”ဆီးမ ထွက် တာတွေ ဓမ္မတာ လွန် တာတွေ အ တွက် ၁၅ မိနစ်လောက် အ တွင်း ကောင်းတဲ့ဆေးနည်း လာပါပြီ”

အာရောဂျံ ပရမံ လာဘံ ” ကျန်းမာခြင်း သည် လာဘ်ကြီး တစ်ပါး..တဲ့ အာရောဂျံ = ကျန်းမာခြင်းသည် ၊ ပရမံ = မြတ်သော ၊ လာဘံ = လာဘ် မည်၏ …လို့ မြန်မာ့ ဆိုရိုး စကား ရှိပါတယ်…ကျန်းမာရေး ကောင်းမွန်ခြင်း ဟာ ဘဝမှာ အကြီးမား ဆုံးသော ဆုလာဘ် တစ်ခုပါပဲ… ကျန်းမာ မှ စားချင်တာ စားနိုင် ၊ သွားချင်တာ သွားနိုင် ၊ လုပ်ချင်တာ လုပ်နိုင် မယ်လေ ….

အဲဒီ့ အတွက် “ ယောက်ကျားမှာ ဆီး-မိန်းမမှာမီး”လို့ ကျန်းမာရေး အတွက် ဆိုရိုး စကားလေးတစ်ခု ရှိလာ ပြန်ပါတယ်… ယောက်ကျားလေး တွေဟာ ဆီးကောင်း မယ်.. မိန်းကလေး တွေကတော့ သွေး ကောင်းမယ် ဆို ဘာ ရောဂါမှ အလွယ်တကူ မဖြစ်နိုင် တော့ပါဘူး…ဒါကြောင့် ဆီးနဲ့ မီးကောင်းဖို့ အတွက် အထူး ဂရုပြုဖို့ လိုအပ်ပါတယ်…

အောက် ဖော်ပြပါ အကြောင်းအရာ လေးကတော့ ဆီး မထွက်ခြင်း နဲ့ ဓမ္မတာ လွန်ခြင်း တို့ကို ၁၅ မိနစ်တည်းနဲ့ ပျောက်ကင်း သွားစေတဲ့ အဖိုးတန် ဆေးနည်းလေး ဖြစ်ပါတယ်… အင်္ဂလိပ် ဆေးတွေ သောက်ရမှာ ကြောက်သူတွေ အတွက် သောက်စရာ မလိုဘဲ အလွယ်တကူ သုံးနိုင်မယ့် မြန်မာဆေးနည်း လေးပါပဲ… လယ်ကန်စွန်း လို့ တစ်ချို့ က ခေါ်ဝေါ်ကြ တဲ့ ကန်စွန်းရိုးနီ ရဲ့ အစွမ်းနဲ့ ဆီးအိမ် မှ ဆီးမထွက်ခြင်း နဲ့ ဓမ္မတာ လွန်ခြင်း ရောဂါတွေကို ၁၅ မိနစ် အတွင်း ထိထိ ရောက်ရောက် ကုသ ပေးနိုင် ပါတယ် ။

ဆေးနည်း

★★★
★★★★★★★
★★★★★★★★★★

၁ ။ ကန်စွန်းရိုးနီ၏ အရွက် (လယ်ကန်စွန်း လို့လည်း ခေါ်ကြ ပါတယ် )

၂ ။ မန်ကျည်းရွက်

၃ ။ ဘူးရွက်

၄ ။ အားလုံးကို ဆတူရော ကြိတ်လိုက်ပါ ။

၅ ။ ကြိတ်ပြီးသည် များကို ဆန်မှုန့် ညက်ညက်နှင့် ဖျော်၍ ဆီးခုံ ပေါ်သို့ တင်လိုက် ပါ ။

၆ ။ ဆီးအိမ် တွင်းမှ ဆီး မထွက်သူများ ၁၅ မိနစ် အတွင်း ဆီး ကျဆင်း လာပါ လိမ့်မယ် ။ ဓမ္မတာလွန် နေသူ များလည်း ရပ်တန့်ကာ ရောဂါ သက်သာ ပျောက်ကင်း စေနိုင် ပါတယ် ။

အားလုံးပဲ ရောဂါဘယာ ကင်းဝေးပြီး သက်ရှည် အနာ မဲ့ ကြပါစေ …

Be the first to comment

Leave a Reply

Your email address will not be published.


*