ဆိုင်ကြီးတွေ မှာ အလုပ်လုပ် နေရတယ် ဆိုပြီး ဝယ် သူတွေ ကို မတူမတန် သလို ဆက်ဆံ တတ်တဲ့ ဝန်ထမ်းတွေဖတ်ရအောင်

Brand ဆိုင်ကြီးတွေမှာ အလုပ်လုပ်နေရတယ် ဆိုပြီး ဝယ်သူတွေ ကို မတူမတန်သလို ဆက်ဆံတတ်တဲ့ ဝန်ထမ်းတွေဖတ်ဖို့။အမျိုးသမီးတို့ရင်ဖွင့်သံကဏ္ဍနဲ့ ကိုက်ညီလားတော့မသိပါဘူး။ ဒါပေမဲ့ ကျွန်မကလည်း အမျိုးသမီးဖြစ်ပြီး အဲ့ဒီလိုအချိုးမပြေဆက်ဆံရေးပိုင်ရှင်တွေ ကလည်း အမျိုးသမီးတွေများလို့ ဒီမှာပဲ ရင်ဖွင့်လိုက်ပါတယ်။ စိတ် ပေါက်နေတာတော့ကြာပါပြီ။ တခြားမဟုတ်ပါဘူး။

Brand ဆိုင်အများစုမှာ ဝန်ထမ်းလုပ်နေကြတဲ့ သူတွေရဲ့ ဆိုး ဝါးတဲ့ဆက်ဆံရေးတွေအကြောင်းပါ။ လာဝယ်တဲ့သူရဲ့ ဝတ်စားပုံတွေကြည့်ပြီး မသားနားရင် မသားနားသလို အထင်သေးသလို ကြည့်ကြဆက်ဆံကြတာ ဘယ်လိုမှကို နားမလည်နိုင်ပါဘူး။ဟိုတလောက သူငယ်ချင်းနဲ့ နှစ်ယောက် သားအိမ်မှာ နေနေရင်း စိတ်ကူးပေါက်လာလို့ အိတ်ထွက်ဝယ်ကြပါတယ်။ အပြင်ထွက်သလို တောက်တောက်ပြောင်ပြောင်တွေ ဝတ်မထားပေမဲ့ ကျွန်မတို့အိမ်နေရင်းဝတ်တွေကလည်း စုတ်ပြတ်နေတာ မဟုတ်ပါဘူး။

သူတို့ဆိုင်ထဲစဝင် သွားက တည်းက ဆိုင်က ကောင်မလေးတွေအားလုံး ကျွန်မတို့ကို လုံးဝအပြုံး အရယ်မရှိတဲ့မျက်နှာသေကြီးတွေနဲ့ကြည့်ကြပါတယ်။ ပြီးတော့ မေးတဲ့ဈေးတွေကိုလည်း “ အဲ့ဒါက ဈေးကြီး တယ်။ ဘယ်လောက်” ဆိုတာမျိုးဖြေပါတယ်။ အတော့်ကို အောင့်သက်သက်ဖြစ်ရပါတယ်။ တကယ်တမ်း သူပြောတဲ့ဈေးကို ကျွန်မတို့ ဝယ်နိုင်ပါတယ်။ အိတ်ကို လည်း ကြိုက်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ မဝယ်ခဲ့လိုက် ဘူး။ ဒါဟာ သူတို့ဆိုင်ရှင်အတွက် ဆုံးရှုံးမှုပါပဲ။

သိန်းချီတန်အိတ် တစ်လုံးရောင်းရဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ် ပါဘူး။ ကျွန်မ တို့ကလည်း တကယ်ဝယ်မယ့်သူတွေပါ။ ဒါပေမဲ့ မဝယ်ခဲ့ရုံသာမကဘူး၊ နောက်ဆို အဲ့ဒီလောက် ဆက်ဆံရေးဆိုးဝါးညံ့ဖျင်းတဲ့ဆိုင်ကို ဘယ်တော့မှ မဝယ်တော့ဘူးလို့တောင် နှစ်ယောက်သား ဆုံးဖြတ်လိုက် ပါတယ်။သူများကို နှိမ်တာ မဟုတ်ပါဘူး။ ကိုယ်တိုင်တောင် ကိုယ်ပိုင် လုပ်ငန်းမရှိလို့ သူများ ဝန်ထမ်းဝင်လုပ်နေ တာကို ဝယ်မယ့်သူတွေကို အဲ့ဒီလိုဆက်ဆံတာကတော့ လုံးဝမမိုက်ဘူးလို့ ခံစားရပါတယ်။

သူတို့ဆိုင်က ပစ္စည်း တွေ ဘယ်လောက်ဈေးကြီးကြီး အဲ့ဒါ သူတို့ အပိုင်လည်း မဟုတ်ပါဘူး။ အဲ့ဒါတောင် အဲ့ဒီလောက်မာန်တက်ပြီး ဈေးဝယ်တွေကို မတူမတန်သလို ဖြစ်နေကြရင် ကိုယ်ပိုင်ဆိုင်သာဆို ဘယ်လိုနေကြမလဲလို့လည်း တွေးမိပါ တယ်။ဒီလိုလုပ်တာများလာရင် ဆိုင်ရှင်တွေ အတွက်လည်း နစ်နာတဲ့အတွက် ဝန်ထမ်းတွေ ကို ခန့်ထားပြီးရင် ပြီးရောဆိုပြီး ပစ်မထားသင့်ဘူးလို့ မြင်ပါတယ်။

ကိုယ်တိုင်ဆိုင်မထိုင်နိုင်ရင်တောင် အကျိုး အကြောင်း ပြန် သိနိုင်လောက်တဲ့ အခြေအနေတွေဖန်တီးထားတာမျိုးလည်း လုပ်သင့်ပါတယ်။ ဥပမာ- စာရွက်နဲ့ဘောပင် ထားထားပြီး အကြံပြုစာထည့်ခိုင်းတာမျိုးပေါ့။သော့ကို ဆိုင်ရှင်က ကိုင်ထားပါ။ နည်းလမ်းတွေ အများကြီးရှိပါ တယ်။ ခံရပါများလို့ အောင့်သက်သက်ဖြစ်လာလို့ ဒီစာကိုရေးတာပါ။ကျွန်မလိုတွေ့ကြုံဖူးတဲ့သူတွေရှိရင်လည်း ပြောခဲ့ကြပါဦး။

Be the first to comment

Leave a Reply

Your email address will not be published.


*