ကလေးရိုးရိုးမွေးခြင်း၊ ခွဲမွေးခြင်းတို့ရဲ့ အားသာချက်၊ အားနည်းချက်တချို့

အခုခေတ်မှာ၊ မိခင်တွေက ခွဲမွေးမှခေတ်မီတယ်ဆိုတဲ့ ဓလေ့တစ်ခုထွန်းကားနေတယ်။ သတိထားရ မယ့်အချက်တွေ အများကြီးရှိတယ်။ ရိုးရိုးမွေးတာကတော့ တကယ့်သဘာဝနည်းလမ်းဖြစ်တယ်။ ကိုယ့် ကလေးကို ကိုယ်ကဝမ်းအနာခံပြီးတော့ မိခင်မေတ္တာပြတဲ့ နည်းလို့လဲပြောလို့ရတယ်” ဟု သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာစိုးလွင်က ပြောသည်။

ကလေးများများ လိုချင်သူတွေအတွက် ရိုးရိုးသဘာဝနည်းအတိုင်း မွေးသည့်နည်းမှာ ပိုမိုကောင်းမွန်
ကြောင်း၊ ခွဲစိတ်မွေးရာတွင် အလွန်ဆုံးကလေးသုံးဦးခန့်သာ မွေးခွင့်ပြုထားသည့်အတွက် ကလေးများ များလိုချင်သူများအနေဖြင့်မူ ရိုးရိုးသဘာဝနည်းလမ်းအတိုင်းသာ မွေးဖွားသင့်ကြောင်း သိရသည်။

“ကလေးကို ရိုးရိုးမွေးတာကတော့ တကယ့်သဘာဝနည်းလမ်းပဲ။ ခွဲစိတ်တယ်ဆိုတာက ခွဲစိတ်တဲ့အခါ မှာသားအိမ်ကျုံ့နိုင်တဲ့ အခက်အခဲတွေ၊ အန္တရာယ်တွေလဲ ရှိနိုင်တယ်။ အဲဒါကိုလဲသတိထားရမယ်။
မေ့ ဆေးရဲ့အန္တရာယ်တွေ။ နောက်ခွဲစိတ်ရင်းကနေ သွေးထွက်လွန်တာ၊ ထိခိုက်ဒဏ်ရာရတာ၊ အနာမ ကျက်တာ၊ နောက်ထပ်ကိုယ်ဝန်ရှိရင် ပထမခွဲထားတဲ့အနာတွေကွဲထွက်တတ်တာ၊ ကလေးတွေကို ခဏခ ဏမွေးလို့မရတာ၊ တစ်ခါခွဲမွေးပြီးတော့ နောက်တစ်ခါကျတော့မှ ရိုးရိုးမွေးချင်တယ်ဆိုရင် အခက်အခဲတွေ ရှိနိုင်တယ်” ဟုပြောသည်။


ခွဲစိတ်မွေးဖွားရန် လိုအပ်သောအခြေအနေများအနေဖြင့် ကလေးအနေအထားမှားယွင်းနေခြင်း၊ ကလေး ကန့်လန့်ဖြစ်နေခြင်း၊ အချင်းပိတ်နေခြင်း စသည့်လက္ခဏာမျိုးများရှိပါက ခွဲစိတ်မွေးခြင်းသည် ပိုမိုကောင်း မွန်ကြောင်း သိရသည်။

“တစ်ခါတလေကျရင် သွေးဆိပ်တွေတက်နေပြီးတော့ ကလေးကအတွင်းထဲမှာ ရေမွန်းနေတယ်။ ကလေး ကအရမ်းကြီးပြီးတော့ မိခင်ရဲ့အရိုးကွင်းထဲကို မဝင်ဘူးဆိုရင်တော့ ခွဲစိတ်မွေးတာက ပို ကောင်းပါတယ်” ဟု ဒေါက်တာစိုးလွင်ကထပ်မံပြောသည်။

မည်သည့်အကြောင်းမျှမရှိဘဲ သဘာဝအတိုင်း ရိုးရိုးမွေးခြင်းနှင့် ခွဲစိတ်၍မွေးခြင်းနှစ်ခုကို နှိုင်းယှဉ် ကြည့်ပါ က အကောင်းနှင့်အဆိုးသည် အမြဲးဒွန်တွဲနေတတ်ကြောင်း သိရသည်။

“အဲဒီလို ဒွန်တွဲနေတာကို တကယ်နားလည်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ ရွေးချယ်လို့ရပါတယ်” ဟု ဆိုသည်။

ခွဲစိတ်မွေးခြင်းသည် ကြိုတင်စီစဉ်၍ရနိုင်ခြင်း၊ ယနေ့ခေတ်တွင်မိမိတို့ကြိုက်နှစ်သက်သည့်ရက်ရွေးချယ်နိုင်
ခြင်းစသည့် အားသာချက်တို့ရှိပြီး ရိုးရိုးသဘာဝနည်းအတိုင်းမွေးရာတွင် တချို့တွေ့ကြုံရသည် များတွင် တချို့အဆင်မသင့်ပါက ဗိုက်နာမှခွဲစိတ်ရခြင်း၊ လေစုပ်မွေးရခြင်း၊ မွေးလမ်းကြောင်းတွင် ဒဏ်ရာရခြင်း စသည်တို့ရှိနိုင်ကြောင်း သိရသည်။ “မွေးနည်းနှစ်ခုစလုံးမှာ အားသာချက်တွေ အားနည်းချက်တွေရှိကြ တယ်။ ဘယ်နည်းကတော့ လုံးဝ ကောင်းတယ်။ ဘယ်နည်းကတော့ လုံးဝမကောင်းဘူးဆိုတာကတော့
ပြောလို့မရပါဘူး” ဟု ဒေါက် တာလှစိုးလွင်က ဆက်လက်ပြောသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*