တင်ပါး ပိုမိုလှပပေါ်လွင်စေမယ့် နည်းလမ်း (၆) ခု

ကိုယ်လုံးကိုယ်ပေါက်၊ အသက်အရွယ်နဲ့ ဟန်ပန်အမူအရာကို အသာထား အမျိုးသမီးတိုင်း လုံးဝန်းပြီးလှပနေတဲ့ တင်ပါး မျိုးကို ပိုင်ဆိုင်ချင်ကြပါတယ်။ ဒီ (၆) ချက်က သင့်တင်ပါး ချက်ချင်း ကြည့်ကောင်းရှုဖွယ်ဖြစ်စေပါလိမ့်မယ်။

လေ့ကျင့်ခန်းနဲ့ ခန္ဓာကိုယ်ဂရုစိုက်ထိန်းသိမ်းခြင်းတို့က အဲဒီလို ဖြစ်အောင် လုပ်ပေးနိုင်ပေမယ့် အဝတ်အစား အရွေးမှားရင်လည်း ကြိုးစားသမျှ အချည်းနှီးဖြစ်သွားပါလိမ့်မယ်။ မိမိတင်ပါးထင်ရှားပေါ်လွင်စေချင်ရင် ဒီ (၆) ချက်ကို အမြဲဂရုစိုက်ကျင့်သုံးဖို့ လိုပါတယ်။


၁။ ခါးအသားပေးခြင်း

တင်ပါးပိုကြီးသလို ဖြစ်ဖို့အတွက် ခါးကို အသားပေးရပါမယ်။ ဒါ့ကြောင့် ပွချောင်နေတဲ့ ရှပ်အကျီၤနဲ့ ဂါဝန်တွေ ရှောင်ပါ။ အဲဒီအစား ခါးသွယ်လျစေမယ့် ဟာလေးတွေ ဝတ်ဆင်ပါ။

၂။ ခြေထောက်ကို အထူးဂရိုစိုက်ပါ

အခြေခံကျတဲ့အချက်တစ်ခုက တင်ပါးပေါ်ချင်ရင် ခြေသလုံးတွေဖော်ဖို့ ဝန်မလေးဖို့ပါပဲ။

၃။ ရက်ထည်ပါးပါးလေးတွေနဲ့ ပြုလုပ်တဲ့ စကတ်ကျပ်ကျပ်လေးတွေ ရွေးချယ်ဝတ်ဆင်ပါပိုးဇာလွှာဖြင့်ပြုလုပ်တဲ့ စကတ်တွေက တင်ပါးပျောက်သွားစေပါလိမ့်မယ်။

၄။ အလျားလိုက်အစင်းအကြောင်းနဲ့ အဝဝတ်အစားတွေ ဝတ်ဆင်ပါ

အလျားလိုက် အစင်းအကြောင်းနဲ့ စကတ်နဲ့ ဂါဝန်တွေက အမျိုးသမီးတွေရဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ရည်မွန်ပြီး မိန်းမပိုဆန်စေပါလိမ့်မယ်။

၅။ တီရှပ်ကို စကတ်အတို သို့မဟုတ် ခါးမြင့်စကတ်နဲ့ တွဲဝတ်ပါ

ဒီနည်းဖြင့် တင်ပါးပိုထင်ရှားပြီး အရမ်းမိုက် မိန်းမဆန်တဲ့ ကိုယ်လုံးကိုယ်ပေါက် ရရှိစေပါလိမ့်မယ်။

၆။ ကျပ်ကျပ်လေးနဲ့ အံကိုက်ကျတဲ့ အထည်သားကို ရွေးချယ်ပါ

ဆွဲသား ဂါဝန်၊ စကတ်နဲ့ ဂျင်းဘောင်းဘီတွေက တင်ပါး ပေါ်လွင်စေဖို့ အကောင်းဆုံးပါပဲ။ အသားမကပ်တဲ့ အဝတ်အစားတွေ ရှောင်ပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*