သင့်အိမ် က ကြွက်နဲ့ ပင့်ကူတွေ ကို ဝေးဝေးပြေးမယ့် လက်တွေ့နည်း လမ်းများ

မိန်းကလေးအများစုက ကြွက်တွေ၊ ပင့်ကူတွေကို ကြောက်တတ်ကြပါတယ်။ ဒါပေမဲ့ အိမ်မှာ မီးဖိုချောင် ဝင်ရသူတွေအဖို့ သည်အကောင်လေးတွေနဲ့ မတွေ့မိအောင် နေဖို့ဆိုတာက မလွယ်ကူလှပါဘူး။ ဒါကြောင့် ကြောက်တတ်တဲ့

အကောင်လေးတွေနဲ့ ပက်ပင်းတိုးမိတဲ့ အန္တ ရာယ်ကနေ ကာကွယ်နိုင်ဖို့ နည်းလမ်းကောင်းလေးတွေ ပြောပြမယ်နော်။ကြွက်တွေက အိမ်ကို ညစ်ပတ်စေနိုင်သလို ရောဂါပိုးတွေကိုလည်း သယ်ဆောင်လာတတ်ပါတယ်။ သည်လို

မျိုး သတ္တဝါလေးတွေ ကို နေအိမ်မှာ မရှိစေချင်ဘူးဆိုရင် လုပ်ဆောင်လို့ရမယ့် လွယ်ကူ ရိုးစင်းတဲ့ နည်းလမ်းအချို့ ရှိနေပါတယ်။ကြွက်နဲ့ ပင့်ကူတွေကို ဝေးဝေးပြေးစေမယ့် နည်းလမ်းတွေက

လက်ဖက်ခြောက် အိတ်လေးတွေ – ရေနွေးဆူဆူထဲမှာ လက်ဖက်ခြောက်အိတ် သုံး၊ လေးထုပ်လောက် ထည့်ပါ။ ပြီးရင် အငွေ့လှိုင်လှိုင် ထွက်နေတဲ့အိုးကို ကြွက်တွေ လာနိုင်တဲ့နေရာ၊ ပင့်ကူအိမ်တွေရှိနေတဲ့ နေရာမှာထားက်ပါ။က်

ဖက်ခြောက်က အနံ့ပြင်းလေလေ ပိုကောင်းလေလေပါ။ ရေနွေး အေးသွားတဲ့ အခါမှာလည်း လက်ဖက်ခြောက်အိတ် လေးတွေကို ကြွက်လာရာ လမ်းမှာ ချထားလိုက်ပါ။ သည်နည်းနဲ့ ကြွက်နဲ့ ပင့်ကူတွေကို နှိမ်နှင်းလို့ ရပါတယ်။ နှစ်

ရက်၊ သုံးရက် ဆက်တိုက် လုပ်ဖို့တော့ လိုပါ မယ်။ကရဝေးရွက် – ဟင်းခတ်အမွှေးအကြိုင်တစ်ခုအဖြစ် အများက သိထားကြတာပါ။ သူ့ရဲ့ စူးရှတဲ့အနံ့က ကြွက်တွေနဲ့ ပင့်ကူတွေကို ဝေးဝေးပြေး စေပါလိမ့်မယ်။ ကရဝေးရွက်ကို ခပ်

သေးသေးလေးတွေ ဖဲ့ပြီး ကြွက်တွေ လာရာလမ်းတွေ မှာ ကြဲထားပါ။ ပင့်ကူအိမ်တွေ ရှိတဲ့နေရာမှာ ထားပေးပါ။ ခြောက်သွားတိုင်း အသစ်လဲပေးနိုင်ရင် ပိုကောင်းပါတယ်။ပူရှိန်းသွားတိုက်ဆေး – ပရုတ်ပါတဲ့ ပူရှိန်းရှိန်းသွားတိုက်ဆေး

တွေကလည်း ကြွက်နဲ့ ပင့်ကူတွေကို ခပ်ဝေးဝေး မောင်းထုတ်ပေးနိုင်ပါတယ်။ ကြွက်တွင်းဝ ဒါမှမဟုတ် ကြွက်လာနေကျ နေရာတွေမှာ သွားတိုက်ဆေးတွေ သုတ်ထားပါ။ ဗီရိုတွေ၊ ကြောင်အိမ်တွေမှာ သွားတိုက်ဆေးတွေ သုပ်ပေး

ပါ။ ပင့်ကူအိမ်ေ တွနားမှာ သွားတိုက်ဆေးတွေ ထားပေးပါ။ ခြောက်သွားတိုင်း အနံ့ပြယ်သွားတိုင်း အသစ်လဲပေးပါ။မုန့်ဖုတ်ဆော်ဒါ – အန္တရာယ်အကင်းဆုံး နည်းလမ်းတစ်ခုပါ။ မလိုလားတဲ့ ဧည့်သည်တွေကို အိမ်ကနေ ဖယ်ရှား

ပေးဖို့ တော်တော်လေး အသုံးတည့်ပါတယ်။ကြောင်အိမ်တွေ၊ ဗီရိုတွေနားမှာ မုန့်ဖုတ်ဆော်ဒါတွေ ဖြူးထားလိုက်ပါ။ သူတို့ ရှိနိုင် တဲ့နေရာတွေမှာ မုန့်ဖုတ်ဆော်ဒါတွေ ဖြူးထားလိုက်ပါ။ နှစ်ရက်ကနေ၊ သုံးရက်လောက်အထိဆက်တိုက်

လုပ်ပေးပါ။ မလိုလားတဲ့ ဧည့်သည်တွေ ကင်းဝေးသွားပါလိမ့်မယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*