ကမ်းခြေကို ပထမဆုံးအကြိမ်ရောက်ပြီး စိတ်ပျက်ခဲ့တဲ့ ကြောင်လေး

မိသားစုတစ်စု မွေးစားခဲ့တဲ့ကြောင်လေးတစ်ကောင်ဟာဆိုရင်တော့ လိမ္မော်ရောင်ရှိတဲ့ Pumpkin ဆိုတဲ့ကြောင်လေးပါ။ သူတို့က ကြောင်လေးတွေကို မွေးစားဖို့စိတ်ကူးမရှိခဲ့ပေမဲ့ ကြောင်လေး Pumpkin နဲ့ သူ့အကို Moustachio လေးကို မွေးစားဖြစ်ခဲ့ပါတယ်။

သူ့ရဲ့မိသားစုဝင်တွေက Pumpkin လေးကြီးပြင်းလာတဲ့အချိန်မှာ ဦးနှောက်ဖွံ့ဖြိုးမှုမှာ အနည်းငယ်ချို့ယွင်းနေတယ်ဆိုတာ သိခဲ့ရပါတယ်။ Pumpkin လေးဟာ အခြားကြောင်တွေလို သိမြင်နားလည်နိုင်စွမ်းပိုင်းမှာ အားနည်းပေမယ့်လည်း ပျော်ပျော်နေတတ်တဲ့ချစ်စရာကြောင်လေးပါ။

သူရဲ့သခင်တွေက ” Pumpkin လေးဟာ ခွေးကလေးတွေလိုပဲ ကိုးယိုးကားယားနဲ့ ဆော့ကစားတတ်ပြီး လမ်းလျှောက်ရင် ရွရွလေးလျှောက်တာကြောင့် ခြေသည်းတွေ ထိခိုက်မိတဲ့အခါတွေရှိတယ် ” လို့ ဆိုပါတယ်။

Pumpkin လေးဟာ သူရဲ့မိသားစုနဲ့ အပြင်တွေသွားပြီး ခြေလျင်ခရီးထွက်လိုက်ရတာတွေ လှေလှော်လိုက်ရတာတွေကို တအားကြိုက်ပါတယ်။ တစ်နေ့သူ့မိသားစုက Pumpkin လေးကို ကမ်းခြေကိုခေါ်သွားဖို့စိတ်ကူးရခဲ့ပါတယ်။

ကမ်းခြေကိုရောက်တဲ့အချိန် အစပိုင်းမှာ Pumpkin လေးဟာ သဲသောင်ပြင်ပေါ်လျှောက်သွားပြီး ကမ်းခြေမှာဆော့ရတာကို တော်တော်လေးသဘောကျပုံပေါ်ပါတယ်။ဒါပေမဲ့ သူ့မျက်နှာကို လေပြင်းတစ်ချက်တိုက်လိုက်တဲ့အချိန်မှာတော့ သူ့မိသားစုတောင် တစ်ခါမှမမြင်ဖူးတဲ့ ရယ်စရာစိတ်တိုနေတဲ့မျက်နှာမျိုးတွေ လုပ်ပါတော့တယ်။

သူရဲ့မိသားစုဝင်တွေက ” Pumpkin လေးဟာ ကမ်းခြေကို ကြိုက်နှစ်သက်ပါတယ်။ ဒါပေမဲ့ လေပြင်းတိုက်တာကိုတော့ မနှစ်သက်ဘူး။ လေတိုက်တဲ့အချိန်ဆို သူ့ရဲ့မျက်နှာက ရယ်စရာကောင်းလွန်းလို့ ဓာတ်ပုံတွေ ဗွီဒီယိုတွေရိုက်ကူးခဲ့ပါတယ် ” လို့ဆိုပါတယ်။

အဲ့ဒီနောက်ပိုင်းလဲ ကမ်းခြေတွေ ခနခနသွားပြီး ဆော့ကစားရတာ နှစ်သက်ပေမယ့် လေတိုက်တာတော့ မုန်းနေတုန်းပဲလို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*