
ကျောက်ကပ်ဟာ ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်တဲ့အဆိပ်အတောက်တွေကို ဆီးအဖြစ်စွန့်ထုတ်ဖို့အတွက် လုပ်ဆောင်နေတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်ပါတယ်။ ကျောက်ကပ်ကိုထိခိုက်စေတဲ့ဓာတ်တွေအများအပြားပါဝင်တာကြောင့် ဆင်ခြင်ပြီးစားသင့်တဲ့အစားအစာတွေကတော့ ဒါတွေပဲဖြစ်ပါတယ်။
(၁) ထောပတ်သီး
ထောပတ်သီးက အာဟာရကြွယ်ဝတဲ့အသီးတစ်မျိုးဖြစ်ပေမယ့် ပိုတက်စီယမ်ပါဝင်မှုပမာဏများလွန်းတာကြောင့် တော်ရုံသင့်ရုံမဟုတ်ဘဲ အလွန်အကျွံစားလိုက်ရင် ကျောက်ကပ်ကိုထိခိုက်စေတဲ့အပြင် ကြွက်သားနာကျင်ခြင်း၊ နှလုံးခုန်မြန်ခြင်း စတာတွေကိုပါဖြစ်စေပါတယ်။
(၂) အနီရောင်အသား
အနီရောင်အသားမှာပါဝင်တဲ့ ပရိုတင်းဓာတ်က ချေဖျက်ဖို့ခက်တာကြောင့် အများအပြားစားလိုက်မယ်ဆိုရင် ကျောက်ကပ်မှာကျောက်တည်စေနိုင်ပါတယ်။
(၃) ဆား
ဆားပါဝင်မှုများတဲ့ သရေစာတွေ၊ အသင့်စားအစားအစာတွေက ကျောက်ကပ်မှာကျောက်တည်စေပါတယ်။ အေးခဲထားတဲ့ပီဇာ၊ အရသာမှုန့်နဲ့ အသင့်စားအာလူးကြော် စတဲ့အစားအစာတွေကို အထူးရှောင်သင့်ပါတယ်။
(၄) ငှက်ပျောသီး
ငှက်ပျောသီးမှာ ပိုတက်စီယမ်ပါဝင်မှုမြင့်မားတာကြောင့် တစ်နေ့ကို နှစ်လုံးထက်ပိုမစားသင့်ပါဘူး။ တစ်နေ့ကို ငှက်ပျောသီးနှစ်လုံးထက် ပိုစားလိုက်ရင် ကျောက်ကပ်ကိုထိခိုက်စေနိုင်ပါတယ်။
(၅) လိမ္မော်ရည်
လိမ္မောသီးက ဗီတာမင် စီ ကြွယ်ဝတဲ့အသီးဖြစ်ပေမယ့် လိမ္မော်သီးကိုလတ်လတ်ဆတ်ဆတ်ညှစ်ထားလို့ရလာတဲ့ လိမ္မော်ရည်ကတော့ ကျောက်ကပ်ကိုထိခိုက်စေပါတယ်။ ဒါကြောင့် အသီးဖျော်ရည်သောက်မယ်ဆို လိမ္မော်သီးကိုညှစ်ပြီးရလာတဲ့လိမ္မော်ရည်ကို မသောက်ပါနဲ့။ တခြားအသီးဖျော်ရည်တွေကိုပဲ သောက်ပါ။
Leave a Reply