လက်သည်းနီဆိုးပြီးနောက် ကြုံတွေ့ရမယ် ခန္ဓာကိုယ်မှ ထိခိုက်ပျက်စီးသွားတဲ့ အရာများ

ယနေ့ခေတ်မှာဆိုရင် မိန်းမလှလေးတွေတော်တော်များများက လက်သည်းနီ အရောင်စုံလေးတွေနဲ့ အရမ်းကို လှနေကြပါ။ လက်သည်းလေးတွေကို အရောင်လှလှလေးတွေ ဆိုးကြသလို အရုပ်လေးတွေနဲ့လည်း ပုံဖော်ဆိုးကြပါတယ်။

လက်သည်းနီဆိုးဆေးတွေမှာ ဓါတုပစ္စည်းတွေ ပါဝင်တာကြောင့် ထိခိုက်တာတွေ ရှိနိုင်တယ်လို့ အကြမ်းဖျင်း သိထားကြပါတယ်။ ဘယ်လိုဓါတုပစ္စည်းတွေက ခန္ဓာကိုယ်ရဲ့ ဘယ်နေရာတွေကို ထိခိုက်စေသလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

လက်သည်းနီမှာပါဝင်တဲ့tolune ၊dibutyl phthalateနဲ့ formaldehydeသုံးမျိုးက သင့်ရဲ့ ခန္ဓာကိုယ်ကို ဆိုးကျိုးတွေပေးနေတာဖြစ်ပါတယ်။

ပုံမှန်အားဖြင့် လက်သည်းနီဆိုးထားတဲ့ အချိန်အရမ်းကြာလာတဲ့ အခါ လက်သည်းတွေဝါလာပြီး နဂို ပန်းနုရောင်ကို ပြန်မရနိုင်တော့ပါဘူး။ အပေါ်မှာ ပြောပြထားတဲ့ ဓာတုပစ္စည်း သုံးမျိုးကြောင့် ဘာတွေဖြစ်လာနိုင်တယ်ဆိုတာကို အောက်မှာ ပြောပြပေးထားပါတယ်။

(၁) T o l u n e

သင်ဆိုးနေတဲ့ လက်သည်းနီဆိုးဆေးမှာ ပါဝင်တဲ့ Toluneက လက်သည်းကို ပိုပြီးတော့ ချောမွေ့စေပြီး ဆိုးထားတဲ့ အရောင်ကို ပိုပြီးတောက်စေပါတယ်။

ဒါပေမယ့် Toluneပါဝင်တဲ့ လက်သည်းနီဆိုးဆေးတွေက ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ အော့အန်စေနိုင်ခြင်း၊ နွမ်းလျခြင်းတွေကို ခံစားရစေနိုင်ပါတယ်။

ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို လျော့ကျစေတဲ့အပြင် ဆံပင်ကျွတ်ခြင်းကိုတောင် ဖြစ်စေပါတယ်။ ဒါ့ပြင် ကျောက်ကပ်နဲ့ အသည်းတို့ကိုလည်း ထိခိုက်စေနိုင်တာကြောင့် ဆိုးရွားတဲ့ ဓာတုပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ်။

(၂) F o r m a l d e h y d e

Formaldehydeကတော့ လက်သည်းဆိုးဆေးကို ပိုပြီးတာရှည်ခံအောင် ထိန်းပေးထားတဲ့ ဓာတုပစ္စည်းတစ်မျိုးပါ။

Formaldehydeကလည်း ကြောက်ဖို့ကောင်းလောက်အောင် ဓာတုပစ္စည်းကြောင့်ဖြစ်ပေါ်တတ်တဲ့ အဆိပ်သင့်ခြင်း၊ နှလုံးခုန်နှုန်း မူမမှန်ခြင်း နဲ့ ကင်ဆာတွေကိုတောင် ဖြစ်ပေါ်နိုင်တာကြောင့် အရမ်းကိုဆိုးရွားတဲ့ ဓာတုပစ္စည်းတစ်မျိုးပါပဲ။

(၃) D i b u t y l p h t h a l a t

လက်သည်းနီမှာပါတဲ့ Dibutyl phthalateက လက်သည်းဆိုးဆေးကို အရောင်ပိုတောက်အောင် လုပ်ပေးတဲ့ ဓာတုပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။

Dibutyl phthalate က အသက်ရုူလမ်းကြောင်းနဲ့ ပတ်သတ်တဲ့ ရောဂါတွေကို ရရှိနိုင်တဲ့ အပြင် အမျိုးသမီးတွေမှာဆိုရင်တော့ မီးယပ်ရောဂါကို ခံစားရစေနိုင်ပါတယ်။ အဆိပ်အတောက် ဖြစ်စေပြီး အမျိုးသမီးတွေအတွက် ကလေးရဖို့ကိုတောင် အနှောင့်အယှက် ပြုပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ ဓာတုပစ္စည်းတွေပါဝင်တဲ့ လက်သည်းနီတွေက ၆နာရီထက်ကြာအောင် ဆိုးမိခဲ့မယ်ဆိုရင်တော့ အထက်မှာဖော်ပြခဲ့တဲ့ ရောဂါတွေကို ခံစားရနိုင်တာကြောင့် လုံးဝကို ရှောင်ကျဉ်သင့်ပါတယ်။

ဒါကြောင့် လက်သည်းနီဝယ်ယူမယ်ဆိုရင် ဓာတုပစ္စည်းတွေမပါဝင်တဲ့ လက်သည်းနီတွေကို သေချာ ရွေးချယ်ဝယ်ယူဖို့ ထပ်မံအကြံပြုပါရစေ။

Be the first to comment

Leave a Reply

Your email address will not be published.


*