ဒီ(၁၀)ချက်ထဲက (၅)ချက်လောက်နဲ့ကိုက်ညီနေရင် သင်ဟာတကယ်ချောတဲ့ကောင်မလေးပါ….

အလှအပကို တစ်ယောက်နဲ့တစ်ယောက် စံံချိန်သတ်မှတ်ထားတာချင်းမတူညီပါဘူး ခုဖော်ပြပေးမှာကတော့ နိုင်ငံတကာက လူတွေတော်တော်များများက လှတယ်လို့သတ်မှတ်ထားတဲ့ မိန်းကလေးတစ်ယောက်ရဲ့ စံချိန်လေးတွေပါ..။

သင်ဟာ ဒီအချက်တွေထဲက ရချက်နဲ့အထက် ကိုက်ညီနေရင်တော့ တကယ်ကိုလှပချောမောတဲ့သူတစ်ယောက်ပါ..။

(၁) သင့်မှာ မျက်ခုံးမွှေးဆွဲစရာမလိုလောက်အောင် လှပပြီးထူထဲတဲ့ မျက်ခုံးမွှေးတွေကို ပိုင်ဆိုင်ထားပါတယ်။ တစ်ခါတလေရိတ်ရတာကလွဲပြီး အထူးတလည်ပြင်ဆင်ပေးစရာမလိုပါဘူး..။

(၂) သင့်ရဲ့ မျက်လုံးလေးဟာ လုံးဝစွေစောင်းမနေသလို၊ မျက်ရစ်လည်းရှိပါတယ်။ မျက်တောင်တွေက ကော့ညွတ်မနေသည့်တိုင် အကြည့်တွေက အရမ်းဆွဲဆောင်မှုရှိပါတယ်..။

(၃) သင့်ရဲ့ နှာတံလေးဟာ မချွန်ရင်တောင်မှ ပြားနေတာမျိုး၊ ပွနေတာမျိုးမဟုတ်ပဲ နှာတံစင်းစင်းလေးနဲ့ ကြည့်ကောင်းနေသူပါ..။

(၄) သင့်ရဲ့ နှုတ်ခမ်းလေးဟာ နှင်းဆီပန်းလေးလိုပဲ ခပ်ထူထူလေးနဲ့ ဆွဲဆောင်မှုအပြည့်ရှိနေမှာပါ။ လူတွေကသင့်ကို နှုတ်ခမ်းလှတယ်လို့ ပြောတာကို ခဏခဏ ကြားရမှာပါ..။

(၅) သင့်ရဲ့ သွားလေးတွေဟာ ဖြူဖွေးပြီး ညီညာနေပါလိမ့်မယ်။ သွားထပ်လေးပါတာလည်းဖြစ်နိုင်ပါတယ်..။

(၆) သင့်မှာ ပြုံးလိုက်တိုင်း ခွက်သွားတဲ့ပါးချိုင့်လေးတွေရှိပြီး သင့်အပြုံးလေးတွေက အရမ်းကိုချိုမြိန်နေမှာပါ..။

(၇) သင့်ရဲ့ အသားအရေဟာ အထူးတလည်လိမ်းခြယ်နေစရာမလိုလောက်အောင် ဝင်းဝါပြီး ဘာမှလိမ်းမထားရင်တောင် လှနေတဲ့အသားအရေမျိုးပါ..။

(၈) သင့်ရဲ့ ခန္ဓာကိုယ်ဟာ မပိန်သည့်တိုင်အောင် အဆီပိုတွေရှိမနေသလို၊ ဝလည်းမနေပဲ ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်ဖြစ်ပါတယ်..။

(၉) သင့်ရဲ့ ခြေချောင်း၊ လက်ချောင်းလေးတွေဟာ ဖူးဖူးလေးတွေနဲ့ လှပနေမှာပါ။ လက်သည်းကို အများကြီးပြင်ဆင်ပေးစရာမလိုသလို၊ ခြေချောင်းလက်ချောင်းလေးတွေကအစ အရမ်းလှမှာပါ..။

(၁၀) သင့်ရဲ့ ဆံပင်ဟာ သဘာဝအတိုင်းထူထဲပြီး သန်စွမ်းတဲ့ဆံကေသာပါ။ အထူးတလည်ပုံသွင်းနေစရာမလိုလောက်အောင် လှနေပြီးသားပါ..။

 

Be the first to comment

Leave a Reply

Your email address will not be published.


*