အရင်းနှီးဆုံးလူတွေရဲ့ နောက်ကျောဓားနဲ့ထိုးတာမခံရအောင် ဒီအရာတွေကိုလျှို့ဝှက်ထားပါ…

အရင်းနှီးဆုံးလူတွေရဲ့ နောက်ကျောဓားနဲ့ထိုးတာမခံရအောင် ဒီအရာတွေကိုလျှို့ဝှက်ထားပါ…

ကျွန်မတို့တွေဟာ ကိုယ်နဲ့ခင်နေတဲ့ သူတွေအပေါ် အလွန်အမင်း ယုံကြည်တတ် ကြတဲ့ စိတ်လေးရှိ ကြပါတယ်။

ဘယ်လိုမျိုးလဲ ဆိုတော့ သူကတော့ ငါ့ကိုမကောင်းကြံမှာ မဟုတ်ပါဘူး၊ သူကတော့ ဒီလိုလုပ်မှာမဟုတ်ပါဘူး ဆိုတဲ့ ယုံကြည်စိတ်လေးပေါ့။

သဒ္ဒါလွန်တော့ ကျွန်ဖြစ်ဆိုသလို ယုံကြည်မှု လွန်ကဲတဲ့ အခါ ဒုက္ခရောက် ကြရပါတယ်။ အဲ့ဒီလို အယုံလွန်ပြီး ဒုက္ခမရောက်ရအောင် ဒီအကြောင်းတွေကို ဘယ်သူ့ကိုမှဖွင့် မပြောပါနဲ့။

အတိတ်ကအမှားလုပ်ခဲ့တဲ့အကြောင်း

အတိတ်က အမှားတွေနဲ့ပတ်သက်လို့ လျှောက်မပြောပြ ပါနဲ့။ ကျွန်မတို့ကယုံကြည်လို့ပြောတာဆိုပေမယ့် တစ်ဖက်လူက ဒါနဲ့ပတ်သက်လို့ ဘယ်လိုသဘောထားလဲ မသိနိုင်ဘူးလေ။

အခန့်မသင့်ရင် ဒါကို အသုံးချပြီး ကိုယ့်ကိုတိုက်ခိုက်တာ၊ နှိမ့်ချတာမျိုးလုပ်လာနိုင်တယ်မဟုတ်လား။ ဒါကြောင့်မို့ အတိတ်ကကိုယ်အမှားလုပ်မိခဲ့ရင်လည်း အဲ့ဒီအမှားနဲ့ပတ်သက်လို့ လူတွေဆီမှာ ဝန်ခံနေဖို့မလိုပါဘူး။

အတိတ်ကိုအတိတ်မှာထားခဲ့ပါ။

ပိုင်ဆိုင်မှုတွေ

ကျွန်မတို့မှာ တစ်ယောက်နဲ့တစ်ယောက်ပိုင်ဆိုင်မှုတွေမတူညီနိုင်ကြပါဘူး။ ကိုယ့်ပိုင်ဆိုင်မှုတွေအတွက် မုဒိတာ ပွားနိုင်တဲ့သူတွေရှိသလို၊ မနာလိုစိတ်ဖြစ်နိုင်တဲ့သူတွေလည်း ရှိတယ်မဟုတ်လား။

ဒီတော့ ကိုယ့်ပိုင်ဆိုင်မှုတွေနဲ့ပတ်သက်လို့ ကြွားပြောတာမျိုး၊ အိတ်သွန်ဖာမှောက်ပြောပြလိုက်တာမျိုး ဘယ်တော့မှမလုပ်လိုက်ပါနဲ့။

အနာဂတ်ရည်မှန်းချက်

အနာဂတ်မှာ ဘာတွေလုပ်ဖို့ရှိတယ်၊ ဘာတွေစီစဉ်ထားတယ်ဆိုပြီးလည်း လျှောက်မပြောရဘူးနော်။ တိုင်ပင်ချင်တယ်ဆိုရင်လည်း ဒါတွေကို ကိုယ့်မိသားစုနဲ့ပဲတိုင်ပင်ပါ။ဘယ်လောက်ယုံရတယ်ဆိုဆို ဘယ်သူငယ်ချင်းနဲ့မှ မတိုင်ပင်လိုက်ပါနဲ့။

ဝင်ငွေဘယ်လောက်ရှိလဲ

ပိုင်ဆိုင်မှုဘယ်လောက်ရှိလဲဆိုတာ မပြောသင့်သလိုပဲ၊ ကျွန်မတို့ဝင်ငွေတွေဘယ်လောက်ရှိတယ်ဆိုတာလည်း သူစိမ်းတွေကို မပြောပြသင့်ပါဘူး။ ဒီလိုမပြောပြခြင်းက မလိုလားအပ်တဲ့ပြဿနာတွေကို တားဆီးပြီးသားဖြစ်နိုင်ပါတယ်။

မိသားစုပြဿနာတွေ

မိသားစုတွေတိုင်းမှပြဿနာတွေ ရှိကြ ပါတယ်။ ပြဿနာ လုံးဝ မရှိတဲ့ မိသားစုတော့ ရှိမယ် မထင်ပါဘူ းနော်။ မိသားစုပြဿနာဆိုတ သူစိမ်းတွေဆီမှ ာရင်ဖွင့်ရမယ့် အကြောင်းအရာ မျိုးမဟုတ်ပါဘူး။

ဘယ်လောက်ကြီးတဲ့ ပြဿနာမျိုးဖြစ်ဖြစ် မိသားစု အချင်းချင်းပဲ ကြိုးစားဖြေရှင်းဖို့ လိုပြီး သူစိမ်းတွေကိုလုံးဝမပြောပြပါနဲ့။ ကိုယ်ပြောပြလိုက်တာက နည်းနည်း သူတို့တွေ ပြန်ဖွမှာက များများမို့ လို့ပါ။

ကိုယ်ကံကောင်းတဲ့အကြောင်း

ကျွန်မတို့တွေဟာ ကံကောင်းချင်တဲ့ သူတွေချည်းပါ။ ကံကောင်းလို့ အရာရာ အဆင်ပြေနေတဲ့ အခါ စိတ်ကပျော်ရွှင်နေပြီး ကိုယ်ကံကောင်းနေတာကို တခြားလူတွေသိအောင် ပြောပြချင်ပါတယ်။

ဒါပေမယ့် ကိုယ်ကံကောင်းနေချိန်မှာ သူကကံဆိုးနေတာမျိုးဖြစ်နေရင် ကိုယ့်အပေါ်အမြင်မကြည်တာဖြစ်နိုင်ပါတယ်။

အခြေအနေအရမ်းဆိုးရင် ကိုယ့်အပေါ်အဆိုးမြင်သွားပြီး ရန်ငြိုးထားတာမျိုးတောင်ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ကံကောင်းတဲ့အကြောင်းကို လျှောက်မပြောသင့်ပါဘူး။

Be the first to comment

Leave a Reply

Your email address will not be published.


*