အဆိပ်အားလုံး ကို ဖြေနိုင် တဲ့ အံ့ဖွယ် ဆေးပင် အစွမ်းထက်ပုံ

ယခုလို မိုးတွင်းကာလမှာ မိုးလေး နည်းနည်းသည်းတာနဲ့ မြွေဆိုးတွေ၊ ကင်းတွေ ထွက်တတ်ပါတယ်။ အဲ့လို ထွက်တဲ့ အကောင်တွေနဲ့ မတော်တဆ အကိုက်ခံရမယ်ဆိုရင် သိရှိစေဖို့ ဗဟုသုတအဖြစ်ဖော်ပြပါသည်။မြွေဟောက်ကိုက် လို့ကတော့ မြွေဟောက် သာမက ကင်းမီးကောက် ကိုက် တာပါ ပျောက်တဲ့ မြွေဆိပ် ပြေရွက် လိုအပ်သူများ ရှယ်နိုင်၏။ ပြန်လည်မျှဝေ ပါသည်။မြွေဆိုး အပါအဝင် အဆိပ်ပြေသည့် မြွေဟောက်ပင် မြွေဆိုးများ အကိုက်ခံ ရပါက မိနစ်ပိုင်းအတွင်း အဆိပ်ပြေစေသည့် အရွက်။ အခေါက်။ အသီးများ အဆင်သင့်ရှိထားရန်လိုပေမည်။

ဆေးနည်း တွေ သိထား ရုံဖြင့် မဖြစ်ပါ။ မြောက်ဒဂုံတွင် မြွေပွေး မတွေ့ရသော်လည်း မြွေဟောက် တွေရှိနေရာ လူကဦးနေ သဖြင့် ပြသနာ မရှိသေး။ ဒါကြောင့် စိုက်လို့ရသော အဆိပ် အားလုံးပြေစေသည်ဆိုသည့် နင်္ဂါးနိုင်ရာဇာပင် ကို စုံစမ်းရာ ရလာသည်ကတော့ မြွေဟောက်ပင်။မြွေဟောက်ပင် သည်နွယ်ပင်မျိုး မဟုတ်။ မတ်ထောင်နိုင်သော အပင်လည်းမဟုတ်။ ပေါက်ခါ စတွင် နှစ်ပေခန့် မတ်ထောင် နေပြီး အပင်ငိုက်ကျသွားကာ မြေနှင့်ထိသောအဆစ်

မှ အမြစ် ထွက်။ အတက်ထွက်လာပြီး အပင်ပွါးနေသည့် အပင်မျိုး ဖြစ်၍ ကြာလာတော့ အုံကြီးချုံ ကြီးဖြစ်လာသည်။အရွက်သည် ခံတက်ရွက် ထက်ဗျက်ကြီးကာ မျက်နှာဘက်တွင်ထင်ထင်ရှားရှား အလယ်တွင် အမဲစက် ရှိသောကြောင့် မြွေဟောက်လျှာနှင့်တူသည်ဆိုကာ မြွေဟောက်ပင် ဟုခေါ်ဆိုခြင်းဖြစ်သည်။ယခု မြွေဟောက်ပင် မှာစိုက်ရတာ လွယ်ကူ ပွါးများသည် ဆိုသော်လည်းရှားပါးသော အပင်ဖြစ်နေသည် မြွေဟောက်ပင် ၏ဆေးစွမ်းကိုမသိ

သဖြင့် လာပေးသူ အား ပြန်မေးမြန်းရသည်။သူကလည်း ဆေးကုစားသူမဟုတ်။ ဝါသနာအရ ဆေးကုပေးသူဖြစ်သည်။ မြွေဟောက်ရွက် သည် မြွေဆိုး များနှင့် အဆိပ် ရှိသည့် ကင်းအမျိုးမျိုးနှင့် အခြား ရောဂါ များပျောက်ကင်း သည် ။ကုသခဲ့သောအဆိပ်နှင့်ရောဂါများကတော့ ကင်းမြီး ကောက် နှင့်ကင်းခြေများ ကိုက်သူများကို အရွက် ထုထောင်း။ သတ္တုရည်ကို အနာထဲညှစ်ထည့်။ အနာဝအား ညှစ်ဖတ် အရွက် နှင့်အုပ်ထားပါက အချိန်တိုအတွင်း သက်သာပျောက်ကင်းသည်။

အဖုအကျိတ်နာများ ကို အရည်လိမ်း။ အရွက်ကပ် ပေးခြင်းဖြင့်မကြာမီပျောက်သည်။ မျက်နှာ တွင် ဆင်ဝက်ခြံကြီးကဲ့သို့ အဘုကြီးများအပြုံ လိုက်ပေါက်နေခြင်း ကို သတ္တုရည် လိမ်း။ အရွက်ပေးရာ မကြာခင် ပျောက်သည်။ထူးခြားသည့် ကုသပေးမှုတခုမှာ မြောက်ဒဂုံနေ လုပ်သား တဦးမှာ ပါးတွင်အနာဖြစ်ရာမှ အတွင်းစားသွာပြီး အရေပြား သာ ကျန်တော့ရာ ဆေးရုံပြ ကုသသော် လည်း မသက်သာ သောကြောင့် ပါးအပြင်မှာ အရွက်နေ့ ညကပ်ခိုင်းရာ သုံးလ ခန့်တွင် ပျောက်ကင်း သွားသည်။

မြွေဆိုး အကိုက်ခံရပါကလည်း သတ္တုရည် ညှစ်ထည့်။ အရွက် ကပ်ထားရမည်ဟု သိထားသော် လည်း သူ ၏ရှေ့တွင် မြွေဆိုး ကိုက်ခံရမှု မရှိ၍ မကု သဘူးသေးဟု ဆိုပါသည်။မြွေဆိုး ကိုက်ခံရ ပါက ဆေးရုံ သွားရန် ပြင်ဆင် နေသည့်အချိန်အတွင်း ဆေး အလွယ်တကူရှိပါလျှင် ကြိုတင် ကုသထားပါက ပိုမိုအဆင်ပြေနိုင်ပါသည်။ သိသူ ရှိပါက ခေါ်မန့်မှတဆင့် အလင်းပြပေးကြပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*