အောက်လမ်း ဆရာ ကြောက် တဲ့ ထယ်သွား ကပ် မြေကြီးနှ င့် ဘုရားဂုဏ်တော်အစွမ်း အံ့မခန်း

အောက် လမ်း ဆရာ ကြောက် တဲ့ ထယ်သွား ကပ် မြေကြီးနှ င့် ဘုရားဂုဏ်တော်အစွမ်း အံ့မခန်း

“အောင့် တယ်…အောင့်တယ်”ဟူ၍အော်နေသော မောင်ကျော်မိုး ၏ အော်နေသောအသံ သည် စူးနစ်စွာထွက်ပေါ်လာ၏။ မောင်ကျော်မိုး၏ ဖခင်နှင့် အကိုဖြစ်သူတို့မှာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေကြသည်။

မောင်ကျော်မိုး ၏အော်သံမှာလည်းပို၍ကျယ်လာပြီး အော်သံစိပ်လာသဖြင့် အိမ်နီးချင်းများမှအားလုံးဝိုင်းအုံလာကြသဖြင့် သူတို့အိမ်တွင်လူများပြည့်ကျပ်သွားသည်။ တစ်ယောက်ကပြေးခေါ်သဖြင့်ဗိန္နောဆေးဆရာကြီး ဦးဖြူသီးရောက်လာပြီး တိုင်းရင်းဆေးများတိုက်ကြွေးသော်လည်း အအောင့်ကမပျောက်သဖြင့် မြို့ဆေးရုံသို့ပို့ရန်အကြံပေးကြလေသည်။

ထိုအချိန်မှာပင် ရွာဦးကျောင်းဆရာတော်ဦးသုတဆွမ်းခံကြွလာ၏ အိမ်ထဲသို့ဝင်လိုက်သည်နှင့် မောင်ကျော်မိုး မချိမဆန့်အော်လိုက်သော အသံများက ဆီးကြိုလျက်ရှိသည်။ ထို့ကြောင့် သပိတ်ချပြီး လူနာထံကြွသွား၏။ အသင့်ခင်းထားသောနေရာပေါ်ထိုင်ပြီးသည်နှင့်အကျိုးအကြောင်းမေးလေ၏

“မောင်ကျော်မိုးဘာရောဂါဖြစ်တာလည်း”ဟုမေးလေသည် မည်သူမှဦးဆောင်၍ဖြေသူမရှိ မောင်ကျော်မိုး၏ဖခင်မှ ဗိုက်အောင့်တာပါဘုရားဟုဖြေးဖြေးလေးပြန်လျှောက်၏ ဆရာတော်မှ“ရောဂါကြောင့်လား မတည့်စာ စားမိလို့လား” ထိုအမေးကို မည်သူမှဖြေသံမကြား သူတို့မျက်နှာများမှာ ကြောက်လန့်နေသည့်လဏ္ခာတွေ့ရသည်။

ထိုအချိန်မှာပင် မောင်ကျော်မိုး၏အကိုဖြစ်သူမှ ရဲဝံ့စွာ “ဝေဒနာကြောင့်ပါဘုရား ဝေဒနာမှရိုးရိုးဝေဒနာမဟုတ်ပါဘုရား” “ဒါဆိုရင်ဘယ်လိုဝေဒနာမျိုးလည်းကွဲ့” “အောက်လမ်းဆရာလုပ်ထားတာပါဘုရား” “ဒါကိုဘယ်လိုသိရတာလည်းကွဲ့” “တင်ပါ့ ခုမနက်ပိုင်း မောင်ကျော်မိုးဦးသာဒင်ရဲ့အိမ်ရှေ့ကအဖြတ် ဦးသာဒင်မွေးထားတဲ့ခွေးက မောင်ကျော်မိုးကိုလိုက်ပြီးဆွဲပါတယ်။ အဲ့ဒီမှာမောင်ကျော်မိုးက အုတ်ခဲပိုင်းနဲ့ပစ်လိုက်တာ ခွေးနှာနုရိုးကိုထိပြီးအော်ပြေးပါတယ်။

ဦးသာဒင်က သူ့ခွေးအော်သံကြားတော့ ခြံအပြင်ထွက်လာပြီးမောင်ကျော်မိုးနောက်ကျောကို လက်ညှိုးနဲ့ထိုးပြီးမြေကြီးကိုသူ့ဖနောင့်နဲ့ပေါက်လိုက်တာ တဖက်ကလာနေတဲ့ တပည့်တော်ကိုယ်တိုင်တွေ့လိုက်ရပါတယ်ဘုရား” “အဲ့ဒါနဲ့မောင်ကျော်မိုးအိမ်ရောက်ပြီး အခုလိုအောင့်ပြီ လူးလိမ့်နေတာပါပဲဘုရား”ဟုလျှောက်လေသည်။

“ဆရာတော်ကအနည်းငယ်စဉ်းစားပြီး” “ဒါဆိုဖြစ်နိုင်တယ် ဦးသာဒင်အရင်လူတွေကိုရောအခုလိုလုပ်ဖူးလား” “လုပ်ဖူးပါတယ်ဘုရား မောင်ကျော်မိုးနဲ့ဆို လူမနည်းတော့ပါဖူး အဲ့ဒီလိုဖြစ်ပြီဆို ဘယ်ဆေးဆရာနဲ့မှ ကုလို့မရပါဘူး ဦးသာဒင် ကုပေးမှပျောက်ပါတယ် ခုတပည့်တော်တို့သူ့ဆီ ဆေးမကုချင်လို့တခြားဆရာနဲ့ကုနေတာပါဘုရား”

“ဆရာတော်ဦးသုတရိပ်မိသွား၏ အောက်လမ်းဆရာဆိုတာ ရက်စက်သည့်နေရာမှာနှစ်ယောက်မရှိ သူတစ်ပါးကိုဒုက္ခများများပေးနိုင်လေ သူတို့ပညာတတ်လေဖြစ်၏” “ယ္ခုလက်တွေ့အသုံးချရတော့မည် ထို့ကြောင့်လည်းထယ်သွားတွင်ကပ်နေသောမြေကိုယူခိုင်းပြီးလျှင်” “အဋ္ဌာနမေတံပါဋိတော်ကို ငါးခေါက် ဘုရားဂုဏ်တော်ကိုးပါးကို ငါးခေါက်မန်းပြီး မောင်ကျော်မိုးအားတိုက်လိုက်လေသည်”

“ဘုရာဂုဏ်တော်အစွမ်း အံ့မခန်းပါတကား” မောင်ကျော်မိုးတစ်ယောက် ထည်သွားကပ် မြေကြီးရေစိမ်ကိုသောက်ပြီး ဗိုက်အောင့်ရောဂါချက်ခြင်းပျောက်သွား၏။ လူအများ ဘုရားရှင်၏ဂုဏ်တော်ကို ပိုမိုယုံကြည်လာကြသည်။ မောင်ကျော်မိုး၏ဖခင်မှ“အရှင်ဘုရားဒီလူရှိနေသရွေ့တပည့်တော်တို့စိတ်ဆင်းရဲနေရမှာပါပဲဘုရား” “အဲ့ဒါဆိုရွာထဲကနှင်ထုတ်ကြပါလား” “နှင်မရလို့ခက်နေတာပါဘုရား” “ဒါဆိုသူ့ဘာသာထွက်သွားအောင်လုပ်ရမယ်”ဟုဆရာတော်မှမိန့်ပြီးကျောင်းပြန်ကြွသည်။

နောက်တစ်နေ့ညနေခင်းတွင် ရွာကျောင်းဆရာတော်တစ်ပါးထဲ ဦးသာဒင်အိမ်သို့ မည်သူမှအသိမပေးပဲ ကြွသွားသည်။ အိမ်ပေါ်သို့အရောက်တွင် မျက်လုံးပြူးုပြူး အသားမည်းမည်း မုတ်ဆိတ်မွေးရှည်ရှည်နှင့်ဦးသာဒင်က ဖျာတချပ်ခင်းပေးသည်။ သို့သော် ဦးတော့မချ “အရှင်ဘုရားဘာကိစ္စရှိလို့ ကြွလာတာလည်း” “ဦးပဉ္ဇင်းကစကားကို သွယ်ဝိုက်မပြောတတ်ဖူး ဒကာကြီးက အောက်လမ်းပညာတတ်တယ်ဆိုတာဟုတ်လား?” ဦးသာဒင်ငြင်း၍မရမည့်အတူတူဝန်ခံလိုက်၏။

“ဒကာကြီး ပညာလက်တွေ့မြင်ဖူးချင်တယ် ပြလို့ရမလား” “အရှင်ဘုရားက ဘယ်လိုပြစေချင်တာလည်းဘုရား” “ဦးပဉ္ဇင်းလက်ညှိုးထိုးတဲ့အပင်ကို သေအောင်လုပ်ပေးနိုင်မလား” “ဒါလောက်ကမခက်ပါဖူး ရိုးရိုးသေအောင်ထက် အပင်ကိုမီးလောင်ပြီးသေအောင် လုပ်ပြနိုင်ပါတယ်ဘုရား’

“ကဲ့…ဒါဆိုအပြင်ထွက်ကြစို့ ဒကာကြီး အိမ်ရှေ့လမ်းမဘေးမှာ ဝါးရုံပင်တွေရှိနေတာပဲ” သူတို့နှစ်ယောက်အပြင်ထွက်ကြပြီး ဦးသာဒင်ကို လမ်းဘေမှာနေစေပြီး ဦးပဉ္ဇင်းက ဝါးရုံပင်နားရပ်နေလေသည်။ ဝါးရုံပင်နှင့် ဦးသာဒင် ပေငါးဆယ်ခန့်ကွာလေသည်။ ရွာမှလူအများရောက်လာပြီး မျက်တောင်မခတ်ပဲကြည့်နေကြလေသည်။

ထို့နောက် ဦးပဉ္ဇင်းမှ ဝါးရုံတစ်ရုံအား လက်ညှိုးထိုးပြပြီး… “ဒီအပင်ပဲဒကာကြီး”ဟုလှမ်းအော်ပြောလိုက်သည်နှင့် “ဦးသာဒင်သည် ဝါးပင်ကို စိုက်ကြည့်လျက် လက်ညှိုးထိုး၍ တစ်စုံတစ်ခုကိုရွတ်ဆိုနေ၏။ နှစ်မိနစ်ခန့်အကြာ ဝါးပင်မှာစိမ်းစိုနေရာမှတဖြည်းဖြည်းခြောက်သွေ့ပြီး မီးလောင်၍သွားလေသည်” ရွာသားများဦးသာဒင်ကိုပိုကြောက်လာကြသည်”

“ဦးပဉ္ဇင်းဒုတိယဝါးပင်ကိုညွှန်ပြရာ ပထမဝါးပင်ကဲ့သို့မီးလောင်သွားလေသည်” “ဤတွင်ဦးသာဒင်မှရင်ကော့၍ သာဒင်ကို ဘာထင်သလဲဟူသော မျက်လုံးဖြင့် မြှောက်ကြွကြွ ဖြစ်နေသည်” “အရှင်ဘုရား တပည့်တော်ဝါးတစ်ရုံလုံးမီးလောင်အောင်လုပ်နိုင်ပါတယ်” ရွာသားများရွာဦးကျောင်းဆရာတော်အား စိတ်ပူပင်နေကြသည်။

ထိုအခါရွာဦးကျောင်းဆရာတော်မှ“ဒကာကြီးပညာကို ဒကာကြီးက ယုံကြည်တယ်ဆိုရင်ပေါ့အလောင်းအစားတစ်ခုလုပ်ကြမယ်ဘယ်နှယ့်လဲ” “ဒီတတိယဝါးပင်ကို မီးလောင်အောင်လုပ်ပြနိုင်ခဲ့ရင်ဦးပဉ္ဇင်းဒီရွာကထွက်သွားမယ်၊ လုပ်မပြနိုင်လို့ရှိရင်တော့ဒကာကြီးဒီရွာကထွက်သွားပေးပါ” “စိမ်လိုက်လေသဘောတူပါတယ်ဘုရား” “ဦးပဉ္ဇင်းမှ ကဲ့ဒီစကားအားလုံးကြားတယ်နော် မှတ်ထားကြ ဒါဆို ဒီဝါးပင်ကို မီးလောင်အောင်လုပ်ပြပါဟု တတိယဝါးပင်ကိုလက်ညှိုးထိုးပြလေသည်”

“ဦးသာဒင်လည်းအရင်ပုံစံအတိုင်း လက်ညှိုးထိုးလျှက်ဝါးပင်းအား စိုက်ကြည့်ပြီး တစ်စုံတစ်ခုရွတ်နေ၏” “ဝါးပင်မှာဘာမှမဖြစ်သောအခါ သူချွေးပြန်လာ၏ ထို့အခါ နောက်ဆုံးပညာကုန်သုံးပြီး ဖနောင့်ပေါက်လိုက်သည် ဝါးပင်မှာဘာမှမဖြစ်” “ဦးသာဒင်သာနောက်သို့လေးပေခန့်လွင့်သွားပြီးမြေကြီးပေါ်လူးလိမ့်နေလေသည် အတော်ကြာမှ သူ့မယားနှင့် သူသားတွဲခေါ်သွားရလေသည်”

“ရွားသားများမှ ရွာကျောင်းဆရာတော်နိုင်ပြီ ဦးသာဒင်ကြီးရှုံးပြီဟု အားရဝမ်းသာအော်ကြလေသည်” “ဝမ်းသာအားရအော်ဟစ်ဆူညံနေသဖြင့် တတိယဝါးပင်ကိုဦးသာဒင်မီးလောင်အောင်မလုပ်နိုင်သည်ကို မည်သူမျှမစူးစမ်းမလေ့လာမိကြ”

“တတိယမြှောက်ဝါးပင်၏ နောက်ကျောဖက်ကို သေခြာကြည့်လျှင် စက္ကူဖြင့်ရေးကပ်ထားသော စာလုံးသုံးလုံးကို တွေ့ရမည်ဖြစ်သည်။ ထိုစာလုံးကား” အ ရ ဟံ မေတ္တာရှင်ရွှေပြည်သာ၏ဇာတ်လမ်းကိုအတိုချုံး၍ပြန်လည်မျှဝေပါသည်။

အားလုံးကို အထူးကျေးဇူးတင်လျှက်
စိုင်းမင်းသန့်

Be the first to comment

Leave a Reply

Your email address will not be published.


*