သိပ်အနိုင်ယူလွန်းတဲ့သူတွေက တစ်ချိန်ချိန်မှာရင်ကွဲပတ်လက် ကျန်ခဲ့ရတတ်တယ်

သိပ်အနိုင်ယူလွန်းတဲ့သူတွေက တစ်ချိန်ချိန်မှာရင်ကွဲပတ်လက် ကျန်ခဲ့ရတတ်တယ် ။

ကျွန်တော့် သူငယ်ချင်း တစ်ယောက်ကို တွေ့ဖူးတယ် ။သူ့ ချစ်သူ ကောင်မလေး အပေါ်မှာသိပ်အနိုင်ယူလွန်းတာများ ဘေးကလူတောင်ဝင်တားရတာမျိုး အထိ။ရန်တွေ ဖြစ်ပြီး အနိုင်ယူတယ် ။သူ့ ဘက်က စိတ်တွေ အရင်ဆိုး ၊စိတ်တွေ အရင်ကောက်ပြီး အနိုင်ယူတယ် ။

စကားပြောရင်တောင် ခပ်ကြမ်းကြမ်း။သူ game ဆော့နေတဲ့ အချိန် ကောင်မလေး ။ဖုန်းဆက်လိုက်လို့ကတော့ အော်ပြီ ငေါက်ပြီ ။ဒီလိုမျိုး စရိုက် ရှိတဲ့ ကျွန်တော့်သူငယ်ချင်းကိုဟိုဘက်က ကောင်မလေးများ ချစ်လိုက်တာ တုန်လို့ ။

အရမ်းသည်းခံတယ် ။ငေါက်နေရင် ၊ အော်နေရင်တောင် မျက်ရည်လေး ဝဲပြီး ဘာမှ ပြန်မပြောနိုင်ပဲ ကြည့်နေရှာတာမျိုး။

ဒါပေမဲ့ပေါ့ ။တစ်ဖက်က အရမ်းချစ်ပြီး ဂရုစိုက်ပေမဲ့လည်းထက်တူညီ တုန့်ပြန်မှုတွေ ရောက်မလာတဲ့နောက်ဆုံးတော့ ကောင်မလေး ဘက်က စ .ပြီးလမ်းခွဲထွက်သွားတယ်။ကျွန်တော့် ကောင်ကတော့ အစမှာ အေးဆေးပဲဗျ ။ကျွန်တော်တို့ကိုတောင် –”game အေးဆေး ဆော့လို့ရတယ်” ”သူ မနေနိုင်ဘူး ငါ့ဆီ ပြန်လာလိမ့်မယ် ”ဆိုပြီး ဘာမှ မဖြစ်သလိုလေး ပြောတယ်။

သူ ထင်ထားသလိုတော့ ဖြစ်မလာခဲ့ဘူး။ကောင်မလေးကတော့ သူ့ဆီ ယောင်လို့တောင်ပေါ်မလာခဲ့တာပါ။အဲ့ဒါမှသာ သူ အကြီးအကျယ် ကြေကွဲသွားရပြီ။

သူ့ ဘက်မှာ အမြဲရှိနေခဲ့တဲ့သူ ၊သူ့ ကို အရမ်းချစ်တဲ့သူ ၊သူ့ ကို ဂရုစိုက်ပြီး သူ လုပ်သမျှ သည်းခံပေးတဲ့ သူကိုဆုံးရှုံးသွားရတယ် ။

သူ ဆကိသွယ်တဲ့ ဖုန်းတွေ ကောင်မလေး ဘက်ကမကိုင်တော့ဘူး။သွားတွေ့ရင်တောင် ထွက်မတွေ့တာမျိုး ။မမြင်အောင် ရှောင်တာမျိုးတွေ လုပ်လာတယ် ။

မရှိတော့တဲ့ အချိန်ကျမှ လူတစ်ယောက်ရဲ့ တန်ဖိုးကိုသူ အကြီးအကျယ် နားလည်ပြီးအရမ်းကိုခံစားသွားလိုက်ရတယ်။အလူးလူးအလဲလဲ ကြေကွဲရင်း နောင်တတွေဗလပွပေါ့။

ကျွန်တော် သိလိုက်ရတာက အနိုင်ယူနေရတာ ကိုမကြိုက်ပါနဲ့ ။အချစ်ခံနေရတာကို ဘဝင်တမြင့်မြင့်ကြီး မဖြစ်ပါနဲ့။ကိုယ် အရမ်းအချစ်ခံရသလို တစ်ဖက်ကိုလည်းပြန်ချစ်ပေးသင့်ပါတယ် ။တစ်ဖက်ကိုလည်း ဂရုစိုက်မှုလေးတွေ ပြန်ပေးရပါမယ်။

ကိုယ် လိုတဲ့ အချိန် လှမ်းခေါ်မယ် ။မလိုတဲ့ အချိန် ပစ်ထားမယ် ဆိုတဲ့ စိတ်ဓါတ်ကအရမ်းကို အတ္တဆန်လွန်းတယ်။အဲ့လိုလူမျိုးတွေ က တစ်ချိန်ချိန်မှာ ခံစားရဆုံးပဲ။

ဘယ်လောက်ပဲ ချစ်ချစ် နာကျင်ရတာတွေ များလာတဲအခါထပ်ပြီးတော့ သည်းမခံနိုင်တဲ့ အဆုံး လူတွေကလက်လွှတ်ခြင်း ကို ရွေးချယ်တတ်ကြပါတယ်။ချစ်လျက်နဲ့ လမ်းခွဲတတ်ကြတာမျိုးပါ။

ဒါ့ကြောင့် အချစ်ခံနေရတာကို စိတ်ကြီးဝင်ပြီး အနိုင်ယူဖို့ မကြိုးစားပါနဲ့ ။

Be the first to comment

Leave a Reply

Your email address will not be published.


*