သင်လုံးဝသိမှာမဟုတ်သေးတဲ့ သင့်ခန္ဓာကိုယ်ရဲ့ အံ့သြဖွယ်လုပ်ဆောင်နိုင်ချက်များ

အိပ်နေစဉ်တောင် ဦးနှော်က်အနားမပေးဘဲ အလုပ်လုပ်နေရတာတို့၊ အစာချေဖို့ (၄) နာရီကြာတယ်တို့ဆိုတာတွေကိုတော့ လူတိုင်းသိထားကြတာဖြစ်ပေမယ့် အခုဖော်ပြပေးမယ့်အကြောင်းအတွေကတော့ တော်ရုံလူသိပ်မသိသေးတဲ့ အချက်အလက်တွေဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ဘယ်လိုမျိုးဆန်းကြယ်တဲ့ လုပ်ဆောင်ချက်တွေကို လုပ်နိုင်သလဲဆိုတာကိုသိဖို့ ဆက်လက်ဖတ်ရှုလိုက်ကြပါဦး။

အစာအိမ်ထဲက အက်ဆစ်တွေဟာ ဘရိတ်ဓားတစ်ခုကိုလွယ်ကူစွာ အရည်ဖျော်ပစ်နိုင်ပါတယ်။

အစာအိမ်၊ အသည်း ၇၅%၊ ကျောက်ကပ်တစ်ဖက်၊ အူ ၈၀%၊ သရက်ရွယ်တစ်ခုနဲ့ ပေါင်ခြံအနီးတစ်ဝိုက်မှာရှိတဲ့ organ တွေဘာမှမရှိဘဲနဲ့လည်း အသက်ရှင်နိုင်ပါသေးတယ်။

အပေါ်ယံဆဲလ်သေတွေဟာ (၂) ပတ်တစ်ခါ၊ (၄) ပတ်တစ်ခါလဲတတ်ပါတယ်။ တစ်နှ်စ်အတွင်းမှာ ဆဲလ်သေပေါင်း (ဝ.၇) ကီလိုဂရမ်လောက် ထွက်တတ်ပါတယ်။

သာမန်လူတစ်ယောက်ရဲ့အရိုးတစ်ချောင်းဟာ လူပေါင်း (၁၆,၀၀၀) လောက်ရဲ့ အလေးချိန်ကို ခံနိုင်ရည်ရှိပါတယ်။

Caucasian ဆိုတဲ့ မျိုးနွယ်တစ်ခုရဲ့ ၁၀% မှ ၁၅% သောလူတွေဟာ အသက်အရွယ်ရလာတာနဲ့အမျှ မျက်လုံးအရောင်လိုက်ပြောင်းတတ်ကြပါတယ်။ အညိုမှ အစိမ်းသို့ပြောင်းသွားခဲ့ရင်တော့ အန္တရာယ်ရှိတဲ့အတွက် အမြန်ဆုံးဆေးရုံသွားသင့်ပါတယ်။


အဆုတ်ရဲ့မျက်နှာပြင်ဧရိယာဟာ တင်းနစ် court လောက်နီးနီးရှိပါတယ်။

သာမန်လူတစ်ယောက်ရဲ့ ဆံပင်ဟာ ဆင်နှစ်ကောင်ကိုကောင်းကောင်းချီမနိုင်ပါတယ်။

အစာမစားဘဲနေတာထက် မအိပ်ဘဲနေတာဟာ လူတစ်ယောက်ရဲ့ခံနိုင်ရည်စွမ်းအားကို ပိုယုတ်လျော့သွားစေပါတယ်။ အစာမစားဘဲ (၃) ပတ်လောက်နေနိုင်သော်လည်း မအိပ်ဘဲ (၁၁) ရက်လောက်နေလိုက်ရုံနဲ့ ခန္ဓာကိုယ်ရဲ့လုပ်ဆောင်ချက်တွေဟာ တဖြည်းဖြည်းရပ်တန့်သွားပါလိမ့်မယ်။

လက်သန်းတစ်ချောင်းမရှိရုံနဲ့ လက်ရဲ့သန်မာမှုဟာ ထက်ဝက်တိတိလျော့ကျသွားမှာပါ။


ကိုယ်ခန္ဓာရဲ့အသန်မာဆုံးကြွက်သားကတော့ masseter လို့ခေါ်တဲ့ မေးရိုးကြွက်သားပဲဖြစ်ပါတယ်။

အသေးငယ်ဆုံးအူအပိုင်းကတောင် လူ(၄)ယောက်အရပ်လောက်ရှိတယ်ဆိုတော့ လူ့ခန္ဓာကိုယ်ထဲ ဘယ်လိုများခွေခေါက်နေလဲမသိဘူးနော်။
ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ သွေးကြောတွေဟာ မိုင် (၆) သောင်းလောက်ရှိတယ်တဲ့။


လက်ကိုလိမ်နိုင်ခြင်းနဲ့ ငယ်ငယ်တုန်းကဆော့သလိုလျှာကိုလိမ်နိုင်တဲ့လူတွေဟာ မရှိသလောက်ရှားပါတယ်တဲ့။

ကျန်းမာသန်စွမ်းတဲ့လူတစ်ယောက်ဟာ တစ်နေ့ကို ချွေးချည်းပဲ (၄) ဂါလံထုတ်တတ်ပါတယ်။

ရေဂါလံတစ်ဂါလံကို ဆူပွက်ဖို့လုံလောက်တဲ့ အပူပမာဏကို ခန္ဓာကိုယ်မှ မနစ်သုံးဆယ်အတွင်း ထုတ်ပေးနိုင်ပါတယ်။

တစ်သက်တာမှာ ထွက်လာတဲ့ တံတွေးပမာဏဟာ ရေကူးကန် (၂) ကန်စာလောက်တောင် ရှိပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*