
ကျောင်းဆရာ(မ)နဲ့သင်ချစ်သူဖြစ်ရလို့ သင်ခံစားနိုင်မယ့်အကျိုးကျေးဇူးတွေကတော့
၁။ သူတို့တွေက အပြန်အလှန်စကားပြောတဲ့နေရာမှာ အနှိုင်းမဲ့ပါပဲ။ ကွဲပြားတဲ့မိသားစုကလာတဲ့ ကျောင်း သားတွေကို ဆက်ဆံရတာမို့လို့ အပြောအဆိုကတော့ သူတို့ပိုင်ပြီးသားပဲ။
၂။ မိဘတွေကို ဆွဲဆောင်နိုင်စွမ်းသူတို့မှာ ရှိပါတယ်။ မိဘတွေနဲ့ညနေစာအတူစားဖို့ သူတို့အတွက် အခက် အခဲမရှိနိုင်ပါဘူး။
၃။ ကျောင်းဆရာ(မ)တွေဟာ နားလည်လက်ခံနိုင်စွမ်းရည် အပြည့်ရှိကြပါတယ်။ ပြောင်းလဲမှုတစ်ခုခုကြောင့် သူတို့ကြောင်သွားတယ်ဆိုတာ မရှိဘူး။
၄။ ကိစ္စတစ်ခုကို နားလည်နိုင်တဲ့အထိ နည်းလမ်းမျိုးစုံနဲ့ ရှင်းပြနိုင်တဲ့ စွမ်းရည်ရှိကြပါတယ်။
၅။ သူတို့ရဲ့အားသာချက်ကတော့ သည်းခံတတ်တဲ့စိတ်ထားရှိကြပါတယ်။
၆။ ကလေးတွေနဲ့အဆင်ပြေတဲ့အတွက် အိမ်ထောင်ပြုုပြီးကလေးစောင့်ရှောက်မယ့်ကိစ္စမှာ စိတ်ပူစရာမ လိုတော့ဘူးပေါ့။
၇။ သူတို့မှာ အားလပ်ရက်ရှည် ရှိတယ်။ သင့်ကိုအချိန်ပေးနိုင်မှာ သေချာသလောက်ပါပဲ။
၈။ လူတစ်ယောက်ရဲ့ အကျင့်ဆိုးတွေပြုပြင်ပေးတဲ့နေရာမှာလည်း အားကိုးထိုက်တဲ့သူတွေပဲ ဖြစ်ပါတယ်။
၉။ ကျောင်းသားတွေအတွက် အားကိုးအားထားရတဲ့ ဟီးရိုးတစ်ယောက်ဖြစ်တဲ့အတွက် သင်ဟာ အလို လိုနေရင်း ဟီးရိုးတစ်ဦးရဲ့ချစ်သူဖြစ်သွားတာပဲလေ။
ဘာများစဉ်းစားစရာလိုသေးလဲ။ ကျောင်းဆရာ(မ)မဟုတ်တဲ့ ဘယ်သူ့ကိုများသင် လိုချင်နေသေးလဲ။
Leave a Reply