ကိုယ့်ဘဝကို အဆုံးစီရင်သွားသူများရဲ့ စိတ်နေစိတ်ထားများ(ဘယ်လိုကုသမလဲ)

လွန်ခဲ့တဲ့ ၁ဝနှစ်ကျော်လောက်တုန်းက ကိုယ့်အသိုင်းအဝိုင်းထဲက အမျိုးသားတစ်ယောက် သူ့ကိုယ်သူ ဆွဲကြိုးချ သတ်သေတဲ့ အဖြစ်တစ်ခု ကြုံးဖူး ကြားခဲ့ဖူးတယ်..

သူက ငယ်ငယ်လေးကတည်းက ကြိုးမြင်ရင် သိပ်ကြောက်တာ..တဲ့..အဝတ်လှန်းကြိုး..စွန်ကြိုး..စသည်ဖြင့် ကြိုးမြင်ရင် ငိုရော..တဲ့..သေတော့လည်း အသက်က ၂၀..ဝန်းကျင် ခပ်ငယ်ငယ်ပဲ..အမျိုးသမီးနဲ့ စကားများပြီး ရေချိုးခန်းထဲဝင်သွားရာက ပြန်ထွက်မလာတော့တာနဲ့..တံခါးတွေဘာတွေ ဖျက်ဖွင့်ကြည့်တော့..ကြိုးတစ်ချောင်းနဲ့ hang လုပ်ပြီးသေနေတော့တာပဲ..

ထူးတော့ထူးဆန်းတယ်..ကြိုးကိုသိပ်ကြောက်တဲ့ သူက ကြိုးနဲ့ပဲ..ကိုယ့်ကိုယ်ကို အဆုံးစီရင်ဝံ့တယ်ဆိုတာ..။

ကိုယ့်ကိုယ်ကို သတ်သေကြတဲ့ ကိစ္စတွေမှာ..ကြည့်လိုက်ရင် ဘာမဟုတ်တာလေးနဲ့ ဖြစ်သွားကြတာတွေရှိတယ်..

ဆိုက်ကားဆရာလေးက မိန်းမကို ၁၅ဝဝကျပ် စျေးဖိုးမပေးနိုင်လို့ ကြိုးဆွဲချသေတယ်..သမီးလေးကို ဆေးကုမပေးနိုင်တဲ့အဖေဟာ..တံတားပေါ်ကနေ..ရေထဲခုန်ချပြီးသေတယ်..

တချို့လည်း အထုံပါလာတယ်လို့ ဆိုကြတယ်..ဘယ်လိုဖြစ်ဖြစ်..အသက်သေတဲ့အထိဖြစ်ရပြီဆိုတာ..စိတ်မကောင်းစရာ ကြောက်စရာပါပဲ..

ကိုယ့်ကိုကိုယ်သတ်သေကြသူတွေဟာ စိတ်ပိုင်းဆိုင်ရာ ပြသနာတွေကို မဖြေရှင်းနိုင်သူတွေ ဖြစ်တတ်ကြပါတယ်

လူတိုင်းမှာ..အားနည်းချက် အားသာချက်တွေရှိကြပါတယ်..ကိုယ့် အားနည်းချက်ကို ကိုယ်တိုင် ဝေဖန်နိုင်တယ်ဆိုတာ ကောင်းပါတယ်ဒါပေမဲ့ ကိုယ့်အားနည်းချက်ကို အပြစ်တစ်ခုလိုမြင်လာပြီး ကိုယ့်ကိုကိုယ် အဆိုးမြင်လာတတ်ခြင်းဟာ ရေရှည်မှာကြီးမားတဲ့..စိတ်ပိုင်းဆိုင်ရာ ပြသနာတွေကို တည်ဆောက်လိုက်သလို ဖြစ်လာနိုင်ပါတယ်

တကယ်တော့ လူတိုင်းဟာ ကိုယ့်ကိုကိုယ် ရာခိုင်နှုန်းပြည့် ကြိုက်နှစ်သက်ပြီး ကိုယ့်ဘဝကို ကျေနပ်နေကြတာတော့မဟုတ်ပါဘူး

ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်ဝလို့ ပိန်လို့..ဖြူလို့မဲလို့..ဆိုတာတွေအပြင်..ယောကျာ်းစိတ်ဖြစ်နေလို့..မိန်းမစိတ်ဖြစ်နေလို့..ပညာရေး မှာ မအောင်မြင်လို့ပတ်ဝန်းကျင်ရဲ့ ထိုးနှက်မှုကို မခံနိုင်တော့လို့..အလုပ်မှာ တိုးတက်မှုမရှိလို့အိမ်ထောင်ကို တည်မြဲသာယာအောင် မစောင့်ရှောက်နိုင်လို့

ပိုက်ဆံကောင်းကောင်းမရှာနိုင်လို့မိသားစုကို စိတ်ရှိသလောက် မပံ့ပိုးနိုင်လို့ကျန်းမာရေးမကောင်းလို့အိပ်မက်တွေကို အကောင်အထည်မဖေါ်နိုင်လို့စသည်ဖြင့် ကိုယ့်ကိုကိုယ် မကြိုက်တဲ့ မကျေနပ်တဲ့အရာတွေအများကြီးရှိနေတတ်ကြပါတယ်

ဒါတွေကို..ဖြေသာအောင်မတွေးနိုင်တဲ့အခါပထမအဆင့် စိတ်ဓါတ်ကျလာကြတယ်

လူတိုင်းဟာ..စိတ်ဓာတ်ကျတယ်ဆိုတဲ့ခံစားမှူမျိုးကို အနည်းနဲ့အများ ခံစားရဖူးတာချည်းပါပဲ..အဲဒီအဆင့်မှာ ကြာလာပြီး..ကိုယ့်စိတ်ကို ကိုယ်မကုစားနိုင်ရင်..ကိုယ့်ကိုယ်ကို မုန်းတီးလာတဲ့ အဆင့်ကိုရောက်လာတတ်ပါတယ်..ကိုယ့်ကိုကိုယ်မုန်းတာကို..အင်္ဂလိပ်လိုဆို Self Loathing လို့ခေါ်ပါတယ်

ကိုယ့်ကိုကိုယ် မုန်းတယ် မကြိုက်ဘူးမကျေနပ်ဘူး..စိတ်ဓာတ်တွေကျတယ်..အဆိုးမြင်စိတ်တွေဝင်လာတယ် ..သေတောင်သေချင်တယ်ဆိုတာကို သတိပြုမိပြီဆိုရင်ပဲ..ဘယ်လိုကုစားကြည့်မလဲ ဆိုတဲ့အချက်ကလေးတွေကို စဉ်းစားမိသလောက်ရေးပေးလိုက်ပါတယ်

ကောင်းတဲ့အကြောင်းလေးတွေရှာကြံတွေးပါ..သေးသေးလေးတွေပဲ ဖြစ်နေပါစေ..ဘာမှမဟုတ်ဘူးထင်ရတာလေးကိုတောင် ကျေးဇူးတင်တတ်အောင်ကြိုးစားပါ..စားဝတ်နေရေး ပြည့်စုံပြီးနေတာ..ကိုယ်လက်အင်္ဂါ စုံလင်တာ..မိဘတွေရှိနေသေးတာ..ကျန်းမာရေး ကောင်းနေတာ..စသည်ဖြင့် ကောင်းတာတွေကိုရှာကြံပြီး တွေးပါ..ဘွဲ့ရလာဖို့အတွက်..သူငယ်တန်းက..စတက်ခဲ့ရတာမဟုတ်လား..သေးသေးလေးတွေစုပြီးနောက်ဆုံး အကြီးကြီး ဖြစ်သွားတတ်တာကို သတိရပါ..

လက်ထဲက အလုပ်ကိုပဲ အကောင်းဆုံး လုပ်မယ်ဆိုတဲ့ စိတ်မျိုးထားပါ..အခု..Now ကိုပဲအာရုံစိုက်ပါ..ဖြစ်ခဲ့တာတွေ Past ကိုမတွေးဘူး..မဖြစ်သေးတာတွေ.. Future ကိုမတွေးဘူး..The Power of Now ကိုသတိရနေတတ်ဖို့ပါပဲ

တချို့ လူတွေရဲ့ (နာမည်ကျော်တွေ..ကိုယ်လေးစား ချစ်ခင်ရသူတွေ)ဘဝနောက်ကြောင်းတွေကိုကြည့်ပါ..သူတို့မှာ ခက်ခဲ ကြမ်းတမ်းတဲ့ ဘဝနောက်ကြောင်းတွေ ရှိခဲ့တယ်..သူတို့ ဘယ်လိုကျော်ဖြတ်ခဲ့သလဲ..သူတို့ကို ကြည့်ပြီး..ခွန်အားယူသင့်ပါတယ်..

ကိုယ့်ကိုယ်ကို သူများတွေနဲ့ သိပ်မနှိုင်းယှဉ်ပါနဲ့..သူဟာသူ..ကိုယ်ဟာကိုယ်မို့..မတူပါဘူး..ကိုယ့်ကိုယ်ကို မကျေနပ်စိတ်..အဆိုးမြင်စိတ်ဟာ..သူများတွေနဲ့နှိုင်းယှဉ်မှုတွေကနေပေါ်ပေါက်လာတာများပါတယ်..Social Media မှာပေါ်လာသမျှတွေသိပ်မကြည့်သင့်ပါဘူး

ကိုယ့်စိတ်ကို..ကိုယ်သိပ်ဖိအားမပေးပါနဲ့..အရမ်းမျှော်လင့်ထားပြီးမှ ဖြစ်မလာရင် အလကား စိတ်ဆင်းရဲရလိမ့်မယ်..ဘဝဟာ လုပ်တိုင်းလည်း..ဖြစ်စေချင်သလို ဖြစ်မလာပါဘူး

ကိုယ့်ကိုကိုယ် သိပ်မဝေဖန်ပါနဲ့..သူသူငါငါ အမှားတွေရှိကြတယ်..ကိုယ့်အမှားကိုယ် ခွင့်လွှတ်မှ ရှေ့ဆက်သွားလို့ရပါတယ်

ကိုယ့်မှာ မကောင်းတဲ့ စိတ်ဆိုးစိတ်ယုတ်တွေရှိတတ်တယ်..ကြောက်စိတ်တွေရှိနေတတ်တယ်သူတို့ရှိနေတယ်ဆိုတာကို လက်ခံပေးပါ..လုံးဝမရှိဘူးလို့ မငြင်းပယ်ပါနဲ့..ဒါပေမဲ့ သူတို့ကို အေးဆေးတဲ့နေရာတစ်ခုမှာ ပေးနားလိုက်ဖို့တော့ လိုလိမ့်မယ်..ဆိုးနေတဲ့ ကလေးကို ဘာမှပြောမနေဘဲ စိုက်ကြည့်ပေးလိုက်ရင် ကုပ်သွားတဲ့သဘောပါပဲ

ပတ်ဝန်းကျင်ကို သိပ်ဂရုမစိုက်ပါနဲ့ကိုယ်လုပ်တာ မှန်တယ်လို့ ယုံကြည်နေမယ်..ကိုယ့်လုပ်ရပ်ကလည်း..ဘယ်သူ့ကိုမှ မထိခိုက်စေဘူးဆိုရင်လူအများ စကားတင်းဆိုတာတွေကို ဂရုစိုက်ဖို့မလိုပါဘူးပတ်ဝန်းကျင်ဆိုတာ..လူကြိုက်များတဲ့ စံနှုန်းတွေထည့်ထားတဲ့ ပုံစံခွက်ကြီးပါပဲ..ပုံစံခွက်ထဲ ဝင်ဆံ့ဖို့ကြိုးစားရင်း..ကိုယ်တကယ် ချစ်တဲ့အရာတွေကို လက်လွှတ်ဆုံးရှူံးလိုက်ရတတ်တယ်

ကိုယ်ကြိုက်တဲ့ ဝါသနာလေးတွေကိုလုပ်ကြည့်ပါ..ဝါသနာကို ဖိအားမပေးပါနဲ့..ပိုက်ဆံမရလည်း ဝါသနာဟာ ဝါသနာပဲ..ကိုယ်ကြိုက်တာလေးတွေ လုပ်နေရရင် စိတ်ညစ်ဖို့ မေ့နေတတ်ကြတယ်..ကိုယ်စိတ်ပျော်ဖို့အချိန်..တစ်ခုထားပါ

၁၀

ကိုယ့်ကိုယ်ကို သတ်သေဖို့ လုံးဝ မစဉ်းစားပါနဲ့သေသွားတိုင်း မပြီးပါ..အခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့တယ်..ကျော်လွှားနေတယ်..နောက်ထပ်လည်း ကျော်ဖြတ်နိုင်လိမ့်ဦးမယ်လို့..ယုံကြည်ပါအဆိုးဆုံးဖြစ်ခဲ့တဲ့ အချိန်တွေကို စာနဲ့ ချရေးထားကြည့်ပါ..

၁၁

ကိုးကွယ်ရာတစ်ခုကို လေးလေးနက်နက် ဆည်းကပ်ပါ..ယုံကြည်ပါ..တရားထိုင်ပါ..

၁၂

ရင်းနှီးတဲ့ သူငယ်ချင်းကို ရင်ဖွင့်ပါ..အားပေးစကားပြောနိုင်တဲ့သူနဲ့ စကားပြောပါ…စာတွေများများဖတ်ပါ..

ဘဝတစ်ခုရဖို့ဆိုတာ..တကယ်ကို မလွယ်ပါဘူး..ဘာတွေ..ဘယ်လောက်ပဲ..စိတ်ညစ်ရပါစေ..ဆက်ပြီးတော့ ရှင်သန်ပါ..ရှင်သန်လိုစိတ်သည် အဓိကပါ..

ဘဝကို ချစ်ပါ..

မွန်ဟော်စီ

၂၀၁၉ ဇွန်

လေးစားစွာဖြင့် credit

Be the first to comment

Leave a Reply

Your email address will not be published.


*