
ပိုက်ဆံမရှိတဲ့ဘဝဟာ တကယ့်ကို ဆိုးလှတာပါ….ကျောထောက်နောက်ခံမရှိတဲ့ သက်ကြီးရွယ်အိုတွေအတွက် ဆို ပိုဆိုးပါတယ်…ခုလည်းပဲ
ကျောထောက်နောက်ခံမရှိတဲ့ အသက် ၉၀ အဖွားတစ်ဦးရဲ့ အဖြစ်အပျက်လေးက ကြေကွဲဖို့ကောင်းလှပါ တယ်…..ထမင်း ၁၀၀ ဖိုးတည်းနဲ့ တနေကုန်စားသောက်ရရှာတဲ့ အဘွားရဲ့ စိတ်မကောင်းဖွယ် အကြောင်းလေးကို လူမှုကွန်ရက်စာမျက်နှာမှာ ခုလိုဖော်ပြထားကြတာပါ
စာဝါသွားရင်း လမ်းမှာ အဘွားအိုတွေ့တာနဲ့ အဘွားအသက်ဘယ်လောက်ရှိပြီလည်းမေးကြည့်တော့ ၉၀ရှိပြီတဲ့ ဒီဟာတွေကဘာလုပ်မလို့်လည်း ၁ပုံ ၁၀၀နဲ့ရောင်းမလို့အဘွားက ထမင်း၁၀၀ဖိုးဆို တနေကုန်စားလို့ရတယ်
အဘွားကအသက်ကြီးပြီဆိုတော့သိပ်မစားနိုင်တော့ဘူးတဲ့ စိတ်ထဲမကောင်းတာနဲ့ ကိုယ်တက်နိုင်သလောက်လေးလှူ ဒါန်းခဲ့တယ်။အဘွားကလည်း သာဓုတွေခေါ်ပြီးတော့ ကျန်းမာဖို့ဆုတောင်းပေးပါတယ်။ အဖွားက တော်တော်လေး အိုနေပါပြီ။အခုလိုမျိုး မြင်တွေ့ရတာတော့ ရင်ထဲ မကောင်းပါဘူး။
အချိန်သိပ်မရလို့ အဖွားရဲ့ ဖြစ်ကြောင်းကို အလုံးစုံ မမေးမြန်းနိုင်ခဲ့ဘူး။ ဘာကြောင့် အခုလိုဖြစ်တာလဲ ။ သားသမီးက စွန့်ပစ်တာလား ၊ သားထောက်သမီးခံ မရှိတော့တာလား ဆိုတာလည်း သေချာ မသိခဲ့ပါဘူး။ဘာဖြစ်ဖြစ် မြန်မာလူမျိုးမှန်ရင် မိအို ဖအိုတွေကို မစွန့်ပစ်ကြပါနဲ့ ။ နေဝင်ချိန်လေးမှာ သာသာယာယာ တရား
အလုပ်နဲ့ ကုသိုလ်တရားတွေ ပွားများနိုင်အောင် ဆောင်ရွက်ပေးကြပါနော်။” လို့ စိတ်မကောင်းဖွယ်ရာအကြောင်းလေးကို ဖော်ပြထားတာပါ
Leave a Reply