
ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အသုံးဝင်တဲ့ ပန်းသီးရှာလကာရည်ကို ဘယ်လို လုပ်မလဲ။
ပန်းသီးရှာလကာရည်ကို ဝယ်ရခက်တယ်လို့ ပြောနေကျသူတွေအတွက် အိမ်မှာဘဲ ပန်းသီးရှာလကာရည် လုပ်လို့ရတဲ့ နည်းလမ်းလေးကို ဝေမျှလိုက်ပါတယ်နော်။
ပန်းသီးရှာလကာရည် လုပ်ဖို့ လိုအပ်တာတွေက
၁။ ပန်းသီးအသေး ဆို ၃ လုံး၊ ပန်းသီး အကြီးဆို ၂လုံး(ဓာတု ဆေးဝါးမသုံးစွဲထားတဲ့ organic အသီးလေးတွေ သုံးရ င်ပိုကောင်းပါတယ်)
၂ ။သကြား အညို လက်ဖက်ရည်ဇွန်း ၃ ဇွန်း
၃ ။ ရေ ကျက်အေး
” ပြုလုပ်နည်း ”
ပန်းသီးလေးတွေ ကိုရေဆေးပြီး အစိတ်လေးတွေ စိတ်လိုက်ပါ။ ပြီးရင်ကြိတ်စက်ထဲထည့်မွှေပါ ။(အခွံပါထည့်လို့ရပါတယ်)
ထို့နောက် သန့်ရှင်းပြီး အဝကျယ်တဲ့ ပုလင်းအလွတ်တစ်လုံးထဲထည့်လိုက်ပါ။
သကြားလ က်ဖက်ရည်ဇွန်း ၃ ဇွန်းကို ရေကျက်အေး တစ်ခွက်နဲ့ရောပြီးပန်းသီးတွေအပေါ်ကနေ လောင်းချပါ။(ပန်းသီးတွေကို မြှပ်အောင်လောင်းချပါ )
လက်သုတ် ပါဝါ သန့်သန့် နဲ့ အပေါက်ကို အုပ်လိုက်ပြီး သားရေကွင်းနဲ့ စီးထားပါ။
ဒါမှမကောင်းတဲ့ အနံ့တွေ ထွက်သွားနိုင်မှာဖြစ်ပါတယ်။
အဲ့ဒီပုလင်း ကို ခြောက်သွေ့၊ နွေးထွေးပြီး အလင်းရောင် တိုက်ရိုက်မကျတဲ့နေရာမှာ ၂ ပတ်ကနေ ၃ပတ်ကြားထားပါ။
ပြီးရင် ပန်းသီးကြိတ်ပြီးသား အဖတ်တွေ ဖယ်လိုက်ပါ။
ပုလင်းကို ခြောက်သွေ့၊ နွေးထွေးပြီး အလင်းရောင် တိုက်ရိုက်မကျတဲ့နေရာမှာ ပြန်ထားပါ။
သိမ်းထား အချိန်အတွင်း ရက်အနည်းငယ်ကြာရင် တစ်ခါ ပလပ်စတစ် သို့ သစ်သား ဇွန်းနဲ့ မွှေပေးပါ။
( ၄ ပတ်ကနေ ၆ ပတ်အကြား သိမ်းထားပါ )
၄ပတ်ကြာတဲ့အခါမှာ ပန်သီး ရှာလကာရည်ကို မြည်းကြည့်ပြီး ကိုယ့်ကြိုက်တဲ့ အနေအထားမျိုးရလာရင် အဖုံအပိတ်ပါတဲ့ ပုလင်းတစ်လုံးထဲပြောင်းထည့်ပြီး အသုံးပြုလို့ရပါတယ်။
ဆေးဖက်လည်း ဝင်သလိုအလှပအတွက်လည်းအသုံးပြု ရလို့ကိုယ်တိုင်လုပ်ကြည့်စေချင်ပါတယ်
ကျွန်မ တော့ အိမ်မှာစမ်းသပ်လုပ်ကြည့်တာ…အောင်မြင်လို့ ..ငွေကုန်ရကျိုး ရှာဝယ်ရတဲ့အချိန် ကုန်ရကျိုးနပ်ပါတယ်။အလွယ်လေးမို့ လုပ်ကြည့်ကြပါနော် …။
Leave a Reply