ငရုတ်သီးစိမ်းစားရင် ဘယ်လိုကောင်းကျိုးတွေ ရရှိနိုင်မလဲ

ငရုတ်သီးစိမ်းက စပ်တာအပြင် ဘာကောင်းကျိုးတွေ ရနိုင်မလဲလို့ တွေးနေတယ်မလား။ ဟုတ်ပါတယ်။ ငရုတ်သီးစိမ်းက စပ်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေကြွယ်ဝစွာ ပါဝင်ပြီး အစိမ်းရောင် ငရုတ်သီးနဲ့ အနီရောင်ငရုတ်သီးအပ်တွေမှာတော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်နေပါတယ်။ ဒါ့အပြင် ငရုတ်သီးမှာ အခြားသော အာဟာရတွေအပြင် ဘယ်လိုအကျိုးကျေးဇူးတွေ ရှိသေးလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်နော်။

၁။ အအေးမိခြင်း

နေမကောင်းချင်သလို အအေးမိသလို ဖြစ်နေတဲ့အချိန်မှာ ငရုတ်သီးစပ်စပ်ကို ပူပူစပ်စပ်လေးစားလိုက်မယ်ဆိုရင် ချွေးတွေထွက်လာပြိး နေပြန်ကောင်းသွားနိုင်ပါတယ်။ ဒါက တကယ်လက်တွေ့မှာလည်း အသုံးဝင်ပါတယ်။ ငရုတ်ကောင်းပေါက်ပေါက်ကို ငရုတ်သီးပူပူစပ်စပ်နဲ့ စားနေကြပါတယ်။ ဒါက ခန္ဓာကိုယ်ကိုလည်း အာဟာရဖြစ်စေတဲ့အပြင် ကိုယ်ခံစွမ်းအားစနစ်ကိုလည်း ထောက်ပံ့ပေးနိုင်တာကြောင့် နာမကျန်းဖြစ်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ။်

၂။ မျက်စိအားကောင်းစေခြင်း

ငရုတ်သီးစိမ်းမှာ ဗီတာမင်စီဓာတ်ပါဝင်ပါတယ်။ ငရုတ်သီးစိမ်းမှာပါတဲ့ ဗီတာမင်စီက အကောင်းဆုံးဓာတ်တိုး ဆန့်ကျင်ပစ္စည်းဖြစ်တာကြောင့် မျက်စိနဲ့ အမြင်အာရုံကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် အတွမ်းတိမ်ဖြစ်လာနိုင်တဲ့ အန္တရာယ်ကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဗီတာမင်အေကြွယ်ဝမှုကြောင့်လည်း မျက်စိကျန်း မာရေးအတွက် အလွန်ကို အထောက်အကူဖြစ်စေနိုင်ပါတယ်။

၃။ အသားအရေးကို ကောင်းမွန်စေခြင်း

ငရုတ်သီးမှာပါဝင်တဲ့ ဗီတာမင်စီက အသားအရေကိုလည်း နုပျိုးစေပြီး အရေပြားဆဲလ်တွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ အရေးအကြောင်းတွေကိုလည်း မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အပြင် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၄။ အနာကျက်မြန်စေနိုင်ခြင်း

ငရုတ်သီးစိမ်းမှာပါတဲ့ ဗီတာမင်စီက အနာနဲ့ ဒဏ်ရာတွေကို အကျက်မြန်စေနိုင်ပါတယ်။ အရေပြားအသစ်ဖြစ်ပေါ်မှုကို ကူညီပေးတဲ့ ဗီတာမင်စီက အနာကျက်မြန်စေနိုင်ပါတယ်။ ကိုယ်ခံစွမ်းအားကောင်းမွန်ခြင်းကြောင့်လည်း အနာကျက်မြန်စေနိုင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*