မလှပတဲ့ အိမ်ထောင်ရှင်မ မရှိဘူး အသုံးမကျတဲ့ အိမ်ထောင်ဦးစီးဆိုတာပဲ ရှိတယ်…

ဘဝဆိုတာ ဖြတ်သန်းရခြင်း တစ်ခုမျှသာပဲ။

အချိူ့က ဘဝလက်တွဲဖော် ရတတ်ပေမယ့် အချို့ကတော့ ကံဆိုးစွာ ဘဝခြေထိုးဖော် ရတတ်ပါတယ်။

အိမ်ထောင်ပြုတယ်ဆိုတာ အိတ်ပိတ်ကံစမ်းရသလိုပါပဲ။ အပြင်ပန်းကတော့ ရွေးတာပဲ။ အထဲမှာ ပါချင်ရာ ပါတတ်တာ။ အခန့်မသင့်ရင် ဘယ်တော့မှ မပေါက်မယ့် ထီလက်မှတ်ဟောင်းကြီးနဲ့ လက်ထပ်ရသလို ဖြစ်နိုင်သေးတယ်။

အိမ်ထောင်ရေး သာယာနေရင်တော့ အိမ်ထောင်ကျရတာ သိပ်တော့ မဆိုးရှာပါဘူး။ အိမ်ထောင်ရေးမသာယာရင်တော့ စိတ်ဆင်းရဲရတာနဲ့ သက်တမ်းတိုမယ်။ ရုပ်အိုမယ်။ ငွေကြေး အဆင်ပြေနေရင် ခံသာသေး။ အိမ်ထောင်ရေး အဆင်မပြေရတဲ့ကြား ငွေကြေးပါ အဆင်မြေ….ဒီကြားထဲ အိမ်ထောင်ရေးပါဖောက်ပြန်လာရင်တော့ ဒုက္ခနဲ့လှလှကြီးတွေ့တော့တာပါပဲ။

အိမ်ထောင်ရှင်အမျိုးသမီးတွေဘဝမလွယ်ပါဘူး။

အိမ်ထောင်သည်ဖြစ်လာလို့ ကလေးမယူသေးရင် ကလေးမရအောင် ဆေးထိုးဆေးစား လုပ်ရပါလိမ့်မယ်။ဆေးနဲ့မတည့်သူဆို အသားတွေ မွဲလာမယ်။ အသားတွေ ပွလာမယ်။ အဆီတွေ တက်လာမယ်။ ဒါမှမဟုတ် မတရား ပိန်လာမယ်။ ဗိုက်ခေါက်တွေ ထွက်လာမယ်။

ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးပြီးပြန်တော့လည်း ဗိုက်က ချက်ချင်းပိန်မသွားပါဘူး။ ပူစီပေါင်း လေလျှော့လိုက်သလို အသားတွေ တွဲလာမယ်။ အကြောပြတ်ရာတွေနဲ့ လှချင်တိုင်း လှလာနိုင်တော့မှာမဟုတ်ပါ။

ကလေးများ ရလာတော့ပိုခြေချုပ်မိပါပြီ။ ညည ကလေးကငို၊ သေးကစို အိပ်ရေးကပျက် ကိုယ်ချင်းစာတရားရှိတဲ့ ယောက်ျားဆို တော်သေး။ မဟုတ်ရင်တော့ လူရုပ်တောင် ပေါ်မှာ မဟုတ်ဘူး။

မိန်းမဖြစ်ရဘဝမလွယ်ပါဘူး။ လူမဆန်ကိုယ်ချင်းစာတရား အသိတရားမရှိတဲ့တချို့ယောကျ်ားတွေ ယူခါစတုန်းကလို မလှမပဖြစ်နေတဲ့မိန်းမတွေကို စိတ်ကုန်တယ်လေနဲ့ဖြစ်ရပြန်တယ်။

ရှာတဲ့ပိုက်ဆံက နှစ်ပဲခြောက်ပြားနဲ့အိမ်ကမိန်းမကို စိတ်ကုန်ရတယ်ပြောထွက်ရဲသေး

ပေးလိုက်လေ…ပိုက်ဆံများများ တစ်ကိုယ်လုံး ပေါင်းအထပ်ထပ် တင်ခိုင်းလိုက်…ဆံပင်ကစလို့ ခြေမခြေသည်းခွံထိပိုက်ဆံပေးရင် လှအောင်ပြင်လို့ရတယ်…

ညီညီမောင်(စမ်းချောင်း)ကနေကွင်းသုသုလို ကြွကြွရွရွ ဖြစ်နိုင်တဲ့ခေတ်မှာ ကိုယ့်မိန်းမကိုယ် ငွေပုံပေးပြီးအလှပြင်ခိုင်းလိုက်လေ…

တစ်ချို့ယောက်ျားတွေ ကိုယ်တိုင်က အသုံးမကျဘဲ ကိုယ့်မိန်းမ မလှနိုင်တာကို အပြစ်တင်နေတတတ်ကြတယ်

မလှတဲ့ အိမ်ထောင်ရှင်မ မရှိဘူး… အသုံးမကျတဲ့ အိမ်ထောင်ဦးစီးပဲ ရှိတယ်…

မိန်းမတွေများစုက အိမ်ထောင်ကျ ကလေးတွေရလာပြီဆိုရင် သူတို့စိတ်နဲ့ခန္ဓာက လင်ယောကျ်ားနဲ့သားသမီးအတွက်ပဲ အစစရာရာဦးစားပေးစဉ်းစားတတ်ကြတယ် သူ့တို့အတွက်ကိုသူတို့အချိန်ပေးဖို့မေ့သွားတတ်ကြတယ်။

သူတို့ကိုယ်သူတို့ အရင်ကလိုလှလှပပ မနေတော့ပဲ ဖိုတီဖတ်သပ်ဖြစ်နေရခြင်းက သူတို့ရဲ့ရင်သွေးလေတွေအတွက် ပိုက်ဆံတွေစုပြီး ကောင်းကောင်း ပြုစုပျိုးထောင်နိုင်ဖို့အတွက်ပါ။

ကိုယ့်အတွက် ဘဝတစ်ခုလုံးပုံအပ်ထားတဲ့ မိန်းမကို အလှတစ်ခုထဲကို ကြည့်ပြီး စိတ်ပျက်စရာလို့မြင်ရင်…..အချိန်ကိုကြည့်…..အရွယ်ကိုကြည့်……တွေးရပြောရထိန်းချုပ်ရတဲ့အရာတွေကိုကြည့်လေ..

၁၈နှစ်နဲ့၃၈နှစ်မတူနိုင်သလို ၁၈နှစ်အတွေးနဲ့၃၈နှစ်အတွေးကွာဟမယ်လေ…

အိမ်ထောင်ရှင်ဇနီးတာဝန်ဝတ္တရားတွေကြီးလာလေသူတို့ရဲ့ရုပ်ခန္ဓာကိုယ်တွေပျက်စီးယိုယွင်းလာလေပါပဲ။လူပဲဘာသားနဲ့ထုထားတာမို့လဲ အသွေးသားနဲ့တည်ဆောက်ထားတာလေနော်။ယူထားတုန်းကတော့ ဆယ်ကျော်သက်/နှစ်ဆယ်ကျော်လေး ငယ်ရှိန်နဲ့လှပနုပျိုချိန်…အဲဒီလိုနုပျိူမြစ်ခြင်းတွေစားသုံးပြီး….အရွယ်တွေကျလာ

သားသမီးတွေမွေးပေး….ကိုယ့်လက်ထဲရောက်လာမှအချိန်ကြာလာတာနဲ့အမျှအရင်ကလိုမလှမပဖြစ်လာတာကိုယ့်ပရောဂကြောင့်လားဆိုတာလည်းထည့်စဉ်းစားတတ်ရပါမယ်။

ကိုယ်ယူထားတဲ့ဇနီးမယားအပေါ် ဘယ်လောက်တာဝန်ကျေခဲ့လဲ…..အပျိုဘဝမှာ နေချင်သလိုနေ စားချင်သလိုစား လှလှပပဖြစ်နေတဲ့မိန်းမတစ်ယောက် အခုသူမ ဘာကြောင့်မလှမပဖြစ်နေရလဲ…. သူမလှပအောင် သင်ဘယ်လောက်ပံ့ပိုးပေးနိုင်ခဲ့လဲ…..သူမအရင်ကလိုမလှပနိုင်တော့တာ ဘာကြောင့်လဲ

အရင်ကအရမ်းစိတ်သဘောထားကောင်းတဲ့မိန်းမ တစ်ယောက်က အခုမှစိတ်မကြည်မရွှင် စိတ်ဆိုးစိတ်ကောက်ဖြစ်နေရတာ သင်ကိုယ်တိုင် မိသားစုအပေါ် တာဝန်ကျေခဲ့ရဲ့လား ……အိမ်ထောင်ရှင်အမျိုးသားများ တရားမျှတစွာ တွေးတတ်ကြပါစေ။

သင်ယူထားတဲ့မိန်းမ သင့်အတွက်အချိန်မပေးတော့ပဲ ကိုယ့်ဟာကိုယ် အချိန်ပြန်ပေးတဲ့အချိန်ကြရင် အရင်ကထက် အဆတစ်ရာ ပြန်လှလာနိုင်တယ်ဆိုတာ သင်မမေ့ပါနဲ့…..

Credit- ✍️

Myanmar Ma Lay

လေးစားလျှက် _ပြန်လည်မျှဝေပါသည်

Be the first to comment

Leave a Reply

Your email address will not be published.


*