နိုင်ငံတကာက အလှ အပလျှို့ဝှက်ချက်များ

ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံတစ်နိုင်ငံချင်းစီမှာ သူ့တို့ရဲ့ယဉ်ကျေးမှုသမိုင်းကြောင်းရှိသလိုပဲ အလှ အပဆိုင်ရာ ဓလေ့ထုံးစံတွေလည်းရှိကြပါတယ်။ ဒါကြောင့် လှပခြင်းနဲ့ပတ်သက်ရင် ဘယ်နိုင်ငံမှာတော့ ဘယ်လိုလျှို့ဝှက်ချက်လေးတွေရှိသလဲဆိုတာ ပျိုမေတို့သိရှိအသုံးချနိုင်ဖို့ ဂျူးကပြန်မျှဝေချင်ပါတယ်။


သေချာတာတော့ ဂျူးတို့မြန်မာပြည်က သနပ်ခါးကလည်း အကောင်းဆုံးစာရင်းဝင် ဖြစ်မှာပါနော…။

ကိုလံဘီယာ

အလှမယ်တွေ အများကြီးမွေးထုတ်နိုင်တဲ့ကိုလံဘီယာဟာ အလှပဂေးတွေပေါတဲ့တိုင်းပြည်ပါ။ သူတို့တွေဟာ ရှေးအစဉ်အဆက်ကတည်းက လှပလွန်းတဲ့ဆံကေသာကြောင့် နာမည်ကြီးပါတယ်။ သူတို့ရဲ့ အလှအပလျှို့ဝှက်ချက်က ထောပတ်သီးပါတဲ့။ ထောပတ်သီးနဲ့ဆံပင်ပေါင်းတင်လေ့ရှိကြပါတယ်။ ဆံကေသာအတွက်ဆိုရင် ရှေးကတည်းကနေအခုချိန်ထိ ထောပတ်သီး၊ ငှက်ပျောသီး၊ သံလွင်ဆီတွေနဲ့ ပေါင်းတင်လေ့ရှိကြတယ်လို့ဆိုပါတယ်။

စပိန်

စပိန်နိုင်ငံကတော့ နုပျိုတဲ့အလှကြောင့်ကျော်ကြားပါတယ်။ သူတို့ရဲ့ လှပမှုအတွက်လျှို့ဝှက်နည်းကတော့ အာလူးပါတဲ့။ အားလူးကိုမျက်နှာပေါ်ကပ်ပြီးပေါင်းတင်ကြသလို မျက်ကွင်းညိုတာတွေပျောက်ဖို့အတွက်လည်း အာလူးကပ်ပေးကြပါတယ်။အခုတော့ ဒီနည်းကို တစ်ကမ္ဘာလုံးလိုက်အသုံးချနေတာကိုတွေ့ရမှာပါ။

တရုတ်

တရုတ်မချောချောလေးတွေရဲ့ လျျို့ဝှက်ချက်ကတော့ ဆန်ဆေးရေပါတဲ့။ သူတို့ဟာ ဘိုးဘေးဘီဘင်လက်ထက်ကတည်းက ဆန်ဆေးရေနဲ့မျက်နှာသစ်တဲ့အကျင့်ရှိခဲ့ပါတယ်။ ဆန်ဆေးရေမှာ အင်တီအောက်ဆီဒင့် အပြည့်ပါဝင်တဲ့အတွက် နုပျိုစိုပြည်တဲ့ အသားအရေကို ပေးစွမ်းတာတော့အမှန်ပါပဲ။ အခုနောက်ပိုင်းမှာတော့ ဆန်ဆေးရေထဲကို အဝတ်သန့်သန့်လေးနှစ်၊ ဒီအဝတ်စကို မျက်နှာပေါ်ကပ်ပြီး ပေါင်းတင်ကြတာတွေ့ရပါတယ်။

You May Also Like:အသားပပ်ခြင်းအတွက် မီးဖိုချောင်ထဲကပေါင်းတင်ဆေးများ

အိန္ဒိယ

အိန္ဒိယကတော့ အလှအပနဲ့ပတ်သက်ရင် လျှို့ဝှက်ချက်တွေများတယ်လို့ဆိုနိုင်ပါတယ်။ ဆံကေသာအတွက်ရော အသားအရေအလှအပအတွက်ပါ သူတို့ဆီမှာ နည်းလမ်းတွေမြောက်မြားစွာရှိနေပါတယ်။ အသားအရေနဲ့ပတ်သက်ရင် နနွင်းကSkin Careတစ်ခုလို့ဆိုရမှာပါ။ တောက်ပချောမွေ့တဲ့ အသားအရေအတွက် နနွင်းကိုလိမ်းသလို စားလည်းစားကြပါတယ်။

ဖိလစ်ပိုင်

ဖိလစ်ပိုင်နိုင်ငံကတော့ ရှားစောင်လက်ပပ်ကို အဓိကထားပါတယ်။ ရှားစောင်းလက်ပပ်ကို ဆံကေသာအတွက် အဓိကအသုံးပြုကြပါတယ်။ ရှားစောင်းလက်ပပ်အတွင်းသားဂျယ်ကို ဦးရေပြားနဲ့ဆံကေသာပေါ် တိုက်ရိုက်လိမ်းကြပါတယ်။ အသားအရေအတွက်ဆိုရင် သံပရာရည်နဲ့ရှားစောင်းလက်ပပ်ကို ရောပြီးမျက်နှာပေါ်လိမ်းလေ့ရှိကြပါသတဲ့။

အီဂျစ်

အီဂျစ်ကတော့ နွားနို့နဲ့ပျားရည်ကို ကောင်းကောင်းအသုံးချပါတယ်။ အလှဘုရင်မကလီယိုပက်ထရာက နွားနို့နဲနေ့စဉ်ရေချိုးလေ့ရှိပါတယ်။ ဒီလိုရေချိုးချိန်မှာ လာဗင်ဒါပန်း နှင်းဆီပန်းတွေကိုလည်း ထည့်ပါသေးတယ်တဲ့။ အီဂျစ်က ဆိတ်နို့ကိုလည်းအလှအပအတွက် အသုံးပြုကြပါတယ်။

အစ္စရေး

အစ္စရေးမှာတော့ ဟိုးအစဉ်အဆက်တည်းက ပျားရည်နဲ့ချင်းကိုအသုံးပြုကြပါတယ်။ ပျားရည်နဲ့ချင်းကိုရေနည်းနည်းရောပြီး မျက်နှာပေါ်လိမ်းပေးလေ့ရှိကြပါတယ်။ ဒါကမျက်နှာပေါ်က အရေးအကြောင်းတွေကို ပျောက်ကင်းစေတယ်လို့ ယုံကြည်ကြပါသတဲ့။ ပျားရည်က အသားအရေကိုချောမွေ့စေပြီး ချင်းက ဘက်တီးရီးယားတွေကိုသေစေနိုင်စွမ်းရှိသလို အာဟာရဖြည့်ပေးနိုင်စွမ်းရှိပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*