လက်ဝါနှစ်ဖက် ကို ပူး ကပ်ကြည့်ပြီး သင့်ရဲ့ လက်တွဲဖော်က ဘယ် လို လူစားမျိုး လဲဆိုတာ မှန်း လို့ ရပါတယ်

ဒီ တခါပြောပြမှာကတော့ လက်နှစ်ဖက်ကို ပူးကြည့် လိုက်လို့ သင့်ချစ်သူ ဘယ်လိုပုံစံမျိုး ဖြစ်မလဲဆိုတာကိုပါ။ ဒါပေမယ့် ဒါဟာ ၁၀၀% မှန်တယ်လို့ စာရေးသူမဆိုလိုပါဘူး။

သင့် ချစ်သူရဲ့ လက်ဖဝါးကို ကြည့်လိုက်ပါ။ သင့်ချစ်သူ ရဲ့ လက်ဖဝါးက အချစ်လမ်းကြောင်းကနေ သူတို့ရဲ့ စိတ်နေသဘောထားကို အနည်းငယ် မှန်းဆကြည့်လို့ရနိုင်ပါတယ်နော်။

စာဖတ်သူတို့ရဲ့ စိတ်သဘောထား နဲ့ တိုက်ဆိုင်တယ် မဆိုင်ဘူးဆိုတာကို ဝေဖန်ချက်ပေးလို့ရပါတယ်။

၁။ လက်ဖဝါးပေါ် က အချစ်ရေးလမ်းကြောင်း အတူတူ ဖြစ်နေရင်

သင့်ချစ်သူ ရဲ့ လက်ဖဝါးဟာ အခုလိုပုံစံမျိုးဖြစ်နေရင် အရမ်းကို ကံကောင်းတဲ့သူလို့ မှတ်ယူလိုက်ပါတော့နော်။ ဒီလက်ဖဝါးပိုင်ရှင်မျိုးဟာ သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို တကယ်အလေးနက်ထားတဲ့သူတစ်ယောက်ပါ။

သင့်ချစ်သူဟာ ဆင်ခြင် တုံတရားရှိသူဖြစ်ပြီး ကောက်ကျစ်ယုတ်မာမှုကို ရွံမုန်းတဲ့သူဖြစ်ပါတယ်။ သင့်ချစ်သူ (သို့) လက်တွဲဖော်ဟာ ပညာရှိပြီး နူးညံ့သိမ်မွေ့တယ်၊ တခြားသူတွေရဲ့ ထင်မြင်ယူဆချက်တွေကိုလည်း အလေးနက်ထားတဲ့သူ ဖြစ်ပါတယ်။

၂။ ညာဖက်အချစ်လမ်းကြောင်းက ဘယ်ဖက် ထက် ပိုနှိမ့်နေသူ

သူတို့တွေကတော့ အချစ်ဆိုတာ ပျော်ရွှင်စရာတွေကို ယူဆောင်လာပေမယ့် အရာတစ်ခုလို ခံယူထားကြပါတယ်။ သူတို့ထက် အသက်ငယ်တဲ့သူ (သို့) လူမျိုးခြားတွေကို သဘောကျနှစ်ခြိုက်ကြပါတယ်။ သူတို့တွေဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိကြတဲ့ သူတွေဖြစ်ပါတယ်။

၃။ ဘယ်ဖက် လမ်းကြောင်းက ညာဖက်လမ်းကြောင်းထက် ပိုနှိမ့်နေရင်

အဲဒီလိုလက်ဖဝါးမျိုး ပိုင်ဆိုင်ထားသူတွေဟာ သူတို့ထက် အသက်ကြီးတဲ့ သူတွေကို သဘောကျတဲ့သူတွေ ဖြစ်ပါတယ်။ ဒီလက်ဖဝါး ပိုင်ရှင်မျိုးဟာ သူတို့ရဲ့ ရှိရင်းရှိ အသက်ထက်ကို ပိုတော်ပြီး ပိုရင့်ကျက် ကြပါတယ်။

ချစ်တတ်တယ်၊ ကြင်နာ တတ်ပြီး၊ အရမ်းလည်း Romantic ဆန်တဲ့သူတွေဖြစ်ပါတယ်။ သူ့တို့မှာ ဆဌမမြောက် အာရုံရှိလို့ သင်အမှားလုပ်ရင်လည်း ခန့်မှန်းသိရှိနိုင်တဲ့သူတွေပါနော်။

Be the first to comment

Leave a Reply

Your email address will not be published.


*