ယောကျာၤးပီသသူက ဒီစာလေးကို လက်ခံသလို မိန်းမပီသ သူကလည်း ကိုယ့်ဘဝကိုကိုယ် တန်ဖိုးထားစေချင်တယ်

” ယောကျာ်းပီသနိုင်ကြပါစေ ”

ယောကျာၤးပီသတဲ့ ယောကျာၤးလေးတိုင်းက ဒီစာလေးကို လက်ခံသလို မိန်းမပီသတဲ့ မိန်းကလေးတိုင်းကလည်း ကိုယ့်ဘဝကို ကိုယ်တန်ဖိုးထားစေချင်တယ် ။

ဆူးပေါ်ဖက်ကျလဲဖက်ပေါက်တယ်.. ဖက်ပေါ်ဆူးကျလဲဖက်ပေါက်တာပါပဲ..။ မိန်းခလေးတစ်ယောက် ရည်းစားထားတယ်ဆိုတာ..ဘဝနဲ့ရင်းရတဲ့ တိုက်ပွဲတစ်ခု..။

ပန်းတစ်ပွင့်ဟာ မိခင်ပင်ရင်းရင်ခွင်က ဝေးကွာသွားတာနဲ့ ညိုးနွမ်းရမှာ အသေအချာပါ..။မြတ်နိုးတယ်ယူဆပြီး.. အခူးခံပန်းတစ်ပွင့်က ခူးယူသူကိုပဲ ပန်စေချင်ကြတာပါပဲ..။

ဒီလိုပဲ..ကိုယ့်ကိုချစ်လာတဲ့ ယောက်ျားတစ်ယောက် လက်ထဲမှာဘဝကိုရင်းပေးခဲ့တဲ့ မိန်းမတစ်ယောက်ဟာ.. ထိုသူကိုပဲ တစ်သတ်လုံး လက်တွဲသွားချင်တာဟာ.. မိန်းမတိုင်းအမြဲမက်တဲ့ အိမ်မက်တစ်ခုပါ..။

အပျိုစင်ဘဝဆိုတာ.. မိန်းခလေးတစ်ယောက်အတွက်.. အသက်ထက်တောင် တန်ဖိုးရှိပါတယ်တဲ့..။

ဒါကြောင့်.. ယောက်ျားတစ်ယောက်ရဲ့ခံယူချက်နဲ့ စိတ်ဓာတ်ရှိမယ်ဆိုရင်.. မိမိချစ်သူရဲ့အပျိုစင်ဘဝကို.. တန်ဖိုးထားပေးပါ..။ အသစ်ပြန်ပွင့်ဖူးနိုင်တဲ့ ပန်းတစ်ပွင့်မဟုတ်လို့..ဘယ်တော့မှ ခူးယူဖို့ မကျိုးစားမိပါစေနဲ့..။

ခူးယူလိုက်ပီဆိုတည်းက ညိုးနွမ်းသွားမှာအသေအချာပါပဲ..။ ခူးယူမိခဲ့ရင်လဲ.. မလွင့်ပစ်ပါနဲ့.. ညိုးညိုးနွမ်းနွမ်း.. ဆွေးမြေ့မြေကျသွားသိတိုင်..တန်ဖိုးထားပါ..။

မိန်းခလေးတစ်ယောက်က သူရဲ့အပျိုစင်ဘဝကို ပေးတယ်ဆိုတည်းက သူဘဝတစ်လျှောက်လုံးစာကို မိမိအတွက်စတေးလိုက်ခြင်းပါပဲ..။

အပျိုစင်တစ်ယောက်ဟာ အအိုဖြစ်သွားဖို့ဆိုတာ.. မိနစ်ပိုင်းပဲကြာပေမယ့်..အအိုတစ်ယောက်ကအပျိုစင် ပြန်ဖြစ်ချင်တယ်ဆိုရင်တော့..ရွှေငွေပုံပေးလဲ မရနိုင်တော့ပါဘူး..။

အခုခေတ်မှာ ဆယ်ခြောက်..ဆယ့်ခုနှစ်လောက်ထဲက.. ရည်းစားထားနေကြပီ..။

ခေတ်တ်စနစ်ရဲ့ တိုက်စားမှုကြောင့်(Living together) တွေဖြစ်ကုန်ကြပီ.. မဖြစ်သင့်ပေမယ့်.. တားဆီးလို့မရတဲ့ အပူချိန်လို အမြဲတမ်းမြင့်တတ်နေတာပါ..။

အခုခေတ်ယောက်ျားတွေ.. အရွှယ်ရောက်တာနဲ့ စမ်းသပ်ချင်ကြတယ်..။ စူးဆန်းချင်ကြတယ်.. မိမိတို့ရဲ့ လက်တည့်စမ်းချင်တဲ့ စိတ်ကူးက..တစ်ဖက်သားသူ ဘဝနဲ့ရင်းရတာကို သတိပြုဆင်ခြင်ပါ..။

“ဒီဆော်.. ငါမလုပ်ရင် သူများလုပ်မှာပဲ..သူများသားသမီး..မဖျက်ဆီးနဲ့ပြောတဲ့အခါမျိုးမှာတောင်..မင်းကသူများသားသမီး မဖျက်စီးရင်..ကိုယ့်သားသမီး ဖျက်စီးမှာလားဆိုတဲ့.. တိရိစ္ဆာန်လိုလူစားတွေလဲ ရှိနေပါသေးတယ်..”

ဒီလိုအောက်တန်းကျတဲ့ စိတ်ဓာတ်ရှိတဲ့ လူတွေကို ကြားလဲကြားဖူးတယ်..။ လက်တွေ့လူ့ပတ်ဝန်းကျင်မှာမြင်လဲမြင်နေရပါတယ်.. မိမိမှာဒီလိုစိတ်ဓာတ်..မျိုးရှိနေခဲ့ရင် အခုချိန်ထဲက မိမိစိတ်ဓာတ်ကိုပြုပြင်ပါ..။

အချိန်မှီမပြုပြင်သေးရင်.. ယောက်ျားပီသတဲ့ စိတ်ဓာတ်ဖြစ်ဖို့နေနေသာသာ တိရိစ္ဆာန်ထက်အောက်တန်းကျတဲ့ အရာဖြစ်နေပီဆိုတာ.. သဘောပေါက်ပါ..။

အခြေအနေတစ်ခုကြောင့် မှားယွင်းခဲ့ရင်လဲ.. အမှားကို တာဝန်ယူစိတ်ထားပါ..။

မိမိကိုယ့်ကို လူတစ်ယောက်လို့ ယူဆရင်..ယောက်ျားပီသတဲ့ယောက်ျားတစ်ယောက်လို့ ယူဆရင်.. ကိုယ့်အမှားကို တာဝန်ယူရဲရမှာပေါ့..ဒါကြောင့်.. ညီမငယ်တို့လဲ.. မိမိအပျိုစင်ဘဝကိုတန်ဖိုးထားပါ..။

သေလောက်အောင်ချစ်နေပါစေ.. တောင်းဆိုလာခဲ့ရင်လဲ.. အပျိုစင်ဘဝကိုတန်ဖိုးထားပါ.. ချစ်သူကိုဖျောင်းဖျပါ..။

မရဘူးဆိုရင်တော့.. ချက်ချင်းသာ လမ်းခွဲလိုက်ပါတော့.. ဒီတစ်ချက်ထဲနဲ့.. မိမိကိုတစ်ကယ်ချစ်တာ မဟုတ်ဖူးဆိုတာ သေချာနေပီပဲ..။

အရွယ်ရောက်စ ညီငယ်တို့ကိုပြောပြချင်တာက.. စိတ်အလိုကိုလိုက်ပြီး.. လက်တည့်မစမ်းကြပါနဲ့..။ သူများမြှောက်ပေးတိုင်းလဲ မလုပ်ကြပါနဲ့..။

မြှောက်ပေးသူနဲ့တွေ့ခဲ့ရင်လဲ နောက်နောင်အပေါင်းအသင်းမလုပ်ပါနဲ့..။ ထိုသူဟာ.. တိရိစ္ဆာန်ထက်တောင်.. အောက်တန်းကျတဲ့လူမျိုးဆိုတာ သေချာနေပါပီ..။

ဘဝမှာ မိမိပြုတဲ့အမှားကိုမိမိတာဝန်ယူရဲတဲ့ ယောက်ျားပီသတဲ့.. လူတော်လူကောင်းများ ဖြစ်နိုင်ကြပါစေ..။

(ဒီဆောင်းပါးကို Share ပေးပါ.. သင်ရဲ့တစ်ခါ Share လုပ် ကူညီခြင်းဟာ.. လူငယ်တစ်ယောက်ကနေ.. များစွာအထိ..ယောက်ျားပီသတဲ့စိတ်ဓာတ်နဲ့ အသိရရှိလာနိုင်ပါတယ်…)

မိန်းခလေး.. တစ်ယောက်ကနေ.. များစွာရဲ့အရှက်ကိုကာကွယ်နိုင်ပြီး..အနာဂတ်.. မိခင်လောင်း.. ဖခင်လောင်းတွေ.. များပြားလာနိုင်မှာပါ.. ။

(ဖတ်ပေးပါ.. Share ပေးပါ)

Be the first to comment

Leave a Reply

Your email address will not be published.


*