အမေ့ဆီ မပို့ဖြစ်လိုက်သော လစာငွေလေး

အမေ့ဆီ မပို့ဖြစ်လိုက်သော လစာငွေလေး

မပို့ဖြစ်လိုက်သော လစာငွေလေး

သို့…..အမေ

အမေတို့ မိသားစုတွေ နေကောင်းကြလါး?သားလဲကျန်းမာစွာဖြင့် တိုင်းပြည်တာဝန်တွေကို ဦးလည်မသုန် ထမ်းဆောင်နေပါတယ် အမေ…

ညီလေးနဲ့ညီမလေး စာတွေကောလိုက်နိုင်ရဲ့လားအမေ…ကျနော်က သားကြီးသြရသ ဖြစ်ပီး အမေတို့နဲ့ ခွဲခွာသွားရတါကို အပစ်မတင်ပါနဲ့နော် …

အမေသား အမေဆီ လစာမှန်မှန်ပို့ပေးတယ်နော ်အမေ ဒီတခေါက် ရှေ့တန်းပြန်ဝင်ရင် သားအမေတို့ဆီဆက်ဆက်ရောက်အောင်လာခဲ့မယ်အမေ။

အမေ …ဒီလတော့ သားလစာပို့တာနောက်ကျမယ်နော် အမေ ….သားလစာက ရှေ့တန်းထိပါလာလို့လေ နောက်တန်းပြန်မဲ့ အကြုံနဲ့သားထည့်ပေးလိုက်ပါ့မယ်အမေ ….

အမေမျှော်နေမယ်ဆိုတါ သားသိတယ်။အဖေမရှိတေါ့တဲ့နောက်ပိုင်း အမေက သားကိုပဲ အါးကိုးနေရတာလေ။အမေ လစာနောက်ကျလို့စိတ်မပူပါနဲ့နော်အမေ သား အမြန်ဆုံး အကြုံနဲ့ထည့်ပေးလိုက်ပါမယ် အမေ။

သားစာဖတ်ပီး ငါ့သားလူလိမ္မာကြီး ကျန်းမာပါစေ ချမ်းသာပါစေ ခလုတ်မထိဆူးမငြိပါစေနဲ့လို့ စာဖတ်ရင်းဆုတေါင်းပီး အမေ မျက်ရည်ကျနေမှာမဟုတ်လား။

မငိုပါနဲ့အမေရယ်…..အမေ့သားအတွက် အမေဂုဏ်ယူလိုက်ပါ အမေ။အမေနဲ့ညီ/မလေး တွေကျန်းမာကြပါစေလို့ သားရှေ့တန်းတနေရာနေ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်…..။

ရှေ့တန်းရောက်သား

Be the first to comment

Leave a Reply

Your email address will not be published.


*