အိမ်ခြေရာမဲ့ဘဝကိုကြုံတွေ့ခဲ့ရဖူးတဲ့ နာမည်ကျော်အနုပညာရှင်များ

ကိုယ်တွေသဘောကျနှစ်သက်ရတဲ့ နာမည်ကျော်အနုပညာရှင်တွေဟာ တစ်ချိန်တုန်းက အိမ်ခြေရာမဲ့ဘဝကိုပိုင်ဆိုင်ခဲ့ဖူးတယ်ပြောရင် ယုံနိုင်ပါ့မလား။အခုလက်ရှိအချိန်မှာအောင်မြင်နေပေမဲ့ အတိတ်တုန်းက သူတို့ရဲ့လမ်းခရီးက ကြမ်းတမ်းခဲ့ပါတယ်။လူဆိုတာ အမြဲတမ်းကံကောင်းမနေသလို အမြဲတမ်းလည်းကံဆိုးမနေဘူးဆိုတာသူတို့ကသက်သေပြလိုက်သလိုပါပဲ။အခုပြောပြမယ့်အနုပညာရှင်တစ်ချို့ဟာ ငွေကြေးအခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ဖူးသလို တစ်ချို့ကဆို အိမ်ခြေရာမဲ့ဖြစ်ခဲ့ရပါတယ်။သူတို့က ဘယ်သူတွေလဲဆိုတော့…

Kelly Clarkson

တက်စ်ဆက်ပြည်နယ်ကနေ လော့အိန်ဂျလိစ်ကိုပြောင်းရွေ့တဲ့ပထမဆုံးနေ့မှာပဲ သူမရဲ့အိမ်ဟာ မီးလောင်ပြာကျခဲ့ပါတယ်။Kelly Clarkson ဟာ အမေရိကန်အိုင်ဒေါလ်မှာဝင်မပြိုင်ခင် သူမရဲ့ကားထဲမှာသာ နေထိုင်အိပ်စက်အနားယူရင်းကြိုးစားခဲ့ရတာဖြစ်ပါတယ်။

Sylvester Stallone


အခုဆို သူ့ကိုမသိတဲ့သူဆိုတာမရှိတော့ပါဘူး။တကယ့်ကိုနာမည်ကျော်သရုပ်ဆောင်တစ်ဦးပါ။သူဟာ နယူးယောခ့်မှာနေထိုင်ပြီး နာမည်မကြီးခင်ကာလမှာအိမ်ကနေ နှင်ထုတ်ခံခဲ့ရပါတယ်။အဲ့ဒါနဲ့ ဘတ်စ်ကားမှတ်တိုင်၊ဘတ်စ်ကားရုံမှာ ၃ပတ်နီးပါးနေထိုင်ခဲ့ရတယ်လို့သိရပါတယ်။

Halle Berry

Halle Berry ဟာ နာမည်ကျော်အနုပညာရှင်မင်းသမီးမဖြစ်ခင် အိမ်ခြေရာမဲ့အဖြစ်သွားလာနေထိုင်ခဲ့ရတဲ့သူပါ။အခုဆိုရင်သူမက အရမ်းအောင်မြင်နေတဲ့သရုပ်ဆောင်တစ်ဦးဖြစ်နေပါပြီ။

Jim Carrey

Jim Carrey ဟာ မအောင်မြင်ခင်က ငွေကြေးအကျပ်အတည်းများစွာကြုံတွေ့ဖြေရှင်းခဲ့ရပြီး သူတို့မိသားစုဟာ ဗန်ကားထဲမှာနေထိုင်ခဲ့ရပါတယ်။သူဟာ ညဘက်မှာ ဟာသလူရွှင်တော်အဖြစ်ပရိသတ်ကိုဖျော်ဖြေရသလို တံခါးစောင့်အဖြစ်လည်းအလုပ်လုပ်ခဲ့ရဖူးပါတယ်။အခုတော့ သူဟာ အနုပညာလောကမှာအောင်မြင်နေတဲ့ကြယ်တစ်ပွင့်ဖြစ်နေပါပြီ။

Carmen Electra

 

Carmen Electraနာမည်ကျော်မင်းသမီးမော်ဒယ်လ် Carmen Electra ဟာ အိမ်ခြေရာမဲ့အဖြစ်ရှင်သန်နေထိုင်ခဲ့ရဖူးပါတယ်။သူမရဲ့ရည်းစားဟောင်းက သူမစုဆောင်းမိသမျှငွေကြေးတွေကိုယူပြီးထွက်ပြေးသွားခဲ့လို့ဖြစ်ပါတယ်။

Steve Harvey

Steve Harvey ဟာ မအောင်မြင်ခင်ကာလတုန်းက အိမ်ခြေရာမဲ့အဖြစ်သုံးနှစ်ကျော်နီးပါးနေထိုင်ခဲ့ရသူတစ်ယောက်ပါ။အခုတော့ သူဟာ မသိသူမရှိကျော်ကြားတဲ့ Comedian တစ်ယောက်ဖြစ်နေပါပြီ။

Daniel Craig


နာမည်ကျော်ဂျိန်းစ်ဘွန်းမင်းသားဖြစ်တဲ့ Daniel Craig ဟာ သူက တစ်ချိန်တုန်းက အိမ်ခြေရာမဲ့ဖြစ်ခဲ့ဖူးပြီး သူ့ရဲ့အနုပညာအလုပ်ကိုကြိုးစားလုပ်ကိုင်နေစဉ်ကာလမှာ ပန်းခြံခုံတန်းတွေမှာ အိပ်ခဲ့ရတယ်လို့ ကိုယ်တိုင်ပြောပြခဲ့ဖူးပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*