင်ဟာ ဒီနေ့မှာ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်နေပါလိမ့်မယ်။ သင်နဲ့သင့်ချစ်သူနဲ့ကြားက မပြေလည်တာလေးတွေကို သေသေချာချာညှိပါ။

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*