မိန်းကလေးများ ONLINE SHOPPING တွေ အရမ်းအားပေး မယ် ဆိုရင် ဒါလေး ဖတ်ပြီး သတိ ထားကြပါ….

ပီးခဲ့တဲ့ November 11ရက်နေ့ဟာ တရုတ်နိုင်ငံရဲ့ တကယ်ကိုအကြီးဆုံး shopping holiday ကြီးပါ ၊ ပြီးတော့ Singles Day လို့လည်းခေါ်ဆိုကြပါတယ် ။

အဲ့နေ့မှာဆိုရင် online shopping website တွေကနေ ဆိုရင် ပရိုမိုးရှင်းချတဲ့အစီအစဉ်တွေနဲ့ အတော်လေးကိုရှုတ်ရှက်ခတ်နေခဲ့တာပါ ။ သို့ပေမဲ့လည်း လျှော့ဈေးတွေချတိုင်းလည်း ကိုယ့်ဝင်ငွေကိုမကြည့်ပဲ

အသုံးအဖြုန်းများနေမယ်ဆိုရင်တော့ ဒုက္ခရောက်ကြမှာပါ ။ ထို့ကြောင့် တရုတ်နိုင်ငံ Luzhou မြို့မှာနေထိုင် တဲ့ အသက် 29 နှစ်အရွယ် အမျိုးသားဟာ သူ၏ဇနီးသည်ဖြစ်သူ

အသက်29နှစ် အရွယ် Zhan ရဲ့ Singles Day နေ့မှာ အသုံးအဖြုန်းကြမ်းခဲ့ တဲ့လုပ်ရပ်ကြောင့် ကိုယ့်ကို အဆုံးစီရင်ဖို့ ကြိုးပမ်းခဲ့ပါတယ် ။

ဖြစ်စဉ်မှာတော့ ပြီးခဲ့တဲ့ရက်က ည10အချိန်ခန့်မှာ 33ထပ် အမြင့်ရှိတဲ့တိုက်ပေါ်မှ အမျိုးသားတစ်ယောက်ဟာ ခုန်ချဖို့ကြိုးစားနေတာကို တစ်စုံတစ်ယောက်က ရဲဌာန သို့အကြောင်းကြားခဲ့ပါတယ် ။

ရဲအရာရှိများက အခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိလာပြီး စိတ်ခံစားမှုပြင်းထန်နေတဲ့ အမျိုးသားကိုဖျောင်းဖျပေးခဲ့ကြပါတယ် ။ မေးမြန်းစစ်ဆေးခဲ့ ချိန်မှာတော့ Wang ဟာ ဇနီးဖြစ်သူ online shopping မှာ

အသုံးဖြုန်းများခဲ့တာကြောင့် အကြွေးများ စွာတင်နေခဲ့ပြီး ၊ဇနီးဖြစ်သူက ဒီဇိုင်နာ နာမည်ကြီးတဲ့ အိတ်တွေ ၊ ရေမွှေးတွေ ၊ အဝတ်အစားတွေ နဲ့ အခြားအရာတွေ မှာပါ ဝယ်ယူခဲ့တာကြောင့်

300,000 yuan (မြန်မာငွေ သိန်း600ကျော်) သုံးဖြုန်းခဲ့ တာဖြစ်ကြောင်း သိရှိရပါတယ် ။

ယခုတစ်ခေါက်မှာ ပထမဆုံး အကြိမ်မဟုတ်တော့ကြောင်း နှင့် ဇနီးဖြစ်သူဟာ အမြဲလိုလို online shopping မှာသာ သုံးဖြုန်းနေပြီး ကလေးမွေးပြီးနောက်မှာပိုမိုဆိုးရွား ခဲ့ကြောင်းသိရှိရပါတယ် ။

အရင်နှစ် Singles Day နေ့မှာ 200,000 yuan (မြန်မာငွေ သိန်း400 ကျော်) သုံးဖြုန်းခဲ့သေးကြောင်း နှင့် ထပ်မဝယ်ဖို့သူမက ကတိပေးထားပေမဲ့လည်း ကတိမတည်ခဲ့ကြောင်း ပြောပြခဲ့ပါတယ် ။

ထို့အပြင် Wang မှာ တစ်လဝင်ငွေမှာ အနည်း ငယ်သာရရှိပြီး သူမရဲ့အကြွေးကိုဆ က်ပေးဖို့အတွက် နားမလည်နိုင်တော့ဘဲ ဇနီးဖြစ်သူရဲ့ online shopping ပေါ်အရူး အမူးဖြစ်နေသောစိတ်ကြောင့်

ကိုယ့်ကိုအ ဆုံးစီရင်ဖို့ကြိုးစားခဲ့တာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ် ။ကံကောင်းစွာနဲ့ပဲ ရဲအရာရှိတွေရဲ့ဖျောင်းဖျမှုကြောင့် Wang ကိုစိတ်ဖြေနိုင်ခဲ့ပြီး ၊ ရဲအရာရှိများက Wang ကိုနေအိမ် သို့ပြန်လည်ပို့ဆောင်ပေးခဲ့ပါတော့တယ် ။ ထို့အပြင် ဇနီးဖြစ်သူကလည်း

နောက်ထပ်မည်သည့်အ ရာမှ ထပ်ပြီးဝယ်မည်မဟုတ်ကြောင်း သန္နိဋ္ဌာန်ချခဲ့တဲ့အပြင် ကတိလည်းပေးခဲ့ပါတယ် ။ ထို့ကြောင့် Wang ဟာ သူမရဲ့အကြွေးများကိုလည်း ပြန်ဆပ်ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*