စီးပွားတတ်မည့် အိမ်..ကိုယ်ယခု နေထိုင်နေတဲ့ အိမ်ဟာ ဘယ် အမျိုးအစားထဲပါနေလဲ ဆိုတာ လေ့လာ ဆန်းစစ်ကြည့် လိုက်ရအောင်…

စီးပွားတတ်မည့်အိမ်။ ကိုယ်ယခုနေထိုင်နေတဲ့ အိမ်ဟာ ဘယ်အမျိုးအစား ထဲ ပါနေလဲဆိုတာ လေ့လာဆန်းစစ်ကြည့်လိုက်ရအောင်။အိမ်၏ ခေါင်းရင်းနေအိမ်သည် မိမိအိမ်ထက်မြင့်မည်………ခြေရင်းအိမ်သည်လည်းမိမိအိမ်ထက်မြင့်ပါက ကိုယ်နေသောအိမ်သည် အမိုးနိမ့်နေလျှင်အိမ်ပုခက် ဟုခေါ်သည် ။ နေသောမိသားစုသည် စီးပွားတက်၏ ။

ကိုယ့်အိမ်ခေါင်းရင်း အိမ်က အမိုးနိမ့်မည် ။ကိုယ့်အိမ်ခြေရင်း ကလဲ အမိုးနိမ့်မည် ……ကိုယ့်အိမ်က အလယ်မှ အမိုးမြင့်မားနေပါကအိမ်မြင့်မိုရ်ဟုခေါ်သည် ။

လူကြီးမိဘတို့ကို ခေါင်းရင်း ဘက်ထား၍ပြူ စုလုပ်ကျွေးအား သဒ္ဓါပြည့်ကအထူးကောင်းမွန်၏ ။ကိုယ့်အိမ်၏ခေါင်းရင်းကမြင့်မည် ။ကိုယ့်အိမ်၏ ခြေရင်းက ကိုယ့်အိမ်ထက်နိမ့်နေပါကအိမ်တောင်တန်းဟုခေါ်သည် ။တစ်စိမ့်စိမ့်စီးပွားဖြစ်၏ ။ကိုယ့်အိမ်၏ခေါင်းရင်းကနိမ့်၍ ကိုယ့်အိမ်၏ ခြေရင်းအိမ်က မြင့်နေပါကစီးပွားအသည်းအသန်ရှာ ရတတ်သည် ။ရေဆန်အိမ်ဟုခေါ်သည် ။ရှေးလူကြီးများက မဝယ်သင့်ဟုဆိုကြ၏ ။

ကိုယ့်အိမ်၏ ခေါင်းရင်းနားတွင် မီးဖို အကြီးကြီးဖြင့်စီးပွားရှာသောအိမ်ရှိနေပါက ထိုအိမ်ကိုဘုရားဆောင်ရွှေ့ခြင်းသို့မဟုတ်အိမ်အမိုးထပ်မြှင့်ခြင်းပြု အပ်၏ ။မကျန်းမမာဖြစ်တတ်၏ ။ဦးခေါင်း အပူတိုက်ဟုခေါ်ကြသည် ။သတိထားအပ်၏ ။ကိုယ့်အိမ်၏ ဘေးဘယ်ညာ အိမ်တို့မှဆူညံစကား ပြင်းသောအသံချဲ့ စက်ဆောင်းဘောက်စ်အသံအဆဲအဆိုနူတ်ကြမ်းတမ်းခြင်းပြု လုပ်နေပါကထိုအိမ်သည် နတ်ဆိုးလှည်းအိမ်ဟုခေါ်သည် ။အမင်္ဂလာအသံကြားတွင်ညပ်နေ၍ဖြစ်၏ ။မေတ္တသုတ် မပြတ်သရဇ္ဈယ်အပ်၏ ။

အလွန်စပ်စပ်စုစုနိူင်သော အိမ်နီးပါး ချင်းငွေအချေးအငှားအလွန်ပက်စက်၍ပြန်ဆပ်လျှင်လက်အလွန်ခက်သောသူတို့နှင့်နေထိုင်ရပါကမရှိပါ ဟူသောစကားကိုလိမ်ညာပြောတတ်ရ၍သီလ မလုံသောကံကို စီရင်ဖန်တီးမိနေတတ်၍အလိမ္မာဖြင့် ဝစီကံထိမ်းထိမ်းသိမ်းသိမ်း သတိထားပြောရတတ်၏။ ဝစီဗေဒထိတိုင်းရှ ဟူသည်နှင့်အညီကိုယ်ပါ ဆင်းရဲနွမ်းပါးလာတတ်၏ ။

မေတ္တာဖြင့်ပြန်လည်မျှဝေသူKOMOEWIN

Be the first to comment

Leave a Reply

Your email address will not be published.


*