ရည်းစားကပစ်သွားလို့ အဆိပ်သောက်သတ်သေသွားတဲ့ ဆရာဝန်မလေး

ရည်းစားကပစ်သွားလို့ အဆိပ်သောက်သတ်သေသွားတဲ့ ဆရာဝန်မလေး

စာဖတ်မပျင်းပါနဲ့ ….ဖတ်ကြည့်စေချင်ပါတယ်ညီမလေး တို့ရေ

ဆင်းရဲတဲ့ လင်မယား ၂ ယောက်မှာ စာတော်တဲ့ သမီးလေး ရှိတယ် ၊ တစ်နေ့ သမီးလေးဟာ အတန်းတင်စာမေးပွဲမှာ ပထမ ရတယ် ။ အဖေဟာ ဝမ်းသာလွန်းလို့ လိုချင်တာ ဝယ်ပေးမယ် ပြောတယ် ။

သမီးလေးဟာ သိပ်လိုချင်ခဲ့ပေမဲ့ အဖေမှာ ပိုက်ဆံ မရှိမှန်းသိလို့ မပူဆာခဲ့တဲ့ အဝတ်အစားတစ်စုံကို လိုချင်တယ်လို့ ပြောလိုက်တယ် ။

နောက်တစ်နေ့မှာ အဖေဟာ သမီးလေး လိုချင်တဲ့

အဝတ်တစ်စုံကို ဝယ်ပေးလိုက်တယ် ၊ သမီးလေးဟာ ဝတ်ကြည့်ပြီး မှန်ရှေ့မှာ ပျော်လို့ ၊ အဖေကလည်း သမီးလေးကို ကြည့်ပြီး ပျော်လွန်းလို့ မျက်ရည်စို့နေရှာတယ် ၊ မပျော်နိုင်သူက အမေပါ ။

ညရောက်တော့ အမေက သူ့ယောက်ျားကို မေးတယ် ၊ပိုက်ဆံ ဘယ်ကရသလဲပေါ့ ? ” ဆေးရုံတစ်ခုမှာ ငါ့သွေး ဖောက်ရောင်းလိုက်တာတဲ့ ”

ဒီလိုနဲ့ သမီး ၁၀ တန်းကို ဂုဏ်ထူး အများကြီး ရပြီးအောင် သွားတယ် ၊ ဆေးတက္ကသိုလ်တက်ဖို့ အဖေ့မှာ ပိုက်ဆံ မရှိမှန်း သိလို့ မပူဆာပါဘူး ၊ တစ်ပတ်လောက်ကြာတော့ အဖေက ပိုက်ဆံတွေ ထည့်ထားတဲ့ လွယ်အိတ်ကြီးကို ပြပြီး သမီး မပူနဲ့ ၊ အဖေ့မှပိုက်ဆံတွေ အများကြီး ရှိတယ် ၊ သမီး ဆရာဝန် ဖြစ်တဲ့ထိ လုံလောက်ပါတယ်တဲ့ ။

သမီးလည်း ဝမ်းသာလွန်းလို့ ထ ကနေတယ် ၊ အဖေခမျာလည်း သမီးကို ကြည့်ပြီး ပျော်လွန်းလို့ ပါးပြင်ပေါ်မှာ မျက်ရည်တွေနဲ့ ၊ မပျော်နိုင်သူက အမေပါ ။

ညကျတော့ အမေက သူ့ယောက်ျားကို မေးတယ် ၊ ဒီလောက်များတဲ့ ပိုက်ဆံ ဘယ်လိုရလာသလဲပေါ့ ?” တစ်လောက ငါ့ကျောက်ကပ် ၂ ခုထဲက တစ်ခု ကိုရောင်းလိုက်တယ်တဲ့ ”

၆ နှစ်ကြာသွားပြီး ၊ အပျော်ဆုံး နဲ့ ဂုဏ်အယူရဆုံးနေ့ ၊သမီးလေး ဆေးကျောင်းအောင်သွားပြီး ၊ အိမ်ပြန်လာတော့မယ် ၊ တဲအိမ်လေးကို အကောင်းဆုံးပြင်ထားတယ် ။

အိမ်ရှေ့မှာ မြင်းလှည်းတွေ ရပ်သံ ကြားရတယ် ၊ လင်မယား နှစ်ယောက်စလုံး ဝမ်းသာအားရ ပြေးထွက်လာတယ် ၊ ဟုတ်ပါတယ် ၊ သမီးလေး ပြန်လာတာပါ ၊ဒါပေမဲ့ အသက်ရှင်လျှက် မဟုတ်ပါ ၊ ပိတ်ဖြူအုပ်ထားတဲ့ သမီးလေးရဲ့ ရုပ်အလောင်း ။

လာပို့တဲ့ သူတွေထဲက လူကြီးတစ်ယောက်က ပြောတယ် ၊ သူတို့ သမီးလေးဟာ သူ့ရည်းစား ပစ်သွားလို့မနေ့ညက အဆိပ်သောက် သတ်သေသွားတယ်တဲ့ ။

စဉ်းစားစရာ အတွေးလေး ပေးလိုက်ပါတယ်ဗျာ ။

” မိမိကို မနှစ်သက်လို့ စွန့်ခွာသွားသူ အတွက် အသက်ပေးသင့်သလား ? မိမိအတွက် အနစ်နာခံခဲ့သူတွေအတွက် အသက်ပေးဖို့ မသင့်ဘူးလား ? ”

#Credit

Be the first to comment

Leave a Reply

Your email address will not be published.


*