လျှာအရောင်ကိုကြည့်ပြီး အတွင်းကလီစာတွေမှာ ဘာပြဿနာရှိနေလဲစစ်ဆေးကြည့်ရအောင်

လူ့ခန္ဓာကိုယ်က ရောဂါဘယတွေအစပြုလာရင် လက္ခဏာအမျိုးမျိုးပြတတ်ပါတယ်။ ဒီတစ်ခေါက်တော့ သင့်လျှာပေါ်မှာ ဖြစ်လာတဲ့ အရောင်တွေကိုကြည့်ပြီး ခန္ဓာကိုယ်အတွင်းက ဘယ်ကလီစာတွေမှာပြဿနာတွေဖြစ်နေလဲဆိုတာ စစ်ဆေးကြည့်လိုက်ပါနော်။

(၁) လျှာကပန်းရောင်ဖြစ်နေရင် ကလီစာတွေမှာ ဘာပြဿနာမှမရှိပါဘူး။ ပုံမှန်အခြေအနေမှာ လည်ပတ်နေတယ်ဆိုတဲ့သဘောပါ။

(၂) အနီရောင်ဖြစ်နေရင် အတွင်းကလီစာမှာ ပိုးဝင်တာ၊ ရောင်ရမ်းတာတစ်ခုခုကြောင့်ဖြစ်နိုင်ပါတယ်။

(၃) အနီရောင်တောက်တောက်ဖြစ်နေရင် သွေးနဲ့ပတ်သက်တဲ့ရောဂါ၊ နှလုံးသွေးကြောရောဂါတစ်ခုခုကြောင့်ဖြစ်နိုင်ပါတယ်။

(၄) အဝါရောင်အကွက်ဖြစ်နေရင် အသည်း ဒါမှမဟုတ် အစာအိမ်မှာ ပြဿနာတစ်ခုခုရှိနေတာပါ။

(၅) ခရမ်းရောင်သမ်းနေရင် နှလုံး ဒါမှမဟုတ် အဆုတ်မှာ ပြဿနာရှိနေတာကြောင့်ပါ။

(၆) အပြာရောင်သမ်းနေရင်တော့ ကျောက်ကပ်မကောင်းလို့ပါ။

(၇) အရောင်ဖျော့တော့လွန်းနေရင် ဗီတာမင်တွေချို့တဲ့နေတာကြောင့်ပါ။ ဗီတာမင်အားဖြည့်ဆေးတွေသောက်တာမျိုး၊ ဗီတာမင်ကြွယ်ဝတဲ့အစားအစာတွေစားတာမျိုးလုပ်ပေးရမှာပါ။

(၈) အဖြူရောင်ဖြစ်နေရင်တော့ ရေဓာတ်ချို့တဲ့နေတာ၊ တုပ်ကွေးရောဂါ ၊ မှိုရောဂါ တစ်ခုခုကြောင့်ဖြစ်နိုင်ပါတယ်။

(၉) မီးခိုးရောင်ဆိုရင်တော့ အစာခြေလမ်းကြောင်းမှာ ပြဿနာရှိနေတာပါ။

ဒီလို လျှာကိုကြည့်ပြီး ကျန်းမာရေးအတွက် အကြမ်းဖျင်းခန့်မှန်းလို့ ရပေမယ့် ကိုယ့်သဘောနဲ့ကိုယ် ဆေးသောက်တာ၊ မကျွမ်းကျင်တဲ့သူတွေနဲ့ ကုသတာတွေတော့မလုပ်သင့်ပါဘူး။ ကျန်းမာရေးနဲ့ပတ်သက်လို့ တစ်ခုခုသံသယဖြစ်လာရင် အနေအထိုင်ဆင်ခြင်ပြီး ဆရာဝန်နဲ့သေချာစစ်ဆေးကုသရမှာပါနော်။

Be the first to comment

Leave a Reply

Your email address will not be published.


*