သူဌေးနိုင်ငံတွေရဲ့ ကာကွယ်ဆေး အလွန်အကျွံ ဝယ်ယူမှုနဲ့ ၂၀၂၁ မှာ တောင့်ထားရမယ့် မြန်မာပြည်

အနားက ပညာရေးနဲ့ ပတ်သက်တဲ့ ငှားထားတဲ့ လုပ်ငန်းတစ်ခုကတော့ အခန်းပြန်အပ်လိုက်တာ တွေ့ရတယ်။ ပုံစံအသစ်မှာ ရှင်သန်အောင်လုပ်နိုင်မှ ၂၀၂၁ ကိုတောင့်ထားနိုင်ကြမယ်။

မိတ်ဆွေတစ်ယောက် ရှယ်တဲ့အချက်အရ ကမ္ဘာမှာ ချမ်းသာတဲ့ နိုင်ငံကြီးတွေဟာ ကိုဗစ်ကာကွယ်ဆေးကို သူတို့လူဦးရေထက် ပိုပြီးဝယ်ထားကြတယ်။ နှစ်ကြိမ်ထိုးရမှာ ဖြစ်တဲ့အပြင် ဘယ်တော့ နောက်တစ်ကြိမ် ထပ်ထိုးရမှာလဲဆိုတာ မသိသေးတော့ သူ့နိုင်ငံက လူတွေအတွက် ပိုဝယ်ထားကြတော့ ကျွန်တော်တို့လို ဆင်းရဲတဲ့နိုင်ငံတွေ တော်တော် ဒုက္ခရောက်ဖို့ ရှိတယ်။

ကိုယ့်အစိုးရလည်း ဘာမှတတ်နိုင်မှာ မဟုတ်ဘူး။ သူစွမ်းသလောက်တော့ ပြည်သူပြည်သားတွေအတွက် လုပ်ပေးမှာပဲ။

WHO ရဲ့အစီအစဉ် ဆိုတာကလည်း Production နဲ့ အရင် ပိုက်ဆံပေးဝယ်တဲ့သူတွေ ပြီးမှ ရဖို့များမယ်။ အရင်တုန်းက ကာကွယ်ဆေးပေါ်မှ ပေါ်ပါ့မလားလို့ တွေးပူခဲ့ရ။ အခုရပြန်တော့လည်း ကိုယ့်ဆီ ဘယ်တော့ရောက်မလဲ တွေးပူရပေါ့။

အခုတော့ ရသွားတဲ့ အိမ်နီးခြင်း နိုင်ငံသူနိုင်ငံသားတွေအတွက် အားကျနေရုံပဲတတ်နိုင်တယ်။ ကာကွယ်ဆေးမ ရောက်ခင်လေး သတိနဲ့သာ ဆင်ခြင်နေထိုင်ကြပါလို့ပဲ တိုက်တွန်းနေကြအတိုင်း တိုက်တွန်းရမှာပဲ…

Aung Kyaw San

Be the first to comment

Leave a Reply

Your email address will not be published.


*