သင့် အိမ်ထဲ က ပုရွက်ဆိတ်တွေ ကို မောင်း ထုတ်နိုင်မည့် နည်းလမ်း များ

လူ ၁၀၀ မှာ ၉၉ ဦးရဲ့ အိမ်က ပုရွက်ဆိတ်တွေ ရှိကြမှာပါနော်။ သူတို့တွေဟာ နေရာ စုံအောင်လျှောက်သွားပြီးတော့ မိသားစု စားမယ့် ဟင်းခွက်ထဲတွေထဲဝင် ၊ ကိုယ်သောက်မယ့် ကော်ဖီခွက်ထဲ ၊ အဝတ်အစားထဲ နေရာ အနှံ့ပါ

ပဲနော်။ ဒီလို အနှောက်အယှက်ပေး တဲ့ ပုရွက်ဆိတ်တွေကို သူ့အသက် သတ်တာ မဟုတ်ပဲ ပညာ ရှိနည်းနဲ့ နှင်တဲ့နည်းလေးတွေ ပေးမယ်နော်။

၁။ ပုရွက်ဆိတ်ဝင် လာတတ်တဲ့ မုန့်ဘူးတွေရှိလား။ ဘူးအဖုံး အရစ်ကို အပြင်ကနေ တိပ်နဲ့ပတ်ထားပါ။ မုန့်ဘူးရဲ့ ဘေးပတ်လည်ကိုလည်း တိပ်နဲ့စည်းသားကာ ကျုံးလို လုပ်ထားလိုက်ကြည့်။ ပုရွက်တွေတွေက တိပ်ကိုကျော်လာတာရှားပါတယ်။

၂။ နောက်တစ်နည်း ကလည်း တိပ်နဲ့စည်းသားတာနဲ့ အတော်ဆင်ပါတယ်။ ပုရွက်ဆိတ်လာတဲ့လမ်းကြောင်းမှာ မြေဖြူခဲနဲ့ မျဉ်းသားထားပါ။ မြေဖြူမှာပါတဲ့ ကယ်လ်ဆီယံ ကာဘွန်နိတ်ကို ပုရွက်ဆိတ်တွေက ကြောက်ပါတယ်။

၃။ သံပရာ/ သံပရိုသီး ကလည်း တကယ်စွမ်းတယ်နော်။ မီးဖိုချောင်မှာ ပုရွက်ဆိတ်တွေကို မမြင်ချင်ဘူးဆိုရင် ပုရွက်ဆိတ်လာတဲ့နေရာတွေကို သံပရာရည်ဖြန်းထားလိုက်။ ကြမ်းပြင်တွေကို တိုက်ဆေးရင်လည်း ရေနဲ့သံပရာရည် ရောပြီး ပွတ်တိုက်ပေး ထားလိုက် ပါ။ ပုရွက်ဆိတ်တွေ မလာတော့ပါဘူး။

၄။ ငြုပ်ကောင်း မှုန့်ရဲ့ အနံ့ကိုလည်း ပုရွက်ဆိတွေက မနှစ်သက်ပါဘူး။ အိမ်ထဲမှာ ပုရွက်ဆိတ်တွေ အုံဖွဲ့နေရင် ပုရွက်ဆိတ်အုံပေါ်ကို ငြုပ်ကောင်းမှုန့် ဖြူးလိုက်ပါ။ ပြောင်းရွှေ့သွားကြပါလိမ့်မယ်။

၅။ Talcum Powder လို့ခေါ်တဲ့ ပူရှိန်းရှိန်းပေါင်ဒါလေးတွေ ကလည်း ပုရွက်ဆိတ်မလာအောင် တားဆီးပေးပါတယ်။ ပေါင်ဒါထဲမှာပါတဲ့ tartar, borax, sulfur နဲ့ လေးညှင်းဆီတို့က ပုရွက်ဆိတ်တွေမလာအောင် တားဆီးပေးမှာပါ။၆။ ရှာလကာရည်ကို သုံးပြီးတော့ ပုရွက်ဆိတ် မလာအောင်လည်း တားဆီးနိုင်ပါသေးတယ်။ ရေနဲ့ရှာလကာရည်ကို ဆတူရောပြီး ပုရွက်ဆိတ်လာတဲ့နေရာတွေကို ဖြန်းထားပေးလိုက်ရမှာ ဖြစ်ပါတယ်။
Source : RD

Be the first to comment

Leave a Reply

Your email address will not be published.


*