ဘောလိဝုဒ်မင်းသမီးချော Alia Bhatt ရဲ့အသားအရည်လှပခြင်းလျှို့ဝှက်ချက်

နာမည်ကျော်အိန္ဒိယမင်းသမီးချော Alia Bhatt လို့ဆိုလိုက်ရင်ကမ္ဘာတစ်ဝန်းလုံးက အိန္ဒိယဇာတ်ကားကြိုက်ပရိသတ်တွေမသိတဲ့သူမရှိပါဘူး။


သရုပ်ဆောင်လည်းကောင်းသလို ရုပ်ရည်လှပမှုကလည်းပြောစရာမလိုလောက်အောင်ဆွဲဆောင်မှုရှိသူတစ်ယောက်ပါ။သူမရဲ့အသားအရည်ဘာလို့အမြဲလှနေရလဲဆိုတာ သိကြလား?


တကယ်တော့လျှို့ဝှက်ချက်လို့တောင်ဆိုလို့မရပါဘူး။အားလုံးလည်းသိပြီးသားဖြစ်ကြတဲ့ အလှအပနဲ့ပတ်သက်လာရင်အမြဲတမ်းအကြံပေးကြတဲ့ နည်းလမ်းလေးပါ။ဘာလဲဆိုရင် ရေများများသောက်ဖို့ပါပဲ။အသားအရည်အတွက် ရေကအရမ်းလိုအပ်ပါတယ်။ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်ဆုံးက ရေသောက်တာပါပဲ။


ရေများများသောက်လေ ခန္ဓာကိုယ်တွင်းအဆိပ်တွေကင်းဝေးသွားပြီး အသားအရည်လည်းပိုလှလာလေပါပဲလို့ Alia ကပြောခဲ့ပါတယ်။ရေသောက်တာနည်းရင် အသားအရည်ကခြောက်သွေ့လာမယ်။အရေးအကြောင်းတွေပိုဖြစ်လာမယ်။ချွေးပေါက်တွေပိုများလာပြီးအသားအရည်မညီမျှတာတွေဖြစ်လာပါလိမ့်မယ်။ရေက အသားအရည်အတွက်အဲ့ဒီလောက်ထိကိုအရေးကြီးပါတယ်။

Alia Bhatt လိုအမြဲလှပစိုပြည်တဲ့အသားအရည်လေးပိုင်ဆိုင်ချင်တယ်ဆိုရင် ရေများများသောက်ပေးဖို့မမေ့နဲ့နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*