ကောင်လေးတွေ မမတွေကိုမှ ကြွေမိ ချစ်မိရတာ ဒီအကြောင်းရင်းတွေကြောင့်ပါ

အချစ်ရေးမှာယောျကာ်းလေးတွေကသူတို့ထက်အသက်ကြီးတဲ့မမတွေကိုမှ

အသည်းအသန် ပစ်ကြွေကြတာ မြင်နေကြားနေကြရတာပါပဲ ။ အနုပညာရှင်တွေကြားမှာလည်း မောင်လေးနဲ့မမဇာတ်လမ်းတွေက လူတွေကြားမှာ ထူးထူးခြားခြား စိတ်ဝင်စားခံနေရတာ လူတိုင်းအသိပါပဲ ။

အသက်ငယ်တဲ့ကောင်လေးတွေကသူို့ထက်ကြီးတဲ့မမတွေကိုမှဘာကြောင့်ချစ်မိကြတာလဲဆိုတာအကြောင်းရင်းတွေရှိပါတယ်။အဲဒါကဘာတွေလဲဆိုတာ တချက် ကြည့်လိုက်ရအောင် ။

() အသက်ကွာဟမှု အတွေ့အကြုံ

ကိုယ်နဲ့အသက်တူအရွယ်တူကို ချစ်ရတာဟာ အရာရာပြိုင်ဆိုင်နေရတတ်ပါတယ် ။

ငယ်တဲ့သူကိုချစ်မိရင်ကျတော့ အလိုလိုက် အလျှော့ပေးနေရတာနဲ့တင် စိတ်ပင်ပန်းပြီး  ချစ်စိတ်ကုန်ခမ်းသွားနိုင်ပါသေးတယ် ။ လူဆိုတာလည်း ကိုယ့်ကိုယ့်ကို ဂရုစိုက်တာလည်း ခံချင်ကြတာပါပဲ. ။ ကိုယ့်ထက်အသက်ကြီး အတေါ့အကြုံလည်းရှိသူကို အားကိုးနိုင်ပြီး ချစ်ခံချင်ကြတာကြောင့် မမတွေကို ချစ်မိတတ်ကြပါတယ် ။

() စိန်ခေါ်မှုအသစ်

ကိုယ့်ထက် အသက်ကြီးတဲ့ မိန်းမတစ်ယောက်ကို ချဉ်ကပ်ဖို့ဆိုတာ လွယ်လှတယ်တော့မဟုတ်ပါဘူးနော်။ ယောျကာ်းတွေအတွက် စိန်ခေါ်မှာတွေကို စမ်းသပ်ဖို့အခွင့်အရေးကို ရှာဖွေနိုင်တဲ့အခွေင့်အရေးလည်း ဖြစ်နေပါတယ် ။

() စိတ်ချရတဲ့ အနာဂတ်အရေး

ရည်မှန်းချက်ရှိပြီးအသက်အရွယ်တစ်ခုမှရင့်ကျက်တည်ငြိမ်နေတတ်သူတွေကမမတွေပါပဲနော်။ဒီချိန်မှာအလည်လိုက်နေမယ့်သူမဟုတ်လို့အနာဂတ်ကိုစိုးရိမ်တွေးပူနေစရာမလိုပဲအတူတူအေးဆေးဖြတ်ကျော်လိုက်ရုံပါပဲ။

() ဆုံးဖြတ်ချက်ပြတ်သားတယ်

တစ်ယောက်နဲ့တစ်ယောက်ကြားမှာ အခက်အခဲ အဖုအထစ်တွေရှိလာခဲ့ရင်တော့ အစီအစဉ်တကျ စဉ်းစားချင့်ချိန်နိုင်တဲ့ ပြတ်သားတဲ့အရွယ် မမတွေကြောင့် နောင်တတွေသိပ်မရှိပဲ  ရပ်တည်ချက်အမှန်ရနိုင်တာကြောင့်ဖြစ်ပါတယ် ။

() အတွေ့အကြုံများတယ်

သင့်အတွက်အစစအရာရာအတွေ့အကြုံများတာကြောင့်ဘဝမှာအမှားများမှမကြောက်ရတော့ဘူးနော်။ဗဟုသုတပညာရေးအချစ်ရေးစီးပွားရေးအကုန်တည်ငြိမ်နေပြီဖြစ်လို့မမတွေရဲ့အသိညဏ်အတိုင်းဆိုအမှားနည်းမှာပါ။

() စိတ်မပင်ပန်းရတော့ဘူး

အချစ်ရေးကြောင့်ဖြစ်ဖြစ် မိသားစုအရေးဖြစ်ဖြစ် ရင့်ကျက်တည်ငြိမ်တဲ့အရွယ်ဖြစ်နေတာကြောင့်  မိသားစုချင်းကြားမှာ ပတ်ဝန်းကျင်မှာ လုပ်ငန်းခွင်မှာ မျက်နှာငယ်စရာ စိတ်ရှုပ်စရာမရှိတော့ပါဘူး    ကိုယ်ကတောင် ဆိုးနွဲ့ဂျီကျလို့ရပါသေးတယ် ။

အရေးကြီးဆုံးကတော့မမတွေနဲ့ချစ်သူတော်ခွင့်ရထားရင်တော့မျက်နှာတကြည့်ကြည့်နဲ့ဂရုတစိုက်အချစ်ခံရဖို့ရာနှုန်းပြည့်သေချာပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*