”ကျီးပေါင်း အတွက် ကြပ်ထုပ်ပြု လုပ် နည်း”

ပြုလုပ်ပုံံ အဆင့်ဆင့်။

ပိတ်စအဖြူ…ချည်ထည် အကြမ်း အဖြူရောင်တစ်ကိုက်ဝယ်ပာ(ကြပ်ထုပ်၃ထုပ်စာရသည်) မိဿ လင်အမှုန့်..အကြမ်းပန်းကန်တစ်လုံးစာကို..ပိတ်စနှစ်ထပ်ဖြင့်ထုပ်ရမည်။အတွင်းခံပိတ်စ..(၁၁)လက်မပတ်လည်။အပြင်ခံပိတ်စ(၁၄)လက်မပတ်လည်ထုပ်ရပာမည်။

နှစ်ကြာခါးနာ။ဇက်ကြောတက်ဝေဒနာ သည်များ ။ဆောင်းရာသီတွင်အအေးပတ်လျှင်ခေါင်းမူးတတ်သူ များအတွက်..ရေနွေးငွေ့ဖြင့်အပူပေး၍အချိန်မရွေးကြပ်ထုပ်ထိုးပေးနိုင်ပါသည်။

အထုပ်နှစ်ထုပ်ပြုလုပ်ပြီး တစ်လှည့်စီ နာရီဝက်ခန့်ထိုးပါ။ မုံညှင်းဆီ၊နှမ်းဆီ အရင်လိမ်းပြီးမှထိုးလျှင်ပို၍ချောမွေ့ပါသည်။

ဆေးခန်းသွား၍ငွေကုန်ခံမည့် အစား မိမိအိမ်တွင်သက်သာမည့်နည်းလမ်းဖြစ်ပါသည်။

မိဿလင်တစ်မျိုးတည်းနှင့် ကျီးပေါင်းပြေ။ဒဏ်ကျေစေနိုင်ပါသည်။ပရဆေးဆိုင်မှာမိဿလင်ဥဝယ်ပြီးအမှုန့်ကြိတ်အပ်လိုက်လျှင်ရပါသည်။ အခိုးထွက်သည့်ပိတ်စအကြမ်းကိုအသုံးပြုပါ။

ဇက်ကျီးပေါင်း။ခါးဆစ်ကျီးပေါင်း ကို မိဿလင်ကြပ်ထုပ်ထိုးပြီးလျှင် သင်္ဘောရွက် ကိုပျော့အောင်ရေနွေး ခဏစိမ်ပြီးကပ်ပေးပါ။

ကျီးပေါင်းတဖြည်းဖြည်း ပါ:သွားပါလိ မ့်မည်။ေ ဆးပူတွေအမြဲမလိမ်းပါနှင့်။ပရုပ်ဆီမလိမ်းပါနှင့်။ပူလျှင်ယားလျှင်သနပ်ခါးမြစ်နှင့်ဆားသွေးလိမ်းပါ။

ဆရာကြည်လွင်မြင့်် မုဒြာ

Be the first to comment

Leave a Reply

Your email address will not be published.


*