မိန်းမကိုယ် သန့်ရှင်းမှု အပိုင်းမှာ အားနည်းခဲ့ တဲ့ မိန်းကလေးရဲ့ ကြောက်ဖက် ဖွယ်ရာ အဖြစ်ရပ်တစ်ခု

ခန္ဓာကိုယ်ရဲ့အဓိက အစိတ်အပိုင်းဖြစ်တဲ့ မိန်းမအင်္ဂါကို ကောင်းမွန်စွာ ဂရုစိုက်တတ်ဖို့ အရမ်းကို အရေးကြီးပါတယ်..။

ဆေးကြော သန့်စင်ပေးခြင်း၊ အဝတ်အစား အတွင်းခံပုံမှန် လဲလှယ်ပေးခြင်းတွေက မဖြစ်မနေလုပ်ရမယ့် အရာတွေလည်း ဖြစ်ပါတယ်..။

ဒီအကြောင်းအရာက ပြောပြဖို့ မသင့်ဘူး ဆိုပေမယ့် တရုတ်နိုင်ငံက အသက်(၂၃)နှစ်အရွယ် Fang Fang လို့ခေါ် တဲ့ မိန်းကလေးရဲ့ အဖြစ်ကတော့ သင်ခန်းစာယူ ဖို့၊ ဆင်ခြင်ဖို့ကောင်း တဲ့ အကြောင်း အရာဖြစ်တာကြောင့် ဖော်ပြပေး လိုက်ရခြင်း ဖြစ်ပါတယ်နော်..။

တရုတ်နိုင်ငံမှ Fang Fang လို့ခေါ်တဲ့ မိန်းမပျိုလေး တစ်ဦးဟာ အတွင်းခံဘောင်းဘီကို တစ်လနေမှ တစ်ခါသာ လဲလှယ်ဝတ်ဆင်တတ်သူပါ..။

ဒါပေမယ့်လည်း လွန်ခဲ့တဲ့ နှစ်လလောက်မှာတော့ သူမဟာ နေထိုင်မကောင်း ဖြစ်လာခဲ့ပါတယ်။ စစချင်းမှာတော့ သိပ်ဂရုမစိုက်ဖြစ်ပေမယ့် ၁၀ ရက်လောက်အကြာမှာတော့ ပြင်းထန် ဆိုးရွားစွာ ဗိုက်နာလာ တာကြောင့် သူမရဲ့ သူငယ်ချင်းဖြစ်သူက ဆေးစစ်ဖို့အတွက်ဆေးရုံကို ခေါ်သွားပေးခဲ့ရပါတယ်..။

ဆေးစစ်ချက် အရ သူမမှာ ကင်ဆာ ရဲ့ရှေ့ပြေးရောဂါ လက္ခဏာတွေပြနေ တဲ့ အနာတွေ ကို ဆရာဝန်က အံ့အား သင့်စွာတွေ့ရှိခဲ့ပါတယ်..။

ဒါကြောင့်မို့ လို့ အဲ့ဒီ့အနာတွေကို ချက်ချင်းခွဲစိတ်မှုပြုလုပ်ပြီး ဖယ်ရှားခဲ့တာဖြစ်ပါတယ်။ ဒီလိုရောဂါမျိုးဟာ သွေးဆုံး အရွယ် အမျိုးသမီးတွေမှာ အတွေ့များပြီး ငယ်ရွယ်တဲ့ မိန်းမပျိုတွေမှာတော့ အတော်တွေ့ရခဲတယ်လို့လည်း ဆိုခဲ့ပါတယ်..။

သူမဟာ အတွင်းခံဘောင်း ဘီတွေကို တစ်လလောက်နေမှ တစ်ခါလဲလေ့ ရှိသလို၊ Bra ကိုလည်း ရက်သတ္တပတ်များစွာ ဝတ်ဆင်တတ်တယ် လို့ဆိုခဲ့ပါတယ်..။

အကြောင်းရင်းကတော့ လျှော်နေရမှာ ပျင်းလို့ပါ။ ဒီလိုမျိုးမိန်းမကိုယ်သန့်ရှင်းရေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေး အားနည်းခြင်းကြောင့် ရွံရှာစရာ အနာတွေနဲ့ တခြားသောရောဂါတွေ၊ ပြင်းထန်သော မှိုရောဂါတွေ ဖြစ်လာနိုင်တာကြောင့် လုံးဝမေ ပါ့ဆကြဖို့ သတိပေး လိုက်ရပါတယ်နော်..။

Be the first to comment

Leave a Reply

Your email address will not be published.


*