အိမ် မှာ ခြင်ဆေး ခွေ ၊ အမွေးတိုင် များ အသုံးပြု နေပါက မဖြစ် မနေ သိထားသင့် တဲ့ အချက် များ

အိမ် မှာ ခြင်ဆေး ခွေ ၊ အမွေးတိုင် များ အသုံးပြု နေပါက မဖြစ် မနေ သိထားသင့် တဲ့ အချက် များ

ကမ္ဘာ့လူသုံးကုန် ပစ္စည်းများအဖွဲ့ရဲ့ ကြေညာချက် အရ နှစ်စဉ် အမေရိကန် လူမျိူး ၃၃.၁မီလီယန်လောက်ဟာ အိမ်သုံးပစည်းများကြောင့် ကျန်းမာရေး ထိခိုက်ခြင်း ကို ခံစားနေရတယ်လို့ ဆိုပါတယ်။

ထိုသို့ဖြစ်ရခြင်း ဟာ အိမ်သုံးပစ္စည်းများ တွင်ပါဝင်သော ဓာတုပစ္စည်းများကြောင့်လို့ သိပံပညာရှင် များက ယုံကြည်ကြပါတယ်။

(၁)ခြင်ဆေးခွေ

မြန်မာနိုင်ငံလို ခြင်ပေါတဲ့နိုင်ငံအနေနှင့်တော့ ခြင်ဆေးခွေဟာ မရှိမဖြစ်အရေး ပါပါတယ်။ အထူးသဖြင့် နယ်ဘက်လို နေရာမျိူးတွေမှာဆိုရင် ခြင်ဆေးခွေကို အိမ်တိုင်းနီးပါး အသုံးပြုကြပါတယ်။

ခြင်ပြေးစေ တာမို့ ခြင်နှင့် ပတ်သက်သော ကျန်းမာရေးပြဿနာများကို တားဆီးနိုင်သော်ငြားလည်း အခြားသော ကြောက်စရာရောဂါတွေကိုတော့ လက်ယပ် ခေါ်နေသလို ဖြစ်စေကြောင်းတွေ့ရှိထားပါတယ်။

သိပံပညာရှင် တွေရဲ့ စမ်းသပ်ချက် များအရ ခြင်ဆေးတစ်ခွေကနေလာသော မီးခိုးငွေ့တွေဟာဆိုရင် ဆေးလိပ်ပေါင်း ရ၅လိပ်ကနေ ၁၃ရလိပ်ကနေထွက် လာသော မီးခိုးငွေ့တွေနဲ့ ညီမျှတယ်ဆိုတာသိရပါတယ်။

အဆုတ်နဲ ့ပတ်သက်သော ရောဂါဆိုးကြီးတွေ ဖြစ်ပေါ်စေဖို့ ကောင်းကောင်းလုံလောက်သောပမာဏပဲ ဖြစ်ပါတယ်။

(၂)လေသန့်ဆေးများ (air fresheners)

-လေသန့်ဆေးဗူးတွေမှာဆိုရင်terpenesနှင့် ethylene ကိုအခြေခံ ထားသော glycol ether ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။

ပထမဒြပ်ပေါင်းဟာ လေနှင့် ထိတွေ့တာနှင့်တပြိုင်တည်း အဆိပ်ငွေ့များအဖြစ်ပြောင်းလဲသွားပြီး ဒုတိယ ဒြပ်ပေါင်းကတော့ သူ့ပင်ကိုသဘာဝကိုကပင် အဆိပ်အတောက်များ ပါရှိပါတယ်။

ဒါကြောင့် လေသန့်ဆေးဗူးတွေကို မဖြစ်မနေ အသုံးပြုမယ်ဆိုပါက လေဝင်လေထွက်ကောင်းသော နေရာမျိူးနှင့် အခန်းကျယ်များတွင်သာ အသုံးပြုသင့်တယ်နော်။

(၃)ပရုတ်လုံး

ပရုတ်လုံးတွင် ပါသော paradichlorobenzene ဆိုတဲ့ ဒြပ်ပေါင်းဟာ တိရစ္ဆာန် များကို ကင်ဆာဖြစ်စေနိုင်ပါတယ်။လူတွေကိုတော့ ထိုသို့ကင်ဆာဖြစ်နိုင်စွမ်းရှိမရှိ သက်သေမပြနိုင်သေးသော်လည်းသတိထားသင့်သောအရာ ဖြစ်ပါတယ်။

အချိူ့ပရုတ်လုံး များတွင်ပါဝင်သော naphthalene ဟာ လူတွေ ရဲ့ သွေးနီဥတွေ ကို ပျက်စီးစေတာမို့ မွေးရာပါ G6PD ချိူ့တဲ့သော ကလေးငယ်တွေအနေနဲ့ အထူးရှောင်ရှားရပါတယ်။

(၄) အမွေးတိုင်

ခြင်ဆေးခွေများ မှာလိုပဲ အမွေးတိုင်က ထွက်လာတဲ့ အငွေ့တွေ့မှာ ကျန်းမာရေးကို ဆိုးကျိူး ဖြစ်ပေါ်စေသော ဓာတ်တွေ အမြောက်အများပါဝင်တာကို တွေ့ရပါတယ်။ ပန်းနာရင်ကျပ်နှင့်အဆုတ်ရောဂါကနေ ကင်ဆာဖြစ်နိုင်သည်အထိ ဆိုးကျိူးဖြစ်ပေါ်နိုင်ပါတယ်။

(၅)ကြိတ်သား

ယခုအခါ ကြိတ်သားဖြင့် ပြုလုပ်သော ပရိဘောဂ များကို အိမ်တိုင်းနီးပါးမှာ အသုံးပြု လာကြတာတွေ့ရပါတယ်။အမြင်အားဖြင့် လှပသလို ဈေးနှုန်းကလည်း ချိူသာတာမို့ လူအသုံးများလှပါတယ်။

ဒါပေမယ့်လည်း ကျန်းမာရေးရှုထောင့်ကကြည့်ပါက အန္တရယ် ရှိတာကို တွေ့ရှိရပါတယ်။ ကြိတ်သားဖြစ်လာဖို့အတွက် အသုံးပြုရသော ကော်အမျိူးအစားမှာ urea formaldehyde ပါဝင်ပြီး

ထိုကနေတဆင့် သင့်အခန်းအတွင်းသို့ အန္တရယ်ရှိသော formaldehyde များကို ထုတ်လွတ်ပေးမှာ ဖြစ်ပါတယ်။သင့်အခန်းဟာ ပူနွေးစိုစွတ်လေလေ ဖော်မယ်ဒီဟိုက်များကို ပိုမိုထုတ်လေလေဖြစ်စေမှာပါ။

ကြာရှည်ထိတွေ့ရတာနဲ့တပြိုင်နက် ပန်းနာရင်ကျပ်၊အဆုတ်ကင်ဆာစသော အဆုတ်ပြဿနာများကို ဖြစ်ပေါ်စေမှာမို့ သတိထားသင့်တယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*