ကုဋေကြွယ် သူဌေးတွေ ဆီ က နေရ တဲ့ သူဌေး ဖြစ်နည်း (၄) နည်း

Thomas C. Corley ကRich Habit Study ဆိုတဲ့ခေါင်းစဉ် အောက်မှာ ၅ နှစ်ကြာ အချိန်ပေးပြီး ဘီလျံနာပေါင်း ၂၃၃ ယောက်တွေ့ဆုံမေးမြန်းလေ့လာခဲ့ပါတယ်။

နောက်ဆုံးအနှစ်ချုပ် မှာတော့ သူတို့တွေပြောတဲ့ တူညီတဲ့အချက် ၄ ချက်ကို သိရှိခဲ့ရပါတယ် ဒီ ၄ ချက်ဟာ အောင်မြင်ခြင်းနဲ့ ချမ်းသာကြွယ်ဝခြင်းအတွက် ပဓာနကျတဲ့အရေးအကြီးဆုံး အချက်တွေပါပဲ။

ဒီတော့ အောင်မြင်ခြင်း အတွက်နည်းနာပေါင်းများစွာကို လိုက်မကျင့်ကြံချင် ရင်တောင် အခြေခံအကျဆုံးဖြစ်တဲ့ ဒီ ၄ ချက်ကိုတော့ မပစ်ပယ်သင့်တာမို့ မျှဝေပေးလိုက်ပါတယ်။

1 ကိုယ့်နယ်ပယ် မှာ ပြိုင်စံ ရှားဖြစ်ဖို့ကြိုးစားပါ

နယ်ပယ်တစ်ခုမှာ ကိုယ်က အရမ်းကျွမ်းကျင်သူဖြစ်လာတဲ့အခါ ထိပ်ဆုံးရောက်လာတဲ့အခါ သင့်ရဲ့ပညာနဲ့ကျွမ်းကျင်မှုအတွက် လူတွေကငွေကြေးအများကြီးပေးလာကြမှာပါ။

ဒီလိုနယ်ပယ် တစ်ခုမှာ ဆရာတစ်ဆူဖြစ်လာဖို့အတွက် နေ့စဉ်လုပ်ဆောင်သွားရမယ့်အချက်တွေနဲ့ စိုက်ထုတ်ရမယ့်ခွန်အားတွေ ရှိပါတယ် အဲဒါတွေထဲမှာ –

၁ စာဖတ်ခြင်း

ကိုယ်ကျင် လည်ရာနယ်ပယ် အလိုက် သက်ဆိုင်ရာ စာအုပ်တွေကို နေ့စဉ်ဖတ်ရပါမယ် ကိုယ်ကျင်လည်တဲ့ Field အတွက် ။

နေ့စဉ်ဗဟုသု တစုဆောင်းပါ ကိုယ့် အသက်မွေးနေတဲ့ပညာရပ်နဲ့ပတ်သက်တဲ့ ဆောင်းပါး၊ စာအုပ်တွေ နေ့စဉ်ဖတ်ပါ။

၂ လေ့ကျင့်ခြင်း

နည်းပညာတစ်ခုခုကို ကိုယ်ကအသုံးချနေတယ်ဆိုပါစို့ ဒီနည်းပညာရပ်မှာကဝေတစ်ပါး ဖြစ်အောင် ထုံးလိုမွှေရေလိုနှောက်ဖြစ်နေရပါမယ်။

လမ်းကြောင်းတစ်ခုတည်းအသုံးချတတ်တာမျိုးမဟုတ်ဘဲ လမ်းကြောင်းမျိုးစုံကနေ ကျွမ်းကျင်အောင်လေ့ကျင့်ထားရပါမယ်။

၃ Facts တွေကိုလေ့လာခြင်း

လေ့လာတယ်ဆိုတဲ့နေရာမှာ တစ်နေ့တစ်နေ့ရောက်လေရာရာ လျှောက်ဖတ်နေတာ ထက် ကိုယ်လေ့လာမယ့် Topic ကိုသေသေချာချာရွေးထားဖို့လိုပါတယ်။

ကိုယ်ရွေးချယ်လိုက်တဲ့ Topic ရဲ့ အချက်အလက်တွေ ကိုတကယ်နားလည်အောင် ကြိုးစားပါ ငါလေ့လာနေတာပဲလေဆိုပေမယ့် ခေါင်းထဲမှာဘာမှမကျန်ခဲ့တာမျိုး ခဏလေးနဲ့မေ့ပျောက်သွားတာမျိုး မဖြစ်စေရပါဘူး။

2 ငွေကိုတွက်ဆပြီးသုံးတတ်ပါစေ

ကိုယ့်ဝင်ငွေရဲ့ ၈၀% ဒါမှမဟုတ် အားလုံးကို သုံးလိုက်ရင်တော့ ချမ်းသာကြွယ်ဝမှုကို ဘယ်တော့မှတည်ဆောက်နိုင်မှာမဟုတ်ပါဘူး။ စုလည်းစု သုံးလည်းသုံးတတ်ရပါမယ်။

3 စုဆောင်းပါ၊ ရင်းနှီးပါ

ကိုယ့်ဝင်ငွေများရင်များလာသလို စုဆောင်းတဲ့ငွေ အချိုးကလည်း တိုးလာ ရပါမယ် ငွေကြေးကို အရင်စုဆောင်းပါ။

ပြီးရင်တော့ သေချာတဲ့အလုပ် ကိုယ်လည်းနားလည် နေတဲ့ အလုပ်တစ်ခုမှာ ရင်းနှီးမြှုပ်နှံပါ ငွေကိုတိုးပွားအောင် အသုံးမချတတ်ရင်တော့ သူဌေးဖြစ်ဖို့နှေးနေနိုင်ပါတယ်။

4 ငွေရပေါက်ရလမ်းများစွာ ဖန်တီးထားပါ

ငွေစီးဆင်းလာရာ လမ်းကြောင်းကိုဘယ်တော့မှ တစ်ခုတည်း မထားရပါဘူး ကိုယ်ကျွမ်းကျင်ရာ နယ်ပယ်ကိုအသုံးချ အခြားနယ်ပယ်နဲ့ Link ချိတ်ပြီး ငွေရှာ တတ်ရပါမယ်။

ငွေရပေါက်ရလမ်းတွေများများ တည်ဆောက်ထားနိုင်ပြီး လက်တံ များများဖြန့်ထားနိုင်ပါမှ ငွေကြေး အလုပ်နဲ့ပတ်သက်ရင် မယိုင်မလဲ ရှိနေမှာဖြစ်ပါတယ်။

အောင်မြင်နေတဲ့မီလျံနာတွေတိုင်းဟာ လုပ်ငန်း တစ်ခုတည်းမှာသာ ရင်းနှီးမြှုပ်နှံထားတာမျိုးမရှိဘဲ ငွေကြေးစီးဆင်းမှု လမ်းကြောင်းများစွာကိုဖန်တီးထားတတ်ကြတာတွေ့ရမှာပါ။

မီလျံနာမဖြစ်ရင်တောင် ဘဝမှာ နေနိုင်စားနိုင်ပျော်ရွှင်နိုင်တဲ့ အနေအထားတစ်ခုကို လိုချင်တယ်ဆိုရင်တော့ ဒီလေးချက်ဟာအရေးအပါဆုံးဖြစ်တာမို့ အခုက နေစပြီး အားလုံးအတူတူကြိုးစားကြပါစို့။

Be the first to comment

Leave a Reply

Your email address will not be published.


*