ဖုန်း မှန်ကွဲနေတာ ဆက်သုံးရင် ဖြစ်လာမယ့် ဆိုးကျိုးတွေ

စမတ်ဖုန်း ကိုင်ဆောင်ရတဲ့ သူတိုင်း အချိန်မရွေးကြုံတွေ့လာနိုင်တာကတော့ ဖုန်း မှန်သားပြင် ကွဲသွားခြင်းပဲ ဖြစ်ပါတယ်။ စမတ်ဖုန်း တစ်လုံးရဲ့ တန်ဖိုးဟာ နည်းပါးလွန်းတဲ့ ပမာဏ မဟုတ်တာကြောင့် အသစ် တစ်လုံးနဲ့ ချက်ချင်းလဲဖို့ ဆိုတာလည်း သိပ်တော့ မလွယ်ကူလှပါဘူး။ မိမိတို့ ပတ်ဝန်းကျင်မှာ လည်း ဖုန်းမှန်ကွဲ နေပေမယ့် ဆက်သုံးတဲ့ မိတ်ဆွေ တွေ ရှိပါလိမ့်မယ်။ သူတို့ကိုလည်း ဒီ ဆိုးကျိုး လေးတွေ သိအောင် ဝေမျှ ပေးလိုက်ပါဦး။

ဖုန်းမှန်ကွဲ ရာကနေ စိစိ ညက်ညက် ကြေနိုင်။

အက်ရာရှိနေတဲ့ ဖန်သားပြင် ဟာ ပြန်မကောင်းလာ နိုင်တဲ့ အပြင် ပိုဆိုးသွား ဖို့ပဲရှိပါတယ်။ ဒီလိုမျိုး ပိုမို အက်ကွဲလာတဲ့ အချိန်မှာတော့ မသုံးသင့်ပါဘူး။ ဖန်သားစ တွေဟာ အရေပြား နဲ့ ပွတ်ရှ မိ ရင် သွေးထွက်နိုင်ပါတယ်။ ဒါက ပဏာမ အခြေအနေပါ။

ဖုန်း ကပိုမို ပျက်စီးလာနိုင်။

ဖုန်း ရဲ့ အပေါ်ယံ မျက်နှာပြင် ကို ဖုံးအုပ် ပေးတဲ့ ဖန်သား ကွဲနေတာမို့လို့ ဖန်သား ပျက်စီးတာနဲ့ ဖုန်း အထဲက လုပ်ဆောင် ပေးနေတဲ့ app တွေကိုပါ ထိခိုက်လာ နိုင်စေပါတယ်။ ဖုန်း ထဲကို ပြင်ပ အညစ် အကြေး များ ဝင်ရောက်။

ဖုန်း က ကွဲနေတော့ ရေ သဲ ဖုန် မိတ်ကပ် အစရှိတဲ့ အညစ် အကြေးနဲ့ ဖုန်းကို ပျက်စီးစေနိုင် တဲ့ အရာတွေ ဝင်ရောက်နိုင်ပါတယ်။ ဖုန်း ထဲက ရေဒီ ယို သတ္တိကြွ လှိုင်းတွေ လူကို ကူးစက်။

ဖုန်း ထဲက ရေဒီယို လှိုင်းတွေ ကြောင့် စကားပြော လို့ ရတာဖြစ်ပါတယ်။ ဖုန်းမှန်ကွဲခြင်း ဟာ ဒီလှိုင်းတွေကို အပြင်ကို ပိုမို ပျံ့လွင့်စေတာကြောင့် နားကို ထိခိုက်စေ ပါတယ်။ မှန်ကွဲနေတဲ့ ဖုန်းနဲ့ ဂိမ်းဆော့ရင်လည်း မျက်စိကို ဒုက္ခ ရောက်စေ ပါလိ မ့်မယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*