အိမ်မှာ ပလတ်စတစ်ဘူး..ခွက်တွေသုံံးရင် ခွက်ဖင် လှန်ကြည့်ပေးကြပါ

ပရိသတ်ကြီးရေ …အိမ်ကခွက်တွေ ဖင်လှန်ကြည့် လိုက်ပါ… သိထားရင် အသုံးဝင်ပါတယ်။ပလပ်စတစ် အသုံးအဆောင်တွေကို ရေရှည် သုံးမယ်၊ အကြိမ်ကြိမ် ထည့်မယ်၊ သုံးမယ် လို့ ရည်ရွယ်ထားရင် ဖင်ကိုသာ လှန်ကြည့်လိုက်ပါ။

အောက်ခြေ တစ်နေရာ မှာ အထူးသဖြင့် ဖင်မှာ တြိဂံလေးထဲမှာ 1 က နေ 7 အထိ ဂဏန်းတလုံးနဲ့ စာ ၂လုံး၊ ၃လုံး ပါ တာကို တွေ့ရပါမယ်။ အဓိပ္ပါယ် တွေ ကတော့…1 ဆိုရင်…(PET or PETE ) သုံးတဲ့ ပလတ်စတစ် အမျိုးအစားပါ။ သူက တခါပဲ သုံးလို့ ရပါတယ်။ထပ်ခါ သုံးရင် အောက်စီဂျင်နဲ့ ပေါင်းမယ်။

နေရောင်ခြည် အပူရှိန်နဲ့ တွေ့ရင် အဆိပ်ပစ္စည်းတွေ ရေထဲကိုပျော်ဝင် စေပါတော့တယ်။ရေသန့်ဘူး နဲ့ အချိုရည်
တော်တော်များများကို ဒီလိုဗူး နဲ့ ထည့်ပါတယ်။ ပြန်လည် အသုံးများပါတယ်။ မသုံးစေချင်ပါ။ အန္တရာယ် အရမ်း များ ပါတယ်။3 / 7 ဆိုရင်…(PVC or PC) အဆိပ် ဓာတု တွေ ထွက်ပြီး စားစရာ ရေတို့ အတွင်းသို့ ဝင်နိုင်လို့ တခါပဲ သုံး သင့် ပါတယ်။

2 / 4 ဆိုရင်… (HDPE or LDPE ) POLYETHELENE နဲ့ လုပ်ထားလို့ အကြိမ်ကြိမ် သုံး နိင် ပါတယ်။5 ဆိုရင်
( PP )POLYPROPYLENE နဲ့ လုပ်ထားလို့ တစ်ကြိမ် မကသုံးနိုင်ပါတယ်။သိထားရင် အသုံးဝင်ပါတယ်။ မသိရင်
အန္တရာယ် အရမ်းရှိပါတယ်။ အများသိအောင် ဖြန့်ဝေပေးပါ။

Credit : Jeeptoolay

Be the first to comment

Leave a Reply

Your email address will not be published.


*