စွန်ကို ကြေးနန်းကြိုးနဲ့ လွှတ်တဲ့သူတွေကြောင့် လူတဦး ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွား

စွန်ကို ကြေးနန်းကြိုးနဲ့ လွှတ်တဲ့သူတွေကြောင့် လူတဦး ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွား

လွန်ခဲ့တဲ့ ၄ ရက်က ကိုယ့်ဦးလေး ၁ယောက်ဆုံးပါတယ်။ ဘာလိုဆုံးလဲဆိုတော့ ဓာတ်လိုက်လို့ဆုံးတာပါ။

ကိုယ်တွေလဲ ရုတ်တရက်ဆိုတော့ မယုံနိုင်ဘူး တလောလေးကမှ အိမ်လာလည်သွားသေးတာဆိုတော့ ဒါပေမယ့်လဲ သေတော့လဲသေတယ်ပေါ့ ဒီကာလကြီးမှာ အသုဘကိစ္စလုပ်ရတာ အခက်အခဲအမျိုးမျိုးနဲ့ပဲ ကိုဗစ်ဘာညာစစ် negative ဘာညာထွက်တော့ ၃ရက်ထား သင်္ဂြိုလ်လိုက်တယ်ပေါ့။

ပြဿနာကတော့ ကျန်ခဲ့တယ် ဘယ်လို ဓာတ်လိုက်လဲ ဆိုတာရယ် သေမှုသေခင်း ရဲစခန်းကိစ္စတွေရယ်ပေါ့။ ဓာတ်လိုက်ပုံ သေချာစုံစမ်းကြည့်တော့ အခင်းကို အကြမ်းဖျင်းပြောရရင် သေတဲ့ ဦးလေးက တောင်ဒဂုံထဲက ဘုန်းကြီးကျောင်းတွေ ပေါတဲ့ရပ်ကွက်တစ်ခုမှာနေတယ် သေမယ့်နေ့ ညနေလောက် ရပ်ကွက်ထဲက ဘုန်းကြီးကျောင်းက သူတွေက စွန်လွှတ်သတဲ့

စွန်ကိုမှ အတော်ကြီးတဲ့စွန် ပုံထဲမှာမြင်ရတဲ့အတိုင်း လေးပေလောက်ကြီးတဲ့စွန် ဘယ်လောက်ဉာဏ်နဲကြသလဲဆို အဲ့စွန်မှာ စွန်ကြိုးကို ကြေးနန်းကြိုးနဲ့ သုံးတယ် ဦးလေးအိမ်ရှေ့က မီးကြိုးပေါ်ပျက်ကျတယ် ဦးလေးက မီးကြိုးပေါ် ကျလာတဲ့ စွန်ကို မီးအန္တရယ်များမှာစိုးလို့ ဆွဲချတယ် သူလဲစွန်ဆိုတော့ အပ်ချည်ကြိုးနဲ့ပဲထင်ပုံရပါတယ် စွန်က နန်းကြိုးကိုကိုင်မိတော့ ဓာတ်လိုက်ပီး ပွဲချင်းပြီးပဲသေတယ်။

စုံစမ်းကြည့်တော့ စွန်က ဘုန်းကြီးကျောင်းက ဘုန်းကြီးတွေကိုယ်တိုင်လွှတ်ပြီး ပျက်ကျတာ သေဆုံးသူမိသားစုကတော့ အမှုတောင်လုပ်ဖို့ အစီအစဉ်မရှိပါဘူး ဒါမျိုးသေမှုသေခင်းက အမှုဖွင့်ရတယ်ဆိုလို့သာ အမှုဖွင့်ထားတာ။

ပြဿနာက ခုမှစတာ သေပြီး ၂ ရက်နေတော့ ဘုန်းကြီးကျောင်းက ဘုန်းကြီးတစ်ပါးက အသုဘအိမ်ကိုလာပြီး တောင်းပန်ဖို့နေနေသာသာ ပိုက်ဆံ သုံးသောင်းအောက် ပစ်ချပြီးပေးသွားတယ် တော်တော် စိတ်ဓာတ်ယုတ်ညံ့တဲ့ သူတွေ နောက်ထပ်စုံစမ်းတော့ စခန်းမှာ သေမှုသေခင်းက ကွဲလွဲနေတယ် စွန်တောင်မပါတော့ဘူး ကိုယ့်ဘာသာဓာတ်လိုက်တဲ့ ပုံစံဖြစ်နေတယ်။

မြန်မာ့လူ့အဖွဲ့အစည်းမှာ သင်္ကန်း ခြုံထားတာကလွဲလို့ ဘာအဖြစ်မှမရှိဘဲ ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ အလကားရတာ မြိုစို့ပြီး လူပါးဝနေတဲ့ သင်္ကန်းခြုံတွေ အများသား။ ဒါနဲ့တင် နောင်တရမလားမှတ်တယ် အဲ့ဘုန်းကြီးတွေ ဒီအတိုင်းပဲ စွန်ဆက်လွှတ်နေတာ နေ့တိုင်းပဲ ရပ်ကွက်ကပါ အတော်ဒေါသထွက်နေကြတယ်။

Hein Htet Wai Yan

Be the first to comment

Leave a Reply

Your email address will not be published.


*