ရုပ်ရည်မမျှပေမယ့် ချစ်ရည်တူမျှကြလို့ တီဗွီထဲမှာတောင် ထုတ်လွှင့်ပြသခံရတဲ့ ချစ်သူစုံတွဲ

ရုပ်ရည်မမျှပေမယ့် ချစ်ရည်တူမျှကြလို့ တီဗွီထဲမှာတောင် ထုတ်လွှင့်ပြသခံရတဲ့ ချစ်သူစုံတွဲ

အချစ်ဆိုတာ မျက်စိမရှိပါဘူး … ဒါပေမယ့် မျက်စိရှိလို့သာ မြင်မြင်ချင်း ချစ်တယ်ဆိုတာ ဖြစ်လာတာပါ။ အချစ်ဆိုတာ မျက်စိမရှိဘူးဆိုတဲ့ အဓိပ္ပါယ်က တကယ်တော့ ကိုယ်ချစ်တဲ့သူဆိုရင် ဘယ်လိုပဲ ချို့ယွင်းချက်တွေ၊ ပြစ်ချက်တွေရှိနေနေ မမြင်ဘူးလို့ ဆိုလိုတာပါ။ ဒီအချက်ကို ဖိလစ်ပိုင်နိုင်ငံသား Roger Casugay နဲ့ ဒက်ချ်နတ်သမီးလေးတို့ရဲ့ ချစ်ပုံပြင်က သက်သေခံနေပါလိမ့်မယ်။

Viral သတင်းမှာ ဖော်ပြထားချက်အရ Roger Casugay အမည်ရ ဖိလစ်ပိုင်နိုင်ငံသားဟာ ဓာတ်ပုံထဲမှာ မြင်ရတဲ့အတိုင်းပဲ အသားရေက မည်းတဲ့ဘက်မှာ ပါပါတယ်။ ရုပ်ရည်အားဖြင့်လည်း မြင်တဲ့အတိုင်းပါဘဲ စွဲဆောင်မှုရှိတဲ့ ရုပ်ရည်မျိုး မဟုတ်ပါဘူး။ ဒါပေမယ့် အရပ်အမောင်းကတော့ ကောင်းပြီး၊ ကျစ်လစ်တဲ့ ခန္ဓာကိုယ်နဲ့ ယောက်ျားပီသတယ်လို့ ဆိုရမှာပါ။

Roger ကတော့ ရေလွှာလှိုင်းစီးနည်းပြတစ်ယောက် ဖြစ်ပြီး၊ လူမှုရေးမှာ အလွန်ဖော်ရွေတယ်လို့ ဆိုပါတယ်။ ဒီမှာတင် ဟော်လန်နိုင်ငံသူ Lisa Verweij နဲ့ ဖိလစ်ပိုင်မှာ စတင်စုံတွေ့ခဲ့ပါတယ်။ စတင်စုံစည်းကာစက သူမရဲ့ အတွေးထဲမှာ Roger ဟာ ရုပ်ဆိုးဆိုး အမျိုးသားတစ်ယောက်ပါဘဲ။ ဒါပေမယ့် သူရဲ့ ဖော်ရွေမှုကြောင့် ရင်းနီးခဲ့ပါတယ်။

မကြာမီ ကာလမှ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် နားလည်မှုတွေ ရှိလာခဲ့ပြီး၊ Roger ကလည်း သူတတ်ကျွမ်းတဲ့ ရေလွှာလှိုင်းစီးနည်းကို သင်ပေးဖို့ အခွင့်အခါ စောင့်နေခဲ့ပါတယ်။ ဒါပေမယ့် Lisa က သူ့ရဲ့ မြင်ကွင်းကနေ ပျောက်ချင်းမလှ ပျောက်သွားခဲ့လို့ မနီလာကို ပြန်သွားတာလား၊ ဒါမှမဟုတ် ဇာတိမြေကိုပဲ အပြီးပြန်သွားတာလား ဆိုပြီး လွမ်းကျန်ခဲ့ရပါသေးတယ်။ နောက်မှ Lisa ကို သူ့သူငယ်ချင်းတွေနဲ့ ပြန်တွေ့ချိန်မှာ Roger တစ်ယောက် အားတင်းပြီး မိတ်ဆက်စကားဆိုခဲ့ရာကနေတဆင့် မိတ်ဆွေတွေဖြစ်လာခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ နှစ်ယောက်သားမှာ ဘာခြားနားချက်မှ မရှိတော့ဘဲ၊ ရုပ်ရည်တွေ၊ အသားရေတွေကို မမြင်တော့ပဲ ချစ်သူတွေဘဝကို ရောက်သွားခဲ့ပါတယ်။သူတို့တစ်တွေဟာ ရုပ်ရည်မမျှပေမယ့် ချစ်ရည်တွေ တူမျှခဲ့လို့ အများရဲ့ အားကျရတဲ့ စုံတွဲတစ်တွဲ ဖြစ်ခဲ့ပါတယ်။

သူတို့နှစ်ယောက်အကြောင်းကို ပြည်တွင်း ရုပ်သံတစ်ခုကနေ ထုတ်လွှင့်ရသည်အထိ နာမည်ကြီးခဲ့ပါတယ်။ သူတို့နှစ်ယောက်နဲ့ပတ်သက်တဲ့ မှတ်တမ်းဗွီဒီယိုဖိုင်ကို အောက်မှာ ဖော်ပြထားပါတယ်။

Zawgyi

႐ုပ္ရည္မမွ်ေပမယ့္ ခ်စ္ရည္တူမွ်ၾကလို႔ တီဗြီထဲမွာေတာင္ ထုတ္လႊင့္ျပသခံရတဲ့ ခ်စ္သူစုံတြဲ

အခ်စ္ဆိုတာ မ်က္စိမရွိပါဘူး … ဒါေပမယ့္ မ်က္စိရွိလို႔သာ ျမင္ျမင္ခ်င္း ခ်စ္တယ္ဆိုတာ ျဖစ္လာတာပါ။ အခ်စ္ဆိုတာ မ်က္စိမရွိဘူးဆိုတဲ့ အဓိပၸါယ္က တကယ္ေတာ့ ကိုယ္ခ်စ္တဲ့သူဆိုရင္ ဘယ္လိုပဲ ခ်ိဳ႕ယြင္းခ်က္ေတြ၊ ျပစ္ခ်က္ေတြရွိေနေန မျမင္ဘူးလို႔ ဆိုလိုတာပါ။ ဒီအခ်က္ကို ဖိလစ္ပိုင္ႏိုင္ငံသား Roger Casugay နဲ႔ ဒက္ခ်္နတ္သမီးေလးတို႔ရဲ႕ ခ်စ္ပုံျပင္က သက္ေသခံေနပါလိမ့္မယ္။

Viral သတင္းမွာ ေဖာ္ျပထားခ်က္အရ Roger Casugay အမည္ရ ဖိလစ္ပိုင္ႏိုင္ငံသားဟာ ဓာတ္ပုံထဲမွာ ျမင္ရတဲ့အတိုင္းပဲ အသားေရက မည္းတဲ့ဘက္မွာ ပါပါတယ္။ ႐ုပ္ရည္အားျဖင့္လည္း ျမင္တဲ့အတိုင္းပါဘဲ စြဲေဆာင္မႈရွိတဲ့ ႐ုပ္ရည္မ်ိဳး မဟုတ္ပါဘူး။ ဒါေပမယ့္ အရပ္အေမာင္းကေတာ့ ေကာင္းၿပီး၊ က်စ္လစ္တဲ့ ခႏၶာကိုယ္နဲ႔ ေယာက္်ားပီသတယ္လို႔ ဆိုရမွာပါ။

Roger ကေတာ့ ေရလႊာလႈိင္းစီးနည္းျပတစ္ေယာက္ ျဖစ္ၿပီး၊ လူမႈေရးမွာ အလြန္ေဖာ္ေ႐ြတယ္လို႔ ဆိုပါတယ္။ ဒီမွာတင္ ေဟာ္လန္ႏိုင္ငံသူ Lisa Verweij နဲ႔ ဖိလစ္ပိုင္မွာ စတင္စုံေတြ႕ခဲ့ပါတယ္။ စတင္စုံစည္းကာစက သူမရဲ႕ အေတြးထဲမွာ Roger ဟာ ႐ုပ္ဆိုးဆိုး အမ်ိဳးသားတစ္ေယာက္ပါဘဲ။ ဒါေပမယ့္ သူရဲ႕ ေဖာ္ေ႐ြမႈေၾကာင့္ ရင္းနီးခဲ့ပါတယ္။

မၾကာမီ ကာလမွ ႏွစ္ေယာက္သား တစ္ေယာက္ကို တစ္ေယာက္ နားလည္မႈေတြ ရွိလာခဲ့ၿပီး၊ Roger ကလည္း သူတတ္ကြၽမ္းတဲ့ ေရလႊာလႈိင္းစီးနည္းကို သင္ေပးဖို႔ အခြင့္အခါ ေစာင့္ေနခဲ့ပါတယ္။ ဒါေပမယ့္ Lisa က သူ႔ရဲ႕ ျမင္ကြင္းကေန ေပ်ာက္ခ်င္းမလွ ေပ်ာက္သြားခဲ့လို႔ မနီလာကို ျပန္သြားတာလား၊ ဒါမွမဟုတ္ ဇာတိေျမကိုပဲ အၿပီးျပန္သြားတာလား ဆိုၿပီး လြမ္းက်န္ခဲ့ရပါေသးတယ္။ ေနာက္မွ Lisa ကို သူ႔သူငယ္ခ်င္းေတြနဲ႔ ျပန္ေတြ႕ခ်ိန္မွာ Roger တစ္ေယာက္ အားတင္းၿပီး မိတ္ဆက္စကားဆိုခဲ့ရာကေနတဆင့္ မိတ္ေဆြေတြျဖစ္လာခဲ့ၾကပါတယ္။

အဲဒီေနာက္မွာေတာ့ ႏွစ္ေယာက္သားမွာ ဘာျခားနားခ်က္မွ မရွိေတာ့ဘဲ၊ ႐ုပ္ရည္ေတြ၊ အသားေရေတြကို မျမင္ေတာ့ပဲ ခ်စ္သူေတြဘဝကို ေရာက္သြားခဲ့ပါတယ္။သူတို႔တစ္ေတြဟာ ႐ုပ္ရည္မမွ်ေပမယ့္ ခ်စ္ရည္ေတြ တူမွ်ခဲ့လို႔ အမ်ားရဲ႕ အားက်ရတဲ့ စုံတြဲတစ္တြဲ ျဖစ္ခဲ့ပါတယ္။

သူတို႔ႏွစ္ေယာက္အေၾကာင္းကို ျပည္တြင္း ႐ုပ္သံတစ္ခုကေန ထုတ္လႊင့္ရသည္အထိ နာမည္ႀကီးခဲ့ပါတယ္။ သူတို႔ႏွစ္ေယာက္နဲ႔ပတ္သက္တဲ့ မွတ္တမ္းဗြီဒီယိုဖိုင္ကို ေအာက္မွာ ေဖာ္ျပထားပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*