လူ့အသက်ကို အန္တာရာယ်ပြုနိုင်တာကြောင့် နိုင်ငံတကာမီးသတ်တပ်ဖွဲ့တွေကတောင် သတိပေးလိုက်တဲ့ ကားထဲက ရေသန့်ဗူး အန္တရာယ်…

နိုင်ငံ တကာ မီးသတ်တပ် ဖွဲ့တွေ သတိပေးလိုက် တဲ့ ကားထဲ က ရေသန့်ဗူး အန္တ ရာယ်

မှန် ဘီလူးကိုဖြတ်ပြီး စက္ကူကိုမီးရှို့တဲ့ ဖြစ်စဉ်လေးတစ်ခုကို ငယ်ငယ်က လုပ်ခဲ့ဖူးတာကို ပြန်စဉ်းစားကြည့်လိုက်ရင် မှန်ကိုဖြတ်လာတဲ့ နေရောင်က ဘယ်လောက်အန္တရာယ်များလဲဆိုတာကို သိနိုင်မှာပါ။ဒါနဲ့ပတ်သက်လို့ နိုင်ငံတကာ မီးသတ်အဖွဲ့က သတိပေးချက်လေးတစ်ခုထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒါကတော့ ကားထဲမှာ ရေသန့်ဗူးတွေမထားကြဖို့ပဲဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့ နေပူလာတဲ့အခါ ကားမှန်ကိုဖြတ်လာတဲ့နေရောင်ခြည်က ပလတ်စတစ်ကိုဖြတ်သန်းပြီး အချိန်ကြာလာတဲ့အခါရေဗူးထဲကရေကို ၂၅၀ ဒီဂရီအထိပူလာစေနိုင်ပြီး ကားမီးလောင်မှုဖြစ်ပွားစေနိုင်လို့ပဲဖြစ်ပါတယ်။ ပုံထဲမှာမြင်ရသလိုမျိုး အနေအထားက အမြဲလိုလိုမြင်နေကျဖြစ်လို့ မထူးဆန်းတော့ပါဘူး။ဒါပေမယ့် အဲ့ဒါရဲ့ နောက်ဆက်တွဲအခြေအနေကတော့ တော်တော်ကြောက်ဖို့ကောင်းတာကြောင့် ဒီအချက်လေးတွေကို သတိထားဆင်ခြင်ဖို့ လိုပါတယ်။

ကားထဲက နေရောင်ခြည်ကျရောက်နိုင်တဲ့နေရာတွေမှာ ရေဗူးကိုတင်ထားတာမျိုး၊ ကားထဲမှာ ရေဗူးထည့်ထားပြီး မေ့ကျန်ထားခဲ့တာမျိုး မဖြစ်အောင် အမြဲလိုလိုသတိထားပါ။မဖြစ်မနေ ရေဗူးယူသွားရမယ်ဆိုရင် ကားပေါ်ကဆင်းတာနဲ့ရေဗူးကိုတစ်ခါတည်းယူလာပါ။ ဒါမှမဟုတ်ရင်လည်း နေရောင်မဝင်ရောက်နိုင်မယ့် နေရာမှာ သေချာထားခဲ့ပါ။ထိုင်ခံပေါ်မှာ ပြီးစလွယ်တင်ထားခဲ့တာမျိုးမလုပ်ပါနဲ့။ဖြစ်နိုင်ရင် ကိုယ်သွားမယ့်နေရာ၊ ကိုယ်သောက်မယ့်ရေပမာဏကို ချင့်ချိန်ပြီး ယူသွားဖို့အကြံပေးချင်ပါတယ်။

ပြီးတော့ ရေသန့်ဗူးတွေကို နေပူထဲမှာအချိန်ကြာကြာထားထားတဲ့အခါ ကျန်းမာရေးကိုလည်း ဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်။ရေသန့်ဗူးကို နေရောင်တိုက်ရိုက်ထိတွေ့တဲ့အခါ antimony and bisphenol A (the dreaded BPA) တို့ကိုထုတ်လွှတ်စေပြီး အဲ့ဒီရေကိုသောက်လိုက်တဲ့အခါ ဟော်မုန်းပမာဏပြောင်းလဲခြင်း၊နှလုံးကျန်းမာရေးထိခိုက်ခြင်း၊ကင်ဆာဖြစ်နိုင်ချေပိုများလာခြင်း၊အစာအိမ်နာရောဂါဖြစ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေခြင်း၊ အော့အန်ခြင်း တို့ကိုဖြစ်စေနိုင်ပါတယ်။

ဒီထက်ပိုဆိုးလာရင်တော့ ကိုယ်ဝန်ပျက်ခြင်း နဲ့ မျက်လုံးသွေးကြောတွေထိခိုက်တာမျိုးအထိဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကားမီးလောင်ခြင်း၊ကျန်းမာရေးထိခိုက်ခြင်း စတဲ့ရန်ကနေ ကင်းဝေးဖို့အတွက် ရေသန့်ဗူးတွေကို နေပူထဲ၊ ကားထဲမှာ ထားခဲ့ခြင်းကို ဆင်ခြင်ကြဖို့ နိုင်ငံတကာမီးသတ်အဖွဲ့တွေက သတိပေးချက်ထုတ်ပြန်ထားပါတယ်။