
ယာဉ််အန္တရာယ်ကင်းဝေးစေရန် အစီအရင်
မိိတ်ဆွေများအားလုံး မင်္ဂလာပါ……။
ဆရာ မိိတ်ဆွေများအားလုံးအတွက် ယာဉ်အန္တရာယ်ကင်းယတြာကောင်း တစ်ခုမျှဝေပါရစေ။
ယာဉ်စီးနေရင်း တိုက်မိသလိုခဏခဏဖြစ်နေသူများ၊ နမိတ်မကောင်းဖြစ်နေသူများ၊စက်ပစ္စည်းနှင့်ကံမဆပ်သူ၊
ယာဉ်အဝယ်မှား၍ ခဏခဏပြင်နေရပါသလား?
အောက်ပါယတြာကိုပြုလုပ်ခြင်းဖြင့် မိတ်ဆွေများရဲ့အခက်အခဲများအဆင်ပြေသွားမည်ဆိုပါက ဆရာစေတနာ ယတြာတင်ပေးရကြိုးနပ်ပါတယ်။
ဤယတြာကို အင်္ဂါနေ့ ည(၇)နာရီမှ(၉)နာရီ (သို့)စနေနေ့ နံနက် (၆)နာရီမှ နံနက်(၉)နာရီအတွင်း စီရင်ရပါတယ်။
သံပုရာသီးတလုံးပေါ်တွင် ဆော့ပင်ဖြင့်” ဓ”အက္ခရာရေးပါ။နွွားနို့ကိုကျိုချက်၍ အနွေးခံအောင်ထားပါ။
ထိုနွားနို့ထဲတွင် သံပုရာသီးကိုထားပါ။ထို့နောက် လက်ညိုးဖြင့် နွားနို့ကိုမွှေရင်းအောက်ပါဂါထာကို
“သိဒ္ဓိိသိဒ္ဓိမဟာသိဒ္ဓိ သိဒ္ဓိအပေါင်း ထောင်းထောင်းထပါစေ” ဟူ၍ (၉)ခါမွှေ (၉)ခါပြောပါ။
သံပုရာသီးကို အဝတ်စ အနီ (သို့) အနက်ဖြင့်ထုတ်၍ မိိမိစီးသော ယာဉ်တွင်ဆောင်ထားပါ။
(သံပုရာသီးပုပ်သွားခြင်း ခြောက်သွားပါက ဤယတြာကိို အသစ်တဖန်ပြုလုပ်ပြီး ဆောင်ထားရပါမည်)
နွွားနို့များကို အောင်သပြေ ၃ညွှန့်ဖြင့် ” အန္တရာယ်ကင််း ဘေးရှင်းပါစေ” ဟုပြောဆိုပီး မိမိ၏ယာဉ်ကိုပက်ဖျန်းပေးပါ။
၇ရက်သားသမီးအပေါင်းစိတ်၏ချမ်းသာခြင်း ကိိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ။
ဗေဒင်နှှင့်လက္ခဏာပညာရှင် ဆရာကျော် M.Sc(bot)
09764251903
Leave a Reply