မြန်မာတွေ အတင်းတုပ် ရန်ဖြစ် ပိုက်ဆံဖြုန်းနေပြီး ခေါင်းထဲထည့် မစဥ်းစားမိသေးတဲ့ အချက်

ယိုးဒယားက မာခရို လာတယ်… တရုတ်က တိုင်းစီးတီး ဖွင့်တယ်။ ဗီယက်နမ်က မြန်မာပလာဇာ ဆောက်တယ် အအောင်မြင်ဆုံး အွန်လိုင်းရှော့ပင်းက အလီဘာဘာ အောက်က ဝက်ဆိုက်မှာ နေ့တိုင်းလိုလို ဝယ်စားဖြစ်တဲ့ ဖုဒ်ပန်ဒါက ဂျာမနီအခြေစိုက်၊ တက္ကစီ လေးငှားရင် စင်ကာပူက ဂရဘ် နဲ့ ဌားလိုက်ရမှ။

မြန်မာတွေက ပိုက်ဆံထိုင်သုံးနေတယ်။ ဘာလို့လဲဆိုတော့ ပိုက်ဆံသာရှိပီး ပညာမတတ်ကြလို့ပဲ။ Application လေးသုံးပီး Management နဲ့တင် ဒီကပိုက်ဆံကို ဘယ်လိုယူရမလဲသိနေပီ။ ပညာမတတ် မူလဲမသိ လူလဲမရှိနဲ့ အလွန်ဆုံးတိုးတက်ရင် သူတို့ဆီမှာ ဝန်ထမ်း အဆင့်ပေါ့။ ဒါတောင် အာမခံတွေ တခြား ကဏ္ဍ တွေမှာ အများကြီးကျန်သေးတယ်။

ဒို့တွေကတော့ အွန်လိုင်းမှာထိုင် အတင်းတုတ်မယ်။ နီစိမ်းပြာ ငြင်းမယ်။ နိုင်ငံခြားကုမ္ပဏီကြီးမှာ ဒေါ်လာတွေရမယ်။ ဒါ့ထက်ပိုမလာတော့ဘူး နောင်၁၀နှစ်မှာ ရုန်းမထွက်နိုင်သေးရင်တော့ သေ ပီဆရာပဲ။

ပြည်တွင်း အသေးစား အလတ်စား လုပ်ငန်းတွေ ဆိုရင်လဲ ဖြစ်ဖြစ်မြောက်‌မြောက်ပံ့ပိုးပေးတာ တခုမှမရှိ။ မြန်မာတွေမတိုးတက်ရခြင်းအကြောင်းက ပညာရေးစနစ်ကြောင့်လဲပါသလို တို့လူမျိုးကိုယ်တိုင်ကိုယ်က မကြိုးစား ရေပေါ်ဆီ အချောင်ခိုနေစားချငိတဲ့ စိတ်ဓာတ် တွေနဲ့ ကြိုးစားချင်စိတ်မရှိမှုတွေကြောငိ့ပဲ။

ဒါတွေမပြောင်းလဲသရွေ့ သူများအမြတ်ထုတ်တာခံ သူများဝန်ထမ်းဖြစ်နေရဦးမှာပဲ နိုင်ငံခြားကုမ္ဗဏီမှာ ဒေါ်လာစားဘဝနှင့် နေ့စဉ် ဖိအားကြောင့်ဆိုကာ ဘားတက် ကလပ်တက် ကော်ဖီဆိုင်ထိုင် ပျော်မွေ့နေသော ဝန်ထမ်းဘဝမှ ဘယ်တော့လွတ်မြောက်နိုင်မည်နည်း သင်တွေးဖူးပါသလား?

အချိန်မရွေး သူတို့သည် သည်နိုင်ငံမှ ပြန်ထွက်သွားနိုင်သည် အလုပ်ပြုတ်သွားနိုင်သည်။ ဖြစ်လာမယ့် အခက်အခဲတွေကို ကြိုတင်တွေးထားပါ ပိုခိုင်မာသည်ဟု ထင်ရသည့် ကုမ္ဗဏီများသည် ပိုကြောက်ဖို့ ကောင်းသည်ဆိုတာ သင်တို့ မည်သို့မှ သိမည်နည်း ဘဝကို ကျေနပ်ရောင့်ရဲမှုက နေရာတိုင်းတွက် မဖြစ်နိုင်သည် ဒါကြောင့် ကြိုးစား နိုးထကြပါတော့

Be the first to comment

Leave a Reply

Your email address will not be published.


*